General News















Bam Bam (Gabar News)

Unicode Version

အမေများနေ့မှာ အမေမရှိတော့တဲ့ သားလေးအတွက် ဖခင်တစ်ဦးရဲ့ လေးစားစရာလုပ်ရပ်…

ထိုင်းနိုင်ငံမှာ​တော့၊Augustလ(12)ကိုအမေများနေ့အဖြစ်သတ်မှတ်ထားပါတယ်။

ထိုနေ့လေးမှာဆိုရင်စာသင်ကျောင်းတွေမှာ၊အမေများနေ့ပွဲကိုမိခင်များကိုဖိတ်ခေါ်ပီး၊

အမှတ်တရပွဲလေးကျင်းပနေကြဖြစ်ပါတယ်။ ယခုဖော်ပြပေးမဲ့၊ ထိုင်းနိုင်ငံကအသက်(32)အရွယ်

single fatherအဖြစ်ရပ်တည်နေတဲ့၊ ခလေးနှစ်ယောက်အဖေ Cahchai ဆိုတဲ့ အမျိုးသားဟာ၊

အမေများနေ့ပွဲမှာ မိန်းခလေးလိုဝတ်ပီး အမေတစ်ယောက်အ​နေနဲ့ တက်ရောက်ပေးခဲ့ပါတယ်။

သားတွေရဲ့မိခင်ဖြစ်သူနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ကွာရှင်းခဲ့ပီးနောက်၊

Chachaiဟာ(3)နှစ်နဲ့ (5)အရွယ်သားနှစ်ယောက်ကို၊ တစ်ယောက်တည်းပြုစုစောင့်ရှောက်ခဲ့ပါတယ်။

အမေများနေ့ကျင်းပပေးတဲ့ကျောင်းအထိမ်းအမှတ်ပွဲလေးကို မိခင်များတက်ရောက်ကြပေမ

Chachaiဆိုတဲ့single fatherတစ်ဦးဟာ သားနှစ်ယောက်လုံး မိခင်မရှိဘူးဆိုတဲ့အတွေးနဲ့၊

လူအများကြားမှာမျက်နှာမငယ်ရအောင်ဆိုပီး Chachai ဟာ မိန်းခလေးလိုဝတ်စားပီး၊ အမေတစ်ယောက်အနေနဲ့ပွဲတက်ခဲ့ပါတယ်။

ထိုအဖြစ်လေးကိုမြင်တဲ့သူများက၊ Chachai ရဲ့လုပ်ရပ်ကို သဘောကျခဲ့ကြပီး ဝမ်းသာပီတိဖြစ်ခဲ့ကြပါတယ်။

တကယ်ကိုပဲသားသမီးကိုတွေးပေးတဲ့ ဖခင်ကောင်းတစ်ယောက်မို့ လေးစားမိပါတယ်လေ။

Bam Bam (Gabar News)