Beauty

ခႏၶာကိုယ္ေပၚက အမည္းစက္ေတြေပ်ာက္ခ်င္တယ္ ဆိုရင္ …

ခႏၶာကိုယ္ေပၚက အမည္းစက္ေတြေပ်ာက္ခ်င္တယ္ ဆိုရင္ …

မ်က္ႏွာ၊ လက္၊ လက္ေမာင္း၊ ပခုံးေတြမွာ ေနေရာင္နဲ႔ ထိေတြ႕မႈမ်ားၿပီး ျဖစ္လာတဲ့

အညိဳစက္၊ အမည္းစက္ ေပ်ာက္ခ်င္သူေတြ အိမ္ မွာ ကိုယ္တိုင္လုပ္လို႔ရတဲ့

နည္းလမ္းတခ်ိဳ႕ကို မၽွေဝလိုက္ပါတယ္။

ပန္းသီးဗီနီဂါ

ပန္းသီးဗီနီဂါနဲ႔ ေရကို ဆတူေရာစပ္ၿပီး

အမည္း စက္ျဖစ္ေနတဲ့ ေနရာကို သုတ္ လိမ္းၿပီး မိနစ္ ၂၀ ေလာက္ထား ကာ ေဆးေၾကာတာမ်ိဳး

တစ္ေန႔ တစ္ႀကိမ္ လုပ္နိုင္သလိ၊ ပန္းသီး ဗီနီဂါ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း ကို

ေရ တစ္ဖန္ခြက္နဲ႔ေရာၿပီး တစ္ေန႔ တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ ေသာက္ ေပးနိုင္ပါတယ္။

သံပရာသီး

လတ္လတ္ဆတ္ ဆတ္ သံပရာသီးကို စိတ္လိုက္ၿပီး

အမည္းစက္ျဖစ္ေနတဲ့ ေနရာေတြ ကို လိုက္ပြတ္ေပးကာ ၁၀ မိနစ္ ေလာက္ေနရင္

ေရခပ္ေႏြးေႏြးနဲ႔ ေဆးေၾကာေပးတာမ်ိဳးလည္း လုပ္ နိုင္ပါတယ္။

ရွားေစာင္းလက္ပပ္

ရွားေစာင္း လက္ပပ္ပင္ကို အနည္းငယ္လွီး ျဖတ္ၿပီး

ရွားေစာင္းလက္ပပ္ဂ်ယ္ နဲ႔ သုတ္လိမ္းၿပီး တစ္နာရီေက်ာ္ ေက်ာ္ေလာက္ထားၿပီး

ေဆးေၾကာေပးတာမ်ိဳးလည္း တစ္ေန႔ႏွစ္ႀကိမ္ ေလာက္ လုပ္နိုင္ပါတယ္။

ၾကက္ဆူဆီ- ၾကက္ဆူဆီအနည္း ငယ္ကို အမည္းစက္ရွိတဲ့ေနရာမွာ

အသားထဲ စိမ့္ဝင္ေအာင္ ႏွိပ္နယ္ လိမ္းက်ံၿပီးနာရီအနည္းငယ္ၾကာ တဲ့အခါ

ေဆးေၾကာေပးတာမ်ိဳး လည္း မနက္တစ္ႀကိမ္၊ ညတစ္ ႀကိမ္လုပ္ေဆာင္နိုင္ပါတယ္။

ဒိန္ခ်ဥ္

သဘာဝဒိန္ခ်ဥ္ကို အ မည္းစက္ေနရာေတြ သုတ္လိမ္း ၿပီး

မိနစ္ ၂၀ ေလာက္ေနရင္ ေရ ေအးေအးနဲ႔ ေဆးေၾကာတာမ်ိဳး

တစ္ေန႔ ႏွစ္ႀကိမ္ (သို႔) သုံးႀကိမ္ လုပ္နိုင္ပါတယ္။

ဗီတာမင္အီး

ဗီတာမင္အီးအဆီ ကို အေရျပားမွာ သုတ္လိမ္းေပး တာမ်ိဳး

တစ္ေန႔ႏွစ္ႀကိမ္ေလာက္ လုပ္ေပးရင္ အမည္းစက္လည္း သက္သာသလို

အသားအေရ လည္း ေကာင္းေစပါတယ္။

နႏြင္း

နႏြင္းမႈန႔္လက္ဖက္ရည္ ဇြန္းႏွစ္ဇြန္းကို ႏြားနို႔အနည္းငယ္၊

သံပရာရည္အနည္းငယ္နဲ႔ေရာစပ္ ၿပီး

အမည္းစက္ေနရာေတြကို လိမ္းၿပီး မိနစ္ ၂၀ ေလာက္ၾကာရင္

ေရ ခပ္ေႏြးေႏြးနဲ႔ ေဆးေၾကာတာမ်ိဳး တစ္ပတ္သုံးႀကိမ္ေလာက္ လုပ္ေပးနိုင္ပါတယ္။

ခရမ္းခ်ဥ္သီး

လတ္လတ္ဆတ္ ဆတ္ ခရမ္းခ်ဥ္သီးကို အကြင္း ေလးလွီးၿပီး

အမည္းစက္ေတြကို ပြတ္ေပးကာ မိနစ္ ၂၀ ေလာက္ေနရင္

ေရေအးေအးနဲ႔ေဆးေၾကာတာ မ်ိဳး လုပ္နိုင္သလို

ခရမ္းခ်ဥ္သီးကို အရည္ညႇစ္၊ ပ်ားရည္နဲ႔ေရာ ၿပီး ေတာ့လည္း ပြတ္ေပးနိုင္ပါတယ္။

Credit

=============

UNICODE VERSION

ခန္ဓာကိုယ်ပေါ်က အမည်းစက်တွေပျောက်ချင်တယ် ဆိုရင် …

မျက်နှာ၊ လက်၊ လက်မောင်း၊ ပခုံးတွေမှာ နေရောင်နဲ့ ထိတွေ့မှုများပြီး ဖြစ်လာတဲ့

အညိုစက်၊ အမည်းစက် ပျောက်ချင်သူတွေ အိမ် မှာ ကိုယ်တိုင်လုပ်လို့ရတဲ့

နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။

ပန်းသီးဗီနီဂါ

ပန်းသီးဗီနီဂါနဲ့ ရေကို ဆတူရောစပ်ပြီး

အမည်း စက်ဖြစ်နေတဲ့ နေရာကို သုတ် လိမ်းပြီး မိနစ် ၂၀ လောက်ထား ကာ ဆေးကြောတာမျိုး

တစ်နေ့ တစ်ကြိမ် လုပ်နိုင်သလိ၊ ပန်းသီး ဗီနီဂါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ကို

ရေ တစ်ဖန်ခွက်နဲ့ရောပြီး တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ် သောက် ပေးနိုင်ပါတယ်။

သံပရာသီး

လတ်လတ်ဆတ် ဆတ် သံပရာသီးကို စိတ်လိုက်ပြီး

အမည်းစက်ဖြစ်နေတဲ့ နေရာတွေ ကို လိုက်ပွတ်ပေးကာ ၁၀ မိနစ် လောက်နေရင်

ရေခပ်နွေးနွေးနဲ့ ဆေးကြောပေးတာမျိုးလည်း လုပ် နိုင်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်း လက်ပပ်ပင်ကို အနည်းငယ်လှီး ဖြတ်ပြီး

ရှားစောင်းလက်ပပ်ဂျယ် နဲ့ သုတ်လိမ်းပြီး တစ်နာရီကျော် ကျော်လောက်ထားပြီး

ဆေးကြောပေးတာမျိုးလည်း တစ်နေ့နှစ်ကြိမ် လောက် လုပ်နိုင်ပါတယ်။

ကြက်ဆူဆီ- ကြက်ဆူဆီအနည်း ငယ်ကို အမည်းစက်ရှိတဲ့နေရာမှာ

အသားထဲ စိမ့်ဝင်အောင် နှိပ်နယ် လိမ်းကျံပြီးနာရီအနည်းငယ်ကြာ တဲ့အခါ

ဆေးကြောပေးတာမျိုး လည်း မနက်တစ်ကြိမ်၊ ညတစ် ကြိမ်လုပ်ဆောင်နိုင်ပါတယ်။

ဒိန်ချဉ်

သဘာဝဒိန်ချဉ်ကို အ မည်းစက်နေရာတွေ သုတ်လိမ်း ပြီး

မိနစ် ၂၀ လောက်နေရင် ရေ အေးအေးနဲ့ ဆေးကြောတာမျိုး

တစ်နေ့ နှစ်ကြိမ် (သို့) သုံးကြိမ် လုပ်နိုင်ပါတယ်။

ဗီတာမင်အီး

ဗီတာမင်အီးအဆီ ကို အရေပြားမှာ သုတ်လိမ်းပေး တာမျိုး

တစ်နေ့နှစ်ကြိမ်လောက် လုပ်ပေးရင် အမည်းစက်လည်း သက်သာသလို

အသားအရေ လည်း ကောင်းစေပါတယ်။

နနွင်း

နနွင်းမှုန့်လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို နွားနို့အနည်းငယ်၊

သံပရာရည်အနည်းငယ်နဲ့ရောစပ် ပြီး

အမည်းစက်နေရာတွေကို လိမ်းပြီး မိနစ် ၂၀ လောက်ကြာရင်

ရေ ခပ်နွေးနွေးနဲ့ ဆေးကြောတာမျိုး တစ်ပတ်သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး

လတ်လတ်ဆတ် ဆတ် ခရမ်းချဉ်သီးကို အကွင်း လေးလှီးပြီး

အမည်းစက်တွေကို ပွတ်ပေးကာ မိနစ် ၂၀ လောက်နေရင်

ရေအေးအေးနဲ့ဆေးကြောတာ မျိုး လုပ်နိုင်သလို

ခရမ်းချဉ်သီးကို အရည်ညှစ်၊ ပျားရည်နဲ့ရော ပြီး တော့လည်း ပွတ်ပေးနိုင်ပါတယ်။

Credit

=============