Credit
Unicode Version ဖြင့်ဖတ်ရန်
အသက်( ၃၀) ဝန်းကျင်အရွယ်မှာ နုပျိုလှပစေဖို့ အခုတည်းက ဒါလေးတွေလုပ်ပေးသင့်ပါတယ်…
သင်ဘယ်လောက်ပဲ အသက်တွေရလာပါစေလူတိုင်းလှချင်ကြပါတယ်
နုပျိုနေသူတစ်ယောက်အတွက်တော့အသက်ဆိုတာ
ကိန်းဂဏန်းတစ်ခုပါပဲ အသ် ၃၀ ဆိုတာတည်ငြိမ်ရင့်ကျက်တဲ့ အရွယ်အပိုင်းအခြားတစ်ခုဖြစ်သလို
အလှပဆုံး အချိန်တစ်ခုဆိုလည်းမမှားပါဘူး
အသက် ၃၀ ဝန်းကျင်းမှာ သင့်ကိုပိုပိုပြီးလှနေစေဖို့အတွက်
နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်ရှင်
(၁) ရေဓါတ်ဖြည့်တင်းပါ.ရေကိုသတိတရသောက်ပေးပါ။
အနည်းဆုံးတစ်နေ့ကို ၈ ခွက်သောက်ပေးသင့်ပါတယ်.
(၂) လေ့ကျင့်ခန်းလုပ်ပါ.အရမ်းပြင်းပြင်းထန်ထန်မဟုတ်ပဲ ပုံမှန်လေးလုပ်သွားပေးပါ
တစ်နေ့ နာရီဝက်တစ်နာရီလောက်အချိန်ပေးသင့်ပါတယ်
(၃) အရက် ဘီယာ သောက်သုံးမှုကိုရှောင်ကျဉ်ပါ.
(၄) တစ်နေ့ကို ၇ နာရီလောက်အိပ်ပေးပါ။အိပ်ရေးမပျက်ပါစေနဲ့.
(၅) အသားရေစာတွေ အများကြီးမစားပါနဲ့။အဆီအစိမ့်တွေ ရှောင်ပေးပါ။
(၆) သင့်ကိုယ်သင် ချစ်ပေးပါ။
အသက်အရွယ်အရ သဘာဝအတိုင်း အိုမင်းလာတာဟာလည်း
အလှတရားတစ်ခုပါပဲ။သင့်ရဲ့အရှိတိုင်းကိုလက်ခံပါ.
(၇) ဈေးပေါပြီးအရည်အသွေးမကောင်းတဲ့ အလှကုန်
ပစ္စည်းတွေကို မသုံးပါနဲ့တော့။ သင့်အသားရေကိုပိုပြီး ဂရုစိုက်တဲ့အနေနဲ့
အရည်အသွေးရှိတဲ့ အလှကုန် ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။
(၈)အကြာကြီးမထိုင်ပါနဲ့ မကြာခနဆိုသလို အကြောဆန့်တာ
ထပြီးလမ်းလျောက်တာမျိုးလုပ်ပေးနိုင်ပါတယ်။
သိသလောက်လေး မျှဝေပေးတာမို့ အားလုံးအဆင်ပြေကြပါစေ။
Credit