ခ်ိဳင္းေမႊးေတြကို သဘာဝအတိုင္းဖယ္ရွားေပးမယ့္ နည္းလမ္း(၃)သြယ္ …
ခ်ိဳင္းေမႊးကိုဘယ္လိုရွင္းၾကပါသလဲ။
ရိတ္တာလား၊ ႏုတ္တာလား။ ရိတ္ရင္ခ်ိဳင္းေမႊးပိုထူလာၿပီး
ႏုတ္ရင္လည္း အေရျပားထိခိုက္လို႔ ခ်ိဳင္းသားပ်က္ဆီးပါတယ္။
အဲဒီအတြက္ ဘယ္လိုနည္းလမ္းကိုသုံးမလဲဆိုတာ
စာဖတ္သူေတြအတြက္
နည္းလမ္းေကာင္း ၃ သြယ္ကိုတင္ဆက္ေပးသြားမယ္ေနာ္။
နည္းလမ္း ၁
ႏြားႏို႔ စားပြဲတင္ဇြန္း ၂ ဇြန္း၊နႏြင္းမႈန႔္ စားပြဲတင္ဇြန္း ၁ ဇြန္း၊
ျပဳလုပ္နည္း – ပါဝင္ပစၥည္းႏွစ္မ်ိဳးကိုေရာၿပီး
ခ်ိဳင္းေအာက္မွာ ၁၅ မိနစ္ (သို႔) မေျခာက္ခင္ထိ ထားပါ။
ၿပီးရင္ ေရေအးနဲ႔ေဆးခ်ပါ။ ေန႔တိုင္းတစ္ေန႔တခါပုံမွန္လုပ္ပါ။
၂ ပတ္ေလာက္ဆိုရင္ သိသာလာမွာျဖစ္ပါတယ္။
နည္းလမ္း ၂
ႀကက္ဥ ၁ လုံး၊ေျပာင္းဖူးမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဝက္၊
ျပဳလုပ္နည္း – ပါဝင္ပစၥည္း ႏွစ္မ်ိဳးကိုေရာလိုက္ပါ။
ၿပီးရင္ခ်ိဳင္းေအာက္မွာလိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။
ေရေအးနဲ႔ေဆးခ်ပါ။ တစ္ပတ္ကို ၃ ႀကိမ္ ၂ ပတ္တိတိလုပ္ေပးပါ။
ခ်ိဳင္းေမႊးေတြတျဖည္းျဖည္းရွင္းသြားပါလိမ့္မယ္။
နည္းလမ္း ၃ – ပါဝင္ပစၥည္း – သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း၊
သံပုရာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း (သို႔) သံပုရာသီး တစ္ျခမ္း၊
ျပဳလုပ္နည္း – ပါဝင္ပစၥည္းႏွစ္မ်ိဳးလုံးကို ေရာလိုက္ပါ။
သံပုရာသီးတစ္ျခမ္းကိုသုံးမယ္ဆိုရင္ အဲဒီေပၚမွာ သၾကးကိုတင္ပါ။
ၿပီးရင္ ခ်ိဳင္းေအာက္မွာ ေသခ်ာပြတ္လိမ္းေပးပါ။
မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ အဝတ္စကိုေရေအးစြတ္ၿပီး သန႔္ရွင္းေရးလုပ္ပါ။
တစ္ေန႔ကို ၁ ခါလုပ္ပါ။ ၂ ပတ္ေလာက္ဆိုရင္
အေမႊးေတြတျဖည္းျဖည္းနည္းသြားမွာျဖစ္ပါတယ္။
စာဖတ္သူတို႔ အဆင္ေျပတဲ့နည္းလမ္းကိုအသုံးျပဳႏိုင္ပါတယ္။
Credit Original Writer
=============
UNICODE VERSION
ချိုင်းမွှေးတွေကို သဘာဝအတိုင်းဖယ်ရှားပေးမယ့် နည်းလမ်း(၃)သွယ် …
ချိုင်းမွှေးကိုဘယ်လိုရှင်းကြပါသလဲ။
ရိတ်တာလား၊ နုတ်တာလား။ ရိတ်ရင်ချိုင်းမွှေးပိုထူလာပြီး
နုတ်ရင်လည်း အရေပြားထိခိုက်လို့ ချိုင်းသားပျက်ဆီးပါတယ်။
အဲဒီအတွက် ဘယ်လိုနည်းလမ်းကိုသုံးမလဲဆိုတာ
စာဖတ်သူတွေအတွက်
နည်းလမ်းကောင်း ၃ သွယ်ကိုတင်ဆက်ပေးသွားမယ်နော်။
နည်းလမ်း ၁
နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း၊နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊
ပြုလုပ်နည်း – ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး
ချိုင်းအောက်မှာ ၁၅ မိနစ် (သို့) မခြောက်ခင်ထိ ထားပါ။
ပြီးရင် ရေအေးနဲ့ဆေးချပါ။ နေ့တိုင်းတစ်နေ့တခါပုံမှန်လုပ်ပါ။
၂ ပတ်လောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။
နည်းလမ်း ၂
ကြက်ဥ ၁ လုံး၊ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊
ပြုလုပ်နည်း – ပါဝင်ပစ္စည်း နှစ်မျိုးကိုရောလိုက်ပါ။
ပြီးရင်ချိုင်းအောက်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။
ရေအေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ် ၂ ပတ်တိတိလုပ်ပေးပါ။
ချိုင်းမွှေးတွေတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်။
နည်းလမ်း ၃ – ပါဝင်ပစ္စည်း – သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊
သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) သံပုရာသီး တစ်ခြမ်း၊
ပြုလုပ်နည်း – ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ရောလိုက်ပါ။
သံပုရာသီးတစ်ခြမ်းကိုသုံးမယ်ဆိုရင် အဲဒီပေါ်မှာ သကြးကိုတင်ပါ။
ပြီးရင် ချိုင်းအောက်မှာ သေချာပွတ်လိမ်းပေးပါ။
မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် အဝတ်စကိုရေအေးစွတ်ပြီး သန့်ရှင်းရေးလုပ်ပါ။
တစ်နေ့ကို ၁ ခါလုပ်ပါ။ ၂ ပတ်လောက်ဆိုရင်
အမွှေးတွေတဖြည်းဖြည်းနည်းသွားမှာဖြစ်ပါတယ်။
စာဖတ်သူတို့ အဆင်ပြေတဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။
Credit Original Writer
=============