News

ေနအိမ္ေခါင္မိုးနားအထိ နစ္ျမဳပ္ေအာင္ ေရႀကီးေရလွ်ံမႈေတြကို ခံစားေနရတဲ့ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေက်း႐ြာတစ္ခ်ိဳ႕…

ေနအိမ္ေခါင္မိုးနားအထိ နစ္ျမဳပ္ေအာင္ ေရႀကီးေရလွ်ံမႈေတြကို ခံစားေနရတဲ့ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေက်း႐ြာတစ္ခ်ိဳ႕…

လတ္တေလာ ကိုဗစ္ေရာဂါ ကူးစက္မႈေတြနဲ႔ ေသဆုံးသူေတြ ျမင့္တက္ေနတဲ့အခ်ိန္ ႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း ၊

မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ေတြထဲမွာ အဆက္မျပတ္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈေတြအျပင္

ေျမၿပိဳက်မႈေတြပါ ဆိုးဆိုး႐ြား႐ြား ျဖစ္ေပၚေနတာကို ၾကားသိေနရပါတယ္။ ႐ွမ္းျပည္နယ္အတြင္းမွာေတာ့ လူေပ်ာက္ဆုံးေနတဲ့အထိ

ဆိုးဆိုး႐ြား႐ြား ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနတာေၾကာင့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြလည္း လုပ္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။

မြန္ျပည္နယ္အတြင္းမွာေတာ့ ျမစ္ေရတက္မႈေၾကာင့္ လမ္းမေပၚေတြမွာ ေရလွ်ံမႈေတြျဖစ္ေပၚေနေပမယ့္ ကရင္ျပည္နယ္အတြင္းက ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာေတာ့

ေရႀကီးေရလွ်ံမႈေတြကို ဆိုးဆိုး႐ြား႐ြား ခံစားေန႐ွာပါတယ္။ ၿပီးခဲ့တဲ့ရက္က အဆက္မျပတ္ မိုး႐ြာသြန္းခဲ့တာေၾကာင့္ ဇမိျမစ္ေရ ျမင့္တက္လာခဲ့ၿပီး

ေျမနိမ့္ပိုင္းေနရာေတြမွာ ေရႀကီးနစ္ျမဳပ္မႈေတြ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ယခုမွာလည္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ

ကယ္ဆယ္ေရးလုပ္ငန္းမ်ား ကူညီလုပ္ေဆာင္ေပးေနတဲ့ ျပည္သူတစ္ဦးက ေရႀကီးမႈအေျခအေနေတြကို ျပသလာခဲ့ပါတယ္။

လက္႐ွိအေျခအေနမွာေတာ့ ေရက်သြားျခင္းမ႐ွိေသးဘဲ တခ်ိဳ႕အနိမ့္ပိုင္းက ေနအိမ္ေတြရဲ႕ အိမ္ေခါင္းမိုးအထိ နစ္ျမဳပ္ေနေသးတာ ေတြ႕ရပါတယ္။

ၾကားသိရတဲ့ သတင္းမ်ားအရ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္က ဇမိျမစ္ေရဟာ စိုးရိမ္ေရမွတ္ျဖစ္တဲ့ (၃၅) ေပ အနီးအထိကိုေရာက္႐ွိေနၿပီး

ျပန္က်သြားျခင္းမ႐ွိဘဲ ဆက္လက္တည္႐ွိေနတယ္လို႔ ၾကားသိရပါတယ္။ လက္႐ွိမွာ ေရနစ္ျမဳပ္ေနတဲ့ ေက်း႐ြာတခ်ိဳ႕ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းထားၿပီး

ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ကိုင္ေပးေနၾကတာ ျဖစ္ပါတယ္။

ပရိသတ္ေတြလည္း ေရႀကီးေရလွ်ံမႈေတြကို ၾကဳံေတြ႕ေနရတဲ့ ျပည္သူေတြအတြက္လည္း ေဘးအႏၲရယ္ကင္း႐ွင္းေအာင္ ဆုေတာင္းေမတၱာေတြ ပို႔သေပးလိုက္ပါဦးေနာ္….။

သတင္းအရင္းျမစ္: Source – Naing Linn Aung

Unicode Version

နေအိမ်ခေါင်မိုးနားအထိ နစ်မြုပ်အောင် ရေကြီးရေလျှံမှုတွေကို ခံစားနေရတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာတစ်ချို့…

လတ်တလော ကိုဗစ်ရောဂါ ကူးစက်မှုတွေနဲ့ သေဆုံးသူတွေ မြင့်တက်နေတဲ့အချိန် ရှမ်းပြည်နယ်အရှေ့ပိုင်း ၊

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေအပြင်

မြေပြိုကျမှုတွေပါ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာကို ကြားသိနေရပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာတော့ လူပျောက်ဆုံးနေတဲ့အထိ

ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မြစ်ရေတက်မှုကြောင့် လမ်းမပေါ်တွေမှာ ရေလျှံမှုတွေဖြစ်ပေါ်နေပေမယ့် ကရင်ပြည်နယ်အတွင်းက ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့

ရေကြီးရေလျှံမှုတွေကို ဆိုးဆိုးရွားရွား ခံစားနေရှာပါတယ်။ ပြီးခဲ့တဲ့ရက်က အဆက်မပြတ် မိုးရွာသွန်းခဲ့တာကြောင့် ဇမိမြစ်ရေ မြင့်တက်လာခဲ့ပြီး

မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယခုမှာလည်း ကြာအင်းဆိပ်ကြီးမြို့နယ်မှာ

ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနေတဲ့ ပြည်သူတစ်ဦးက ရေကြီးမှုအခြေအနေတွေကို ပြသလာခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ ရေကျသွားခြင်းမရှိသေးဘဲ တချို့အနိမ့်ပိုင်းက နေအိမ်တွေရဲ့ အိမ်ခေါင်းမိုးအထိ နစ်မြုပ်နေသေးတာ တွေ့ရပါတယ်။

ကြားသိရတဲ့ သတင်းများအရ ကြာအင်းဆိပ်ကြီးမြို့နယ်က ဇမိမြစ်ရေဟာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ (၃၅) ပေ အနီးအထိကိုရောက်ရှိနေပြီး

ပြန်ကျသွားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေတယ်လို့ ကြားသိရပါတယ်။ လက်ရှိမှာ ရေနစ်မြုပ်နေတဲ့ ကျေးရွာတချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး

ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေလည်း ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်လည်း ဘေးအန္တရယ်ကင်းရှင်းအောင် ဆုတောင်းမေတ္တာတွေ ပို့သပေးလိုက်ပါဦးနော်….။

သတင်းအရင်းမြစ်: Source – Naing Linn Aung