Beauty

ထိုင္းမေလးမ်ား ႏွစ္ၿခိဳက္စြာအသုံးျပဳေနၾကတဲ့ ထိုင္း႐ိုးရာ အသားအေရထိန္းသိမ္းနည္း(၅)မ်ိဳး…

ထိုင္းမေလးမ်ား ႏွစ္ၿခိဳက္စြာအသုံးျပဳေနၾကတဲ့ ထိုင္း႐ိုးရာ အသားအေရထိန္းသိမ္းနည္း(၅)မ်ိဳး…

(၁) နႏြင္းမႈန႔္မ်က္ႏွာသစ္

နႏြင္းမႈန္႔္အနည္းငယ္ကို ေရနည္းနည္းနဲ႔ေရာၿပီး မ်က္ႏွာအႏွံ႔လိမ္းၿပီး

လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ျဖည္းျဖည္းခ်င္းပြတ္တိုက္ေပးပါ။

၁၀ မိနစ္ေလာက္ၾကာရင္ ေရေအးနဲ႔မ်က္ႏွာသစ္ေပးပါ။

မ်က္ႏွာေပၚက အညစ္အေၾကးေတြအားလုံး သန႔္စင္သြားၿပီး

မ်က္ႏွာေလးၾကည္လင္ေနတာကိုေတြ႕ရပါလိမ့္မယ္။

(၂) မန္က်ည္းသီးနဲ႔မ်က္ႏွာေၾကးခြၽတ္နည္း

မန္က်ည္းသီးမွည့္အႏွစ္ကို ေရေႏြးနည္းနည္းနဲ႔ စိမ္ထားၿပီး

မ်က္ႏွာနဲ႔ ခႏၶာကိုယ္ကို ပြတ္တိုက္ေပးလိုက္ရင္ ေၾကးခြၽတ္ၿပီးသားျဖစ္ၿပီး

အသားအေရကို ျဖဴဝင္းသြားေစပါလိမ့္မယ္။

တျခား scrub ေတြလို အသားအေရအေပၚလႊာကို မပ်က္စီးေစဘဲ

ေၾကးေတြကို လုံးဝေျပာင္သြားေစႏိုင္တဲ့အစြမ္းရွိတာေၾကာင့္

ေၾကးခြၽတ္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းတစ္ခုဆိုလည္းမမွားပါဘူး။

(၃) အသားအေရာင္မညီတာေတြကို ညႇိေပးမယ့္သေဘၤာသီး

သေဘၤာသီးမွည့္အတြင္းသားေတြကို ေၾကညက္ေနေအာင္ေခ်ၿပီး

မ်က္ႏွာအႏွံ႔လိမ္းကာ မိနစ္ ၂၀ ၾကာရင္ မ်က္ႏွာသစ္ေပးလိုက္ပါ။

ဒါကို ႏွစ္ရက္ျခားတစ္ခါေလာက္ လုပ္ေပးမယ္ဆိုရင္

အသားအေရာင္ မညီမညာျဖစ္ေနတာကို ညႇိေပးႏိုင္ၿပီး စိုျပည္ေစပါလိမ့္မယ္။

(၄) အုန္းဆီနဲ႔အစိုဓာတ္ျဖည့္တယ္

မ်က္ႏွာသစ္ၿပီး မ်က္ႏွာအႏွံ႔ကို အုန္းဆီပါးပါးေလးလိမ္းၿပီးအိပ္ရာဝင္ကာ

မနက္မွ မ်က္ႏွာသစ္ေပးလိုက္ရင္ မ်က္ႏွာအစိုဓာတ္ျဖည့္ေပးၿပီး

အသားေျခာက္ေသြ႕အက္ကြဲတာေတြကို တားဆီးေပးပါလိမ့္မယ္။

(၅) အသီးေဖ်ာ္ရည္ေသာက္တယ္

အသားအေရထိန္းသိမ္းမႈလုပ္တဲ့အခါ အျပင္ပိုင္းပဲ skin care လုပ္ေန႐ုံနဲ႔ မလုံေလာက္ပါဘူး။

ခႏၶာကိုယ္အတြင္းပိုင္းကိုလည္း သန႔္စင္ေပးဖို႔ လိုပါတယ္။

ခႏၶာကိုယ္အတြင္းပိုင္း သန႔္စင္ဖို႔ အစားအေသာက္ ဆင္ျခင္ရပါမယ္။

အဆီမ်ားတဲ့အစားအစာ၊ ခ်ိဳလြန္းတဲ့ အစားအစာ၊ အငန္နဲ႔ အပူအစပ္ေတြကို ေလွ်ာ့စားၿပီး

အသီးေဖ်ာ္ရည္မ်ားမ်ား ေသာက္ေပးသင့္ပါတယ္။

Credit : Aunty may

UNICODE VERSION

ထိုင်းမလေးများ နှစ်ခြိုက်စွာအသုံးပြုနေကြတဲ့ ထိုင်းရိုးရာ အသားအရေထိန်းသိမ်းနည်း(၅)မျိုး…

(၁) နနွင်းမှုန့်မျက်နှာသစ်

နနွင်းမှုန့််အနည်းငယ်ကို ရေနည်းနည်းနဲ့ရောပြီး မျက်နှာအနှံ့လိမ်းပြီး

လက်ချောင်းထိပ်လေးတွေနဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။

၁၀ မိနစ်လောက်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပေးပါ။

မျက်နှာပေါ်က အညစ်အကြေးတွေအားလုံး သန့်စင်သွားပြီး

မျက်နှာလေးကြည်လင်နေတာကိုတွေ့ရပါလိမ့်မယ်။

(၂) မန်ကျည်းသီးနဲ့မျက်နှာကြေးချွတ်နည်း

မန်ကျည်းသီးမှည့်အနှစ်ကို ရေနွေးနည်းနည်းနဲ့ စိမ်ထားပြီး

မျက်နှာနဲ့ ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးလိုက်ရင် ကြေးချွတ်ပြီးသားဖြစ်ပြီး

အသားအရေကို ဖြူဝင်းသွားစေပါလိမ့်မယ်။

တခြား scrub တွေလို အသားအရေအပေါ်လွှာကို မပျက်စီးစေဘဲ

ကြေးတွေကို လုံးဝပြောင်သွားစေနိုင်တဲ့အစွမ်းရှိတာကြောင့်

ကြေးချွတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူး။

(၃) အသားအရောင်မညီတာတွေကို ညှိပေးမယ့်သင်္ဘောသီး

သင်္ဘောသီးမှည့်အတွင်းသားတွေကို ကြေညက်နေအောင်ချေပြီး

မျက်နှာအနှံ့လိမ်းကာ မိနစ် ၂၀ ကြာရင် မျက်နှာသစ်ပေးလိုက်ပါ။

ဒါကို နှစ်ရက်ခြားတစ်ခါလောက် လုပ်ပေးမယ်ဆိုရင်

အသားအရောင် မညီမညာဖြစ်နေတာကို ညှိပေးနိုင်ပြီး စိုပြည်စေပါလိမ့်မယ်။

(၄) အုန်းဆီနဲ့အစိုဓာတ်ဖြည့်တယ်

မျက်နှာသစ်ပြီး မျက်နှာအနှံ့ကို အုန်းဆီပါးပါးလေးလိမ်းပြီးအိပ်ရာဝင်ကာ

မနက်မှ မျက်နှာသစ်ပေးလိုက်ရင် မျက်နှာအစိုဓာတ်ဖြည့်ပေးပြီး

အသားခြောက်သွေ့အက်ကွဲတာတွေကို တားဆီးပေးပါလိမ့်မယ်။

(၅) အသီးဖျော်ရည်သောက်တယ်

အသားအရေထိန်းသိမ်းမှုလုပ်တဲ့အခါ အပြင်ပိုင်းပဲ skin care လုပ်နေရုံနဲ့ မလုံလောက်ပါဘူး။

ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း သန့်စင်ပေးဖို့ လိုပါတယ်။

ခန္ဓာကိုယ်အတွင်းပိုင်း သန့်စင်ဖို့ အစားအသောက် ဆင်ခြင်ရပါမယ်။

အဆီများတဲ့အစားအစာ၊ ချိုလွန်းတဲ့ အစားအစာ၊ အငန်နဲ့ အပူအစပ်တွေကို လျှော့စားပြီး

အသီးဖျော်ရည်များများ သောက်ပေးသင့်ပါတယ်။

Credit : Aunty may