ကြားသိရသမျှ


















Unicode Version ဖြင့်ဖတ်ရန်

ယနေ့ မိုးစက်တွေနဲ့အတူ ကြွေလွင့်ခဲ့ရတဲ့ မန္တလေးက သူရဲကောင်းမလေး

ယနေ့ မိုးစက်တွေနဲ့အတူ ကြွေလွင့်ခဲ့ရတဲ့

မန္တလေးက သူရဲကောင်းမလေး

မြတောင်သပိတ် ဖြိုခွင်းခံရပြီးနောက် သပိတ်၌ လိုက်ပါလာသည့်

အမျိုးသမီးငယ် တစ်ဦး ကျည်ထိ၍ သေဆုံး

မန္တလေး၊ဇူလိုင်-၂၇(PeopleMedia)

မန္တလေးမြို့၊မဟာမြတ်မုနိဘုရားကြီးအရှေ့ပေါက်၌

မြတောင်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီးနောက်

သပိတ်၌ လိုက်ပါလာသူ အမျိုးသမီးငယ် တစ်ဦး ကျည်ထိ၍ သေဆုံးခဲ့သည်။

ဇူလိုင်လ(၂၇)ရက်၊ယနေ့ နေလည် (၁၂:၃၀)အချိန်ခန့်၌

မဟာမြတ်မုနိဘုရားကြီးအရှေ့ပေါက်ရှိ မြတောင်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး

သပိတ် လှုပ်ရှားမှု၌ ပါဝင်သည့် မသူသူဇင်သည် ကျည်ထိမှန်၍ ကွယ်လွန်ခဲ့သည်။

အလားတူ သပိတ်ဖြိုခွင်းခံရပြီးနောက် သပိတ် လှုပ်ရှားမှု၌

ပါဝင်သူအချို့လည်း ဖမ်းဆီးခြင်း ခံထားရသည်။

photo-CJ (ကျည်ထိမှန်၍ သေဆုံးသူ အမျိုးသမီး)

PeopleMedia မြတောင်သပိတ်