လူမပင္ပန္းပဲ အိမ္မွာေနရင္း ၀မ္းဗိုက္က အဆီေတြက်ခ်င္သူမ်ား အတြက္…
က်န္းမာၿပီးစိုျပည္လွပတဲ့ အသားအေရအတြက္ ေရမ်ားမ်ားေသာက္ၾကသလို
အခုေနာက္ပိုင္းမွာဆိုရင္ေတာ့ ပိုမိုက်န္းမာလွပေစဖို႔ Detox water ေတြကိုလည္း ေသာက္လာၾကပါၿပီ ။
Detox water ဆိုတာကေတာ့ ေရထဲကို က်န္းမာေရးအတြက္လဲအေထာက္အကူျပပီး
အလွအပအတြက္ပါ ထိေရာက္ေစမယ့္ ပါဝင္ပစၥည္းေတြထည့္ေသာက္ၾကတာပါ။
Detox water ေတြထဲကမွ ဝမ္းဗိုက္အဆီကို အထိေရာက္ဆုံးက်ေစလို႔
ေန႔စဥ္ေသာက္ေပးသင့္တဲ့ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …
(၁) ႐ိုး႐ိုး ဆား
အိုင္အိုဒင္းဆား မဟုတ္ပဲ ႐ိုး႐ိုးဆားကိုသာ အသုံးျပဳရမွာပါ။
ဆားဓာတ္မမ်ားေအာင္ သင့္ေလ်ာ္တဲ့ ပမာဏကို သတိျပဳထည့္ေပးဖို႔ေတာ့လိုပါတယ္ ။
ေရေႏြး ၄ ဖန္ခြက္နဲ႔ ဆား လက္ဖ က္ရည္ ဇြန္း ၂ ဇြန္းကိုေရာရမွာပါ ။
အရသာေကာင္းခ်င္ရင္ေတာ့ သံပယိုရည္ အနည္းငယ္ထည့္ၿပီး ေသာက္လို႔ရပါတယ္ ။
ႏိုးႏိုးခ်င္း အစားလုံးဝမစားရေသးတဲ့အခ်ိန္မွာ မေမ့မေ လ်ာ့ေသာ က္ေပး ရင္ အရမ္းထိေရာက္ပါတယ္။
(၂) ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴ ဒီတိုင္းစားတာနဲ႔ ေရနဲ႔ထည့္ေသာက္တာက ရလာတဲ့ေကာင္းက်ိဳး ၊ ဓာတ္ေတြကေတာ့ တူတူပါပဲ။
ၾကက္သြန္ျဖဴ ႏွစ္ေျမာင္းကို ယူၿပီး အခြံခြၽတ္ပါ။ ၁၀ မိနစ္ေလာက္ေစာင့္ၿပီးရင္ေတာ့ ေရ ၅၀၀ မီလီနဲ႔ေရာေပးပါ။
၂ နာရီေလာက္စိမ္ထားေပးၿပီးရင္ေတာ့ ေသာက္သုံးလို႔ရပါၿပီ။
(၃) ပန္းသီးနဲ႔ သစ္ၾကားပိုးေခါက္
ပန္းသီးေရာ သစ္ၾကားပိုးေခါက္ေရာက ဝိတ္က်ေစတဲ့ေနရာမွာ နာမည္ႀကီးပါတယ္။
က်န္းမာေရးအတြက္လည္း ေကာင္းၿပီး ကိုလက္စထေရာ ကိုလည္ က်ေစပါတယ္။
ပန္းသီးႏွစ္လုံးကို အစိတ္ေ လးေတြစိပ္ၿပီး သစ္ၾကားပိုးေခါက္ ၂ ခုနဲ႔ ေသာက္မယ့္ ေရထဲမွာ စိမ္ေပးရပါမယ္။
ၿပီးရင္ေတာ့ ပါဝင္ပစၥည္းေတြရဲ႕ အာနိသင္ေတြ အကုန္ဝင္ေအာင္ ေရခဲေသတၱာထဲမွာ တစ္နာ ရီေလာက္ ထားေပးၿပီးမွေသာက္သုံးေပးပါ ။
(၄) သခြားသီး
ထမင္းစားၿပီး အီလည္လည္ျဖစ္တဲ့ အခ်ိန္ေတြမွာ ဂတ္စ္ပါတဲ့အေအးေတြ ဆိုဒါေတြ ေသာက္မယ့္ အစား
သခြားသီး detox ကိုေသာက္ေပးရင္ အဆီလည္းက်ေစၿပီး အအီလည္းေျပ ေစမွာပါ။
သခြားသီးေတြကို ပါးပါးလွီး ဒါမွမဟုတ္ သခြားသီး အတုံးေလးေတြလုပ္ပါ။
ၿပီးရင္ေတာ့ ေရခဲေသတၱာထဲ ခဲထားလိုက္ၿပီးရင္ ေရထဲေရာေသာက္႐ုံပါပဲ။
ေအးေအးေလးနဲ႔ လန္းဆန္း သြားေစလို႔ အရမ္းေသာက္လို႔ေကာင္းပါတယ္
Kay
=====
UNICODE VERSION
လူမပင်ပန်းပဲ အိမ်မှာနေရင်း ဝမ်းဗိုက်က အဆီတွေကျချင်သူများ အတွက်…
ကျန်းမာပြီးစိုပြည်လှပတဲ့ အသားအရေအတွက် ရေများများသောက်ကြသလို
အခုနောက်ပိုင်းမှာဆိုရင်တော့ ပိုမိုကျန်းမာလှပစေဖို့ Detox water တွေကိုလည်း သောက်လာကြပါပြီ ။
Detox water ဆိုတာကတော့ ရေထဲကို ကျန်းမာရေးအတွက်လဲအထောက်အကူပြပီး
အလှအပအတွက်ပါ ထိရောက်စေမယ့် ပါဝင်ပစ္စည်းတွေထည့်သောက်ကြတာပါ။
Detox water တွေထဲကမှ ဝမ်းဗိုက်အဆီကို အထိရောက်ဆုံးကျစေလို့
နေ့စဉ်သောက်ပေးသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …
(၁) ရိုးရိုး ဆား
အိုင်အိုဒင်းဆား မဟုတ်ပဲ ရိုးရိုးဆားကိုသာ အသုံးပြုရမှာပါ။
ဆားဓာတ်မများအောင် သင့်လျော်တဲ့ ပမာဏကို သတိပြုထည့်ပေးဖို့တော့လိုပါတယ် ။
ရေနွေး ၄ ဖန်ခွက်နဲ့ ဆား လက်ဖ က်ရည် ဇွန်း ၂ ဇွန်းကိုရောရမှာပါ ။
အရသာကောင်းချင်ရင်တော့ သံပယိုရည် အနည်းငယ်ထည့်ပြီး သောက်လို့ရပါတယ် ။
နိုးနိုးချင်း အစားလုံးဝမစားရသေးတဲ့အချိန်မှာ မမေ့မလေ့သော က်ပေး ရင် အရမ်းထိရောက်ပါတယ်။
(၂) ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ဒီတိုင်းစားတာနဲ့ ရေနဲ့ထည့်သောက်တာက ရလာတဲ့ကောင်းကျိုး ၊ ဓာတ်တွေကတော့ တူတူပါပဲ။
ကြက်သွန်ဖြူ နှစ်မြောင်းကို ယူပြီး အခွံချွတ်ပါ။ ၁၀ မိနစ်လောက်စောင့်ပြီးရင်တော့ ရေ ၅၀၀ မီလီနဲ့ရောပေးပါ။
၂ နာရီလောက်စိမ်ထားပေးပြီးရင်တော့ သောက်သုံးလို့ရပါပြီ။
(၃) ပန်းသီးနဲ့ သစ်ကြားပိုးခေါက်
ပန်းသီးရော သစ်ကြားပိုးခေါက်ရောက ဝိတ်ကျစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။
ကျန်းမာရေးအတွက်လည်း ကောင်းပြီး ကိုလက်စထရော ကိုလည် ကျစေပါတယ်။
ပန်းသီးနှစ်လုံးကို အစိတ်လေးတွေစိပ်ပြီး သစ်ကြားပိုးခေါက် ၂ ခုနဲ့ သောက်မယ့် ရေထဲမှာ စိမ်ပေးရပါမယ်။
ပြီးရင်တော့ ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်တွေ အကုန်ဝင်အောင် ရေခဲသေတ္တာထဲမှာ တစ်နာ ရီလောက် ထားပေးပြီးမှသောက်သုံးပေးပါ ။
(၄) သခွားသီး
ထမင်းစားပြီး အီလည်လည်ဖြစ်တဲ့ အချိန်တွေမှာ ဂတ်စ်ပါတဲ့အအေးတွေ ဆိုဒါတွေ သောက်မယ့် အစား
သခွားသီး detox ကိုသောက်ပေးရင် အဆီလည်းကျစေပြီး အအီလည်းပြေ စေမှာပါ။
သခွားသီးတွေကို ပါးပါးလှီး ဒါမှမဟုတ် သခွားသီး အတုံးလေးတွေလုပ်ပါ။
ပြီးရင်တော့ ရေခဲသေတ္တာထဲ ခဲထားလိုက်ပြီးရင် ရေထဲရောသောက်ရုံပါပဲ။
အေးအေးလေးနဲ့ လန်းဆန်း သွားစေလို့ အရမ်းသောက်လို့ကောင်းပါတယ်
Kay
=====