ေဒၚသက္သက္ခိုင္ Covid 19 ကူးစက္ခံရၿပီး ေရာဂါ ျပင္းထန္ေနေၾကာင္းသိရ
ေရာဂါ ျပင္းထန္ေနသျဖင့္ မဂၤလာဒုံစစ္ေဆး႐ုံတြင္ ေအာက္ဆီဂ်င္ ေပးထားရတယ္လို႔ သိရပါတယ္ …။
ေဒါက္တာသက္သက္ခိုင္ (၁၉ ဩဂုတ္ ၁၉၆၇ ေမြးဖြား) သည္ ျမန္မာႏိုင္ငံသား ႏိုင္ငံေရးသမား၊ ဆရာဝန္၊ စီးပြားေရးလုပ္ငန္း႐ွင္တစ္ဦးျဖစ္ၿပီး
ဒုတိယအႀကိမ္ ျပည္သူ႕လႊတ္ေတာ္တြင္ ဒဂုံၿမိဳ႕နယ္မွ ဝင္ေရာက္အေ႐ြးခံခဲ့ေသာ လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦး ျဖစ္သည္။
သူမသည္ ေ႐ႊေငြေက်ာက္မ်က္ရတနာကုမၸဏီမ်ား ပိုင္ဆိုင္ေသာ အမ်ိဳးသမီး စီးပြားေရးလုပ္ငန္း႐ွင္တစ္ဦး ျဖစ္သည္။
ျပည္သူ႕ေ႐ွ႕ေဆာင္ပါတီ (People’s Pioneer Party) မွာ ေဒါက္တာသက္သက္ခိုင္ တည္ေထာင္သူအျဖစ္ပါဝင္သည့္ ပါတီလည္းျဖစ္သည္။
ေဒါက္တာသက္သက္ခိုင္ကို မိုးကုတ္ၿမိဳ႕၌ ၁၉၆၇ ခုႏွစ္တြင္ ေမြးဖြားခဲ့ၿပီး မႏၲေလးေဆးတကၠသိုလ္ သို႔တက္ေရာက္ၿပီး
ရန္ကုန္ေဆးတကၠသိုလ္ (၁) မွ ၁၉၉၀ ခုႏွစ္တြင္ ဘြဲ႕ရခဲ့သည္။ ေက်ာက္မ်က္ရတနာ လုပ္ငန္းကို လုပ္ကိုင္ခဲ့သည္။
သက္သက္ခိုင္သည္ စီးပြားစီမံမဟာဘြဲ႕ (Master of Business Administration) ကို
ရန္ကုန္တကၠသိုလ္မွလည္းေကာင္း နန္႔ယန္းတကၠသိုလ္မွလည္းေကာင္း ရ႐ွိခဲ့သည္။
ထို႔ေနာက္ အေမရိကန္ျပည္ေထာင္စု၊ မင္နီဆိုးတားၿမိဳ႕၌ အေျခစိုက္သည့္
အျငင္းပြားဖြယ္ အြန္လိုင္းျဖင့္လည္ပတ္ေသာ အက်ိဳးျမတ္ရယူ၍ဘြဲ႕ေပးေသာ ေဝါ့လ္ဒန္တကၠသိုလ္မွ
ျပည္သူ႕စီမံႏွင့္ ေခါင္းေဆာင္မႈဘာသာရပ္ (Public Management and Leadership) ျဖင့္ ပါရဂူဘြဲ႕ရ႐ွိခဲ့သူလည္းျဖစ္ပါတယ္…
၂၀၁၄ ခုႏွစ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွတဆင့္ ႏိုင္ငံေရးေလာက သို႔ စတင္ဝင္ေရာက္လာခဲ့သည္။
၂၀၁၅ ခုႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ဒဂုံၿမိဳ႕နယ္မွ အႏိုင္ရၿပီး ျပည္သူ႕လႊတ္ေတာ္ အမတ္ျဖစ္လာခဲ့သည္။
စတင္ဝင္ေရာက္စဥ္ကပင္ ႏိုင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးကိစၥမ်ား ကို စဥ္ဆက္မျပတ္ေဆြးေႏြးခဲ့သည္။
ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္း႐ွင္တစ္ဦးျဖစ္ၿပီး စီမံခန္႔ခြဲေရးရာမ်ား ကြၽမ္းက်င္ေသာေၾကာင့္ အုပ္ခ်ဳပ္ေရးက႑တြင္
ရာထူးေပးခံရမည္ဟု အထူးေရပန္းစားခဲ့သည္။
သို႔ေသာ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္၏ လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားကို လူသိ႐ွင္ၾကားေဝဖန္မႈမ်ားေၾကာင့္ ပါတီတြင္း တာဝန္မ်ား ရပ္ဆိုင္းခံခဲ့ရသည္။
၂၀၁၆ တြင္ သက္သက္ခိုင္သည္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အေဆာက္အဦဆိုင္ရာစည္းမ်ဥ္းမ်ားကို လိုက္နာမႈမ႐ွိသည့္
အထပ္ျမင့္ေဆာက္လုပ္ေရး လုပ္ငန္းအခု (၂၀၀) ေက်ာ္ကို ရပ္ဆိုင္းသည့္ေၾကညာခ်က္ကို ေဝဖန္ခဲ့၏။
သက္သက္ခိုင္ကိုယ္တိုင္သည္ ဗဟန္းၿမိဳ႕နယ္႐ွိ အထပ္ျမင့္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အဓိကရင္းႏွီးျမႇဳပ္ႏွံသူတစ္ဦးျဖစ္ေနေသာေၾကာင့္ပင္ျဖစ္သည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ထြက္လာၿပီးေနာက္ ၂၀၁၉ခုႏွစ္တြင္ ျပည္သူ႕ေ႐ွ႕ေဆာင္ပါတီကို တည္ေထာင္ခဲ့သည္။
၂၀၂ဝျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ မရမ္းကုန္းၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။
မဲဆႏၵနယ္၏ ၇.၀၃ရာခိုင္ႏႈန္းျဖစ္ေသာ ၄၉၃၄မဲသာ[၁၁] ရ႐ွိခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေဒၚေမဝင္းျမင့္အား ႐ႈံးနိမ့္ခဲ့သည္။
သို႔ေသာ္ ၂၀၂၁ အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီမွ ဖြဲ႕စည္းေသာ စစ္အစိုးရအဖြဲ႕တြင္
လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးျဖစ္လာသည္။
ထိုဝန္ႀကီးရာထူးရယူမႈအား အႀကီးအက်ယ္ေဝဖန္ခံခဲ့ရ၍ စစ္ေကာင္စီ၏ေတာင္းဆိုမႈကို ေဆာင္႐ြက္သည့္အတြက္
သာကူး (turncoat) တစ္ဦးအျဖစ္ ပုံရိပ္ကို ပိုမိုထင္ဟပ္ေစခဲ့သည္။
ျမန္မာႏိုင္ငံ႐ွိ အင္တာနက္သုံးစြဲသူမ်ားက တုံ႔ျပန္သည့္အေနျဖင့္ သူမ၏ ေက်ာက္မ်က္ရတနာလုပ္ငန္းမ်ားကို
အမ်ားျပည္သူက ဝယ္ယူျခင္းမ႐ွိေစရန္ ေတာင္းဆိုခဲ့ၾက၏ …။
credit wikipedia
Unicode Version
ဒေါ်သက်သက်ခိုင် Covid 19 ကူးစက်ခံရပြီး ရောဂါ ပြင်းထန်နေကြောင်းသိရ
ရောဂါ ပြင်းထန်နေသဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် အောက်ဆီဂျင် ပေးထားရတယ်လို့ သိရပါတယ် …။
ဒေါက်တာသက်သက်ခိုင် (၁၉ ဩဂုတ် ၁၉၆၇ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ဆရာဝန်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ဒဂုံမြို့နယ်မှ ဝင်ရောက်အရွေးခံခဲ့သော လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။
သူမသည် ရွှေငွေကျောက်မျက်ရတနာကုမ္ပဏီများ ပိုင်ဆိုင်သော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) မှာ ဒေါက်တာသက်သက်ခိုင် တည်ထောင်သူအဖြစ်ပါဝင်သည့် ပါတီလည်းဖြစ်သည်။
ဒေါက်တာသက်သက်ခိုင်ကို မိုးကုတ်မြို့၌ ၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မန္တလေးဆေးတက္ကသိုလ် သို့တက်ရောက်ပြီး
ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ၁၉၉၀ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ကျောက်မျက်ရတနာ လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
သက်သက်ခိုင်သည် စီးပွားစီမံမဟာဘွဲ့ (Master of Business Administration) ကို
ရန်ကုန်တက္ကသိုလ်မှလည်းကောင်း နန့်ယန်းတက္ကသိုလ်မှလည်းကောင်း ရရှိခဲ့သည်။
ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားမြို့၌ အခြေစိုက်သည့်
အငြင်းပွားဖွယ် အွန်လိုင်းဖြင့်လည်ပတ်သော အကျိုးမြတ်ရယူ၍ဘွဲ့ပေးသော ဝေါ့လ်ဒန်တက္ကသိုလ်မှ
ပြည်သူ့စီမံနှင့် ခေါင်းဆောင်မှုဘာသာရပ် (Public Management and Leadership) ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သူလည်းဖြစ်ပါတယ်…
၂၀၁၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် နိုင်ငံရေးလောက သို့ စတင်ဝင်ရောက်လာခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ အနိုင်ရပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့သည်။
စတင်ဝင်ရောက်စဉ်ကပင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ကို စဉ်ဆက်မပြတ်ဆွေးနွေးခဲ့သည်။
အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲရေးရာများ ကျွမ်းကျင်သောကြောင့် အုပ်ချုပ်ရေးကဏ္ဍတွင်
ရာထူးပေးခံရမည်ဟု အထူးရေပန်းစားခဲ့သည်။
သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ကိုင်ဆောင်ရွက်မှုများကို လူသိရှင်ကြားဝေဖန်မှုများကြောင့် ပါတီတွင်း တာဝန်များ ရပ်ဆိုင်းခံခဲ့ရသည်။
၂၀၁၆ တွင် သက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆောက်အဦဆိုင်ရာစည်းမျဉ်းများကို လိုက်နာမှုမရှိသည့်
အထပ်မြင့်ဆောက်လုပ်ရေး လုပ်ငန်းအခု (၂၀၀) ကျော်ကို ရပ်ဆိုင်းသည့်ကြေညာချက်ကို ဝေဖန်ခဲ့၏။
သက်သက်ခိုင်ကိုယ်တိုင်သည် ဗဟန်းမြို့နယ်ရှိ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထွက်လာပြီးနောက် ၂၀၁၉ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့သည်။
၂၀၂ဝပြည့်နှစ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မဲဆန္ဒနယ်၏ ၇.၀၃ရာခိုင်နှုန်းဖြစ်သော ၄၉၃၄မဲသာ[၁၁] ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်မေဝင်းမြင့်အား ရှုံးနိမ့်ခဲ့သည်။
သို့သော် ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ဖွဲ့စည်းသော စစ်အစိုးရအဖွဲ့တွင်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာသည်။
ထိုဝန်ကြီးရာထူးရယူမှုအား အကြီးအကျယ်ဝေဖန်ခံခဲ့ရ၍ စစ်ကောင်စီ၏တောင်းဆိုမှုကို ဆောင်ရွက်သည့်အတွက်
သာကူး (turncoat) တစ်ဦးအဖြစ် ပုံရိပ်ကို ပိုမိုထင်ဟပ်စေခဲ့သည်။
မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများက တုံ့ပြန်သည့်အနေဖြင့် သူမ၏ ကျောက်မျက်ရတနာလုပ်ငန်းများကို
အများပြည်သူက ဝယ်ယူခြင်းမရှိစေရန် တောင်းဆိုခဲ့ကြ၏ …။
credit wikipedia