ကြားသိရသမျှ

မီးမဖြားႏိုင္လို႔ ေဆး႐ုံကို အားကိုးတႀကီးသြားခဲ့ေပမယ့္ လက္မခံခဲ့တာေၾကာင့္ ေနအိမ္မွာပဲျပန္ေမြးဖြားရင္း မိခင္ေရာကေလးပါ….

မီးမဖြားႏိုင္လို႔ ေဆး႐ုံကို အားကိုးတႀကီးသြားခဲ့ေပမယ့္ လက္မခံခဲ့တာေၾကာင့္ ေနအိမ္မွာပဲျပန္ေမြးဖြားရင္း မိခင္ေရာကေလးပါ….

မီးမဖြားႏိုင္လို႔ ေဆး႐ုံကို အားကိုးတႀကီးသြားခဲ့ေပမယ့္ လက္မခံခဲ့တာေၾကာင့္

ေနအိမ္မွာပဲျပန္ေမြးဖြားရင္း မိခင္ေရာကေလးပါ ေသဆုံးသြားခဲ့ရတဲ့ ရင္နာစရာျဖစ္ရပ္ တစ္ခု ျဖစ္ပြားခဲ႔ပါတယ္ …။

ျမန္မာႏိုင္ငံမွာ ဗီဇေျပာင္း ကိုဗစ္ေရာဂါ ျပန္လည္ကူးစက္မႈေတြေၾကာင့္ စံခ်ိန္တင္ေလာက္ေအာင္

ေသဆုံးသူႏႈန္း ဆိုးဆိုး႐ြား႐ြား မ်ားလာခဲ့ပါတယ္။ လက္႐ွိ ေနရာတိုင္းမွာ ျပည္သူေတြၾကဳံေတြေနရတာကေတာ့

ေဆး႐ုံႀကီးေတြမွာ က်န္းမာေရး ေစာင့္ေ႐ွာက္ေပးမႈေတြ လုံလုံေလာက္ေလာက္ မေပးႏိုင္တဲ့အျပင္

အရင္လို ကိုဗစ္စင္တာေတြမ႐ွိတာေၾကာင့္ ေနအိမ္ေတြမွာပဲ အတတ္ႏိုင္ဆုံး ကုသေနၾကရပါတယ္။

ဒီလိုကုသေနရင္းပဲ ေနအိမ္ေတြမွာ ခ်စ္ရတဲ့သူေတြ စြန္႔လႊတ္ခဲ့ရတာ အမ်ားအျပား႐ွိလာခဲ့ပါတယ္။

ေန႔စဥ္ဆိုသလို ေနရာတိုင္းမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးေနရတဲ့ ျပည္သူေတြရဲ႕ ႐ုပ္အေလာင္းေတြအျပင္

မၾကားခ်င္ေလာက္တဲ့ နာေရးသတင္းေတြကို လူမႈကြန္ယက္ေတြမွာ စိတ္မေကာင္းစြာ ၾကားသိေနရပါတယ္။

ယေန႔ ဇူလိုင္လ (၂၅)ရက္ေန႔မွာလည္း ျပည္သူေတြကို အၿမဲကူညီေပးတဲ့ ရန္ကုန္ၿမိဳ႕ ပုလဲအရန္မီးသတ္တပ္ဖြဲ႕က

လူမႈကြန္ယက္မွာ တကယ့္ကို ေၾကကြဲရင္နင့္စရာေကာင္းတဲ့ ျဖစ္ရပ္ေလးတစ္ခုကို ေဖာ္ျပလာခဲ့တာ ေတြ႕ရပါတယ္။

ဒီျဖစ္ရပ္ေလးကေတာ့ ေ႐ႊေပါကၠံ (၁၁)၇ပ္ကြက္ ထြန္းသစၥာလမ္းမွာ ေနထိုင္တဲ့ အသက္(၄၀)ႏွစ္ဝန္းက်င္႐ွိ ကိုယ္၀န္ေဆာင္မိခင္တစ္ေယာက္ဟာ

မီးဖြားရန္နီးကပ္လာလို႔ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေပမယ့္ လူနာမ်ားျပည့္ေန႔လို႔ လက္မခံသျဖင့္ ေနအိမ္ကိုပဲ ျပန္လာရခဲ့ပါတယ္။

စိတ္မေကာင္းစရာကေတာ့ အိမ္ျပန္ေရာက္ၿပီး မီးဖြားေနစဥ္အတြင္းမွာပဲ ညစ္အားမ႐ွိတာေၾကာင့္ မိခင္ေရာ ကေလးပါေသဆုံးသြားတယ္လို႔ ၾကားသိခဲ့ရပါတယ္။

ေသဆုံးသြားတဲ့ အဆိုပါ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ ႐ုပ္အေလာင္းကိုေတာ့ ပုလဲအရန္မီးသတ္တပ္ဖြဲ႕ကပဲ ကူညီလုပ္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေလးကိုေတာ့ ၾကားရတဲ့ ျပည္သူေတြက မ်ားစြာစိတ္မေကာင္းျဖစ္ၿပီး ေကာင္းရာမြန္ရာေရာက္ေအာင္လည္း ဆုေတာင္းေပးၾကတာ ေတြ႕ရပါတယ္။

Photo Credit – ပုလဲအရန္မီးသတ္တပ္ဖြဲ႕

သတင္းအရင္းျမစ္: Source – ပုလဲအရန္မီးသတ္တပ္ဖြဲ႕

Unicode Version

မီးမဖွားနိုင်လို့ ဆေးရုံကို အားကိုးတကြီးသွားခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် နေအိမ်မှာပဲပြန်မွေးဖွားရင်း မိခင်ရောကလေးပါ….

မီးမဖွားနိုင်လို့ ဆေးရုံကို အားကိုးတကြီးသွားခဲ့ပေမယ့် လက်မခံခဲ့တာကြောင့်

နေအိမ်မှာပဲပြန်မွေးဖွားရင်း မိခင်ရောကလေးပါ သေဆုံးသွားခဲ့ရတဲ့ ရင်နာစရာဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ် …။

မြန်မာနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါ ပြန်လည်ကူးစက်မှုတွေကြောင့် စံချိန်တင်လောက်အောင်

သေဆုံးသူနှုန်း ဆိုးဆိုးရွားရွား များလာခဲ့ပါတယ်။ လက်ရှိ နေရာတိုင်းမှာ ပြည်သူတွေကြုံတွေနေရတာကတော့

ဆေးရုံကြီးတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ လုံလုံလောက်လောက် မပေးနိုင်တဲ့အပြင်

အရင်လို ကိုဗစ်စင်တာတွေမရှိတာကြောင့် နေအိမ်တွေမှာပဲ အတတ်နိုင်ဆုံး ကုသနေကြရပါတယ်။

ဒီလိုကုသနေရင်းပဲ နေအိမ်တွေမှာ ချစ်ရတဲ့သူတွေ စွန့်လွှတ်ခဲ့ရတာ အများအပြားရှိလာခဲ့ပါတယ်။

နေ့စဉ်ဆိုသလို နေရာတိုင်းမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးနေရတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေအပြင်

မကြားချင်လောက်တဲ့ နာရေးသတင်းတွေကို လူမှုကွန်ယက်တွေမှာ စိတ်မကောင်းစွာ ကြားသိနေရပါတယ်။

ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့မှာလည်း ပြည်သူတွေကို အမြဲကူညီပေးတဲ့ ရန်ကုန်မြို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က

လူမှုကွန်ယက်မှာ တကယ့်ကို ကြေကွဲရင်နင့်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။

ဒီဖြစ်ရပ်လေးကတော့ ရွှေပေါက္ကံ (၁၁)၇ပ်ကွက် ထွန်းသစ္စာလမ်းမှာ နေထိုင်တဲ့ အသက်(၄၀)နှစ်ဝန်းကျင်ရှိ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ

မီးဖွားရန်နီးကပ်လာလို့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လူနာများပြည့်နေ့လို့ လက်မခံသဖြင့် နေအိမ်ကိုပဲ ပြန်လာရခဲ့ပါတယ်။

စိတ်မကောင်းစရာကတော့ အိမ်ပြန်ရောက်ပြီး မီးဖွားနေစဉ်အတွင်းမှာပဲ ညစ်အားမရှိတာကြောင့် မိခင်ရော ကလေးပါသေဆုံးသွားတယ်လို့ ကြားသိခဲ့ရပါတယ်။

သေဆုံးသွားတဲ့ အဆိုပါ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်အလောင်းကိုတော့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကပဲ ကူညီလုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးကိုတော့ ကြားရတဲ့ ပြည်သူတွေက များစွာစိတ်မကောင်းဖြစ်ပြီး ကောင်းရာမွန်ရာရောက်အောင်လည်း ဆုတောင်းပေးကြတာ တွေ့ရပါတယ်။

Photo Credit – ပုလဲအရန်မီးသတ်တပ်ဖွဲ့

သတင်းအရင်းမြစ်: Source – ပုလဲအရန်မီးသတ်တပ်ဖွဲ့