News

ေခၚမရလို႔ အိမ္တံခါးကို ႐ိုက္ခ်ိဳးၿပီးဝင္ၾကည့္ရာ…

ေခၚမရလို႔ အိမ္တံခါးကို ႐ိုက္ခ်ိဳးၿပီးဝင္ၾကည့္ရာ…

ကိုဗစ္ေရာဂါကူးစက္မႈေတြအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္သူအမ်ားအျပားဟာ

အကူအညီမဲ့စြာနဲ႔ အသက္ေသဆုံးေနၾကေၾကာင္း စိတ္မေကာင္းစြာနဲ႔ သိ႐ွိရပါတယ္။

တစ္ေယာက္တည္းေနထိုင္ၿပီး ပတ္ဝန္းက်င္ကအဆက္အသြယ္မရတာေၾကာင့္ သြားၾကည့္ရာမွ

အသက္ေသဆုံးေနတဲ့ ျပည္သူေတြရဲ႕သတင္းေတြကိုလည္း မၾကာခဏျမင္ေတြ႕ရပါတယ္။

ယေန႔Julyလ(28)ရက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕၊ ဗဟိုလမ္းမေပၚ ပန္းတေနာ္လမ္းထိပ္၊ တိုက္(၄)လႊာမွာ

တစ္ေယာက္တည္းေနထိုင္ေနတဲ့ ျပည္သူကို ပတ္ဝန္းက်င္က ေခၚလို႔မရတာေၾကာင့္ ပရဟိတသမားေတြဆီ အကူအညီေတာင္းခံခဲ့ပါတယ္။

အကူအညီေတာင္းခံတာေၾကာင့္ ပရဟိတသမားေတြလာေရာက္ၿပီး အိမ္တံခါးကို ခက္ခက္ခဲခဲနဲ႔႐ိုက္ခ်ိဳးဝင္ေရာက္ကာ

ၾကည့္႐ူလိုက္ခ်ိန္မွာေတာ့ ေသဆုံးေနတဲ့ ျပည္သူတစ္ဦးရဲ႕ ႐ုပ္အေလာင္းကို ျမင္ေတြ႕ခဲ့ရပါတယ္။

အသက္ေသဆုံးေနတဲ့ အဆိုပါျပည္သူဟာ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အသက္မ႐ွိေတာ့တဲ့ ခႏၶာကိုယ္ကို ခုံေလးေပၚမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လူမသိသူမသိနဲ႔ ေသဆုံးသြားခဲ့ရၿပီး သနားစရာ​ေကာင္းသလို

ဝမ္းနည္းစရာလည္းေကာင္းတဲ့ အဆိုပါဗီဒီယိုဖိုင္ေလးကို ၾကည့္ကာ ျပည္သူေတြက စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ယခုျဖစ္ရပ္လိုပဲ စမ္းေခ်ာင္းၿမိဳ႕နယ္၊ၾကံခင္းလမ္းက အိမ္တစ္အိမ္ကို ဝင္ၾကည့္လိုက္ရာတြင္လည္း

အသက္ေသဆုံးေနတဲ့ ျပည္သူတစ္ဦးကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

သြားေရာက္ကူညီေပးခဲ့တဲ့ ပရဟိတသမားတစ္ဦးကေတာ့ ” ကဲေနာက္ထပ္ဗဟိုလမ္းမေပၚ ပန္းတေနာ္လမ္းထိပ္တိုက္(၄)လႊာ တစ္ေယာက္တည္းေနသူ

ေခၚမရ၍အကူအညီေတာင္းျပန္ “ဆိုၿပီး အဆိုပါဗီဒီယိုဖိုင္ေလးနဲ႔အတူ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

ပရဟိတသမားေတြက တံခါးကို ႐ိုက္ခ်ိဳးၿပီးအိမ္ထဲသို႔ဝင္ေရာက္ၾကည့္ရာ

ေသဆုံးေနတဲ့ ျပည္သူတစ္ဦးကို ေတြ႕ျမင္ခဲ့ရတဲ့ ဗီဒီယိုဖိုင္ကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source : Original Uploder

Photo Credit: Original Uploder

Unicode Version ျဖင္႔ဖတ္ရန္

ခေါ်မရလို့ အိမ်တံခါးကို ရိုက်ချိုးပြီးဝင်ကြည့်ရာ…

ကိုဗစ်ရောဂါကူးစက်မှုတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူအများအပြားဟာ

အကူအညီမဲ့စွာနဲ့ အသက်သေဆုံးနေကြကြောင်း စိတ်မကောင်းစွာနဲ့ သိရှိရပါတယ်။

တစ်ယောက်တည်းနေထိုင်ပြီး ပတ်ဝန်းကျင်ကအဆက်အသွယ်မရတာကြောင့် သွားကြည့်ရာမှ

အသက်သေဆုံးနေတဲ့ ပြည်သူတွေရဲ့သတင်းတွေကိုလည်း မကြာခဏမြင်တွေ့ရပါတယ်။

ယနေ့Julyလ(28)ရက်နေ့မှာတော့ ရန်ကုန်မြို့၊ ဗဟိုလမ်းမပေါ် ပန်းတနော်လမ်းထိပ်၊ တိုက်(၄)လွှာမှာ

တစ်ယောက်တည်းနေထိုင်နေတဲ့ ပြည်သူကို ပတ်ဝန်းကျင်က ခေါ်လို့မရတာကြောင့် ပရဟိတသမားတွေဆီ အကူအညီတောင်းခံခဲ့ပါတယ်။

အကူအညီတောင်းခံတာကြောင့် ပရဟိတသမားတွေလာရောက်ပြီး အိမ်တံခါးကို ခက်ခက်ခဲခဲနဲ့ရိုက်ချိုးဝင်ရောက်ကာ

ကြည့်ရူလိုက်ချိန်မှာတော့ သေဆုံးနေတဲ့ ပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းကို မြင်တွေ့ခဲ့ရပါတယ်။

အသက်သေဆုံးနေတဲ့ အဆိုပါပြည်သူဟာ အမျိုးသားတစ်ဦးဖြစ်ပြီး အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ခုံလေးပေါ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လူမသိသူမသိနဲ့ သေဆုံးသွားခဲ့ရပြီး သနားစရာ​ကောင်းသလို

ဝမ်းနည်းစရာလည်းကောင်းတဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ကြည့်ကာ ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

ယခုဖြစ်ရပ်လိုပဲ စမ်းချောင်းမြို့နယ်၊ကြံခင်းလမ်းက အိမ်တစ်အိမ်ကို ဝင်ကြည့်လိုက်ရာတွင်လည်း

အသက်သေဆုံးနေတဲ့ ပြည်သူတစ်ဦးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးကတော့ ” ကဲနောက်ထပ်ဗဟိုလမ်းမပေါ် ပန်းတနော်လမ်းထိပ်တိုက်(၄)လွှာ တစ်ယောက်တည်းနေသူ

ခေါ်မရ၍အကူအညီတောင်းပြန် “ဆိုပြီး အဆိုပါဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ပရဟိတသမားတွေက တံခါးကို ရိုက်ချိုးပြီးအိမ်ထဲသို့ဝင်ရောက်ကြည့်ရာ

သေဆုံးနေတဲ့ ပြည်သူတစ်ဦးကို တွေ့မြင်ခဲ့ရတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder

Unicode Version ဖြင့်ဖတ်ရန်