Healthy






















၎- သားရေပစ္စည်းတွေကိုပြောင်လက်စေနိုင်ခြင်း





















Writer – Min Thu

Credit:Daily Hot News

==============

UNICODE VERSION

လူတွေမသိသေးတဲ့ အာလူးရဲ့အသုံးဝင်ပုံများ …

၁- သံချေးချွတ်နိုင်ခြင်း

ဓါးတွေ ကတ်ကြေးတွေ သံကြေးစွန်းနေတဲ့အခါမျိုးမှာ

အာလုံးကိုသုံးပြီး သံကြေးတွေချွတ်နိုင်ပါတယ်။

အာလူးကြီးတစ်ဝက်ဝက်ပါ။ ထို့နောက် ဘေပင်ပေါင်ဒါ နဲ့ ဆားကို

ဆပ်ပြာရည်အနည်းငယ်နဲ့ရောထားပါ။

ဒီပျော်ရည်ထဲကို အာလူးခြမ်းကို နှစ်ပြီး

သံကြေးတက်နေတဲ့ နေရာတွေကိုပွတ်တိုက်ပါ။

ရေဆေးလိုက်တဲ့အခါမှာ သံကြေးတွေပြောင်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။

၂- အပူလောင်ခြင်းကိုကုသပေးနိုင်ခြင်း

ဟင်းချက်ရင်းလက်အပူထိသွားတဲ့အခါမျိုးမှာလည်း အာလူးသုံးပြီးတော့

အပူလောင်ဒဏ်ရာကို သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။

အာလူးကို အဝိုင်းလေးတွေလှီးပြီးတော့ ရေစင်အောင်ဆေးကာ

အပူလောင်သွားတဲ့နေရာကို ၁၀ မိနစ် ၁၅ မိနစ်ခန့်ကပ်ထားပေးပါ။

ပြန်ခွာလိုက်တဲ့အခါ သိသိသာသာ ဒဏ်ရာသက်သာသွားတာကိုမြင်ရပါလိမ့်မယ်။

၃- အစွန်းချွတ်နိုင်ခြင်း

အစားအသောက် အစွန်းအထင်းတွေပေနေတဲ့အခါမျိုးမှာ အာလူးကို အသုံးပြုနိုင်ပါတယ်။

အာလုံးတစ်လုံးကိုတောက်တောက်စင်းပြီး ရေထဲမှာ ၁၀ မိနစ် ၁၅ မိနစ်လောက်စိမ်ထားပါ။

ထို့နောက် ရေမြုပ်တစ်ခုကို အာလူ့းရည်ထဲဆွတ်ပြီး စွန်းနေတဲ့နေရာကိုပွတ်တိုက်ပေးမယ်ဆိုရင်

အစွန်းအထင်းတွေပြောင်စင်သွားပါလိမ့်မယ်။

၄- သားရေပစ္စည်းတွေကိုပြောင်လက်စေနိုင်ခြင်း

သားရေဖိနပ်မျိုးတွေဟာ အချိန်ကြာလာတဲ့အခါမှာအရောင်မှိုင်းလာတတ်ပါတယ်။

ဒီအခါမှာ အာလူးကိုထက်ခြမ်းလှီးပြီး အာလူးနဲ့ ဖိနပ်ကိုပွတ်ပေးပါ။

ထို့နောက် ၅ မိနစ်လောက် အလင်းရောင်ရတဲ့နေရာတစ်ခုမှာထားလိုက်မယ်ဆိုရင်

ဖိနပ်တွေပြောင်လက်လာတာကိုတွေ့ရပါလိမ့်မယ်။

၅- ငွေထည်ချွတ်ဆေးအဖြစ်လည်းအသုံးပြုနိုင်ခြင်း

ငွေထည်တွေဟာ အချိန်ကြာလာတဲ့အခါမှာ မည်းလာလေ့ရှိပါတယ်။

ဒီငွေထည်ပစ္စည်းတွေကို အာလူးပြုတ်ရည် (အာလူးမပါ အရည်ချည်းသက်သက်) ထဲကို

တစ်နာရီလောက်စိမ်ထားပြီး

ပြန်ဆယ်လိုက်တဲ့အခါ မည်းညစ်နေတာတွေပျောက်ကွယ်သွားပါလိမ့်မယ်။

၆- ချိုင်းကြားအသားဖြူဆေးအဖြစ်သုံးနိုင်ခြင်း

ဓါတုဗေဒဆေးဝါးတွေသုံးမယ့်အစား သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့

အာလူးကိုသုံးရင် အန္တရယ်ကင်းတာပေါ့။

သင်လုပ်ရမှာတော့ အာလူးတွေကို ခြစ်နဲ့ခြစ်ထားပြီး

ဒီအာလူးတွေနဲ့ ချိုင်းကြားကို သုံးမိနစ်လောက်နှိပ်နယ်ပေးပါ။

ထို့နောက်တစ်နာရီလောက်ကြာအောင် စောင့်ပြီးရေဆေးလိုက်တဲ့အခါ ထူးခြားမှုကိုတွေ့ရပါလိမ့်မယ်။

၇- ခေါင်းကိုက်ပျောက်ဆေး

ခေါင်းအလွန်ကိုက်နေတဲ့အခါ ခေါင်းကိုက်ပျောက်ဆေးရှာမရတဲ့အချိန်မျိုးမှာ အာလူးကိုသုံးနိုင်ပါတယ်။

အာလူးတွေကို အကွင်းလေးတွေလှီးပြီးရေစင်စင်ဆေးကာ

ပတ်တီးတစ်ခုနဲ့ နှဖူးမှာ ပတ်ထားပေးပါ။

ထို့နောက် မျက်စိမှိတ်ပြီး လှဲလျောင်းအနားယူပါ။ ခေါင်းကိုက်ဝေဒနာ သက်သာသွားပါလိမ့်မယ်။

Writer – Min Thu

Credit:Daily Hot News

==============