Beauty








(၁) မုန့်ဖုတ်ဆိုဒါ













(၃) နနွင်း

နနွင်းစ ဘတ်တီးရီုးယားတွေကို သေစေနိုင်ပြီး ယောင်ယမ်းမှုတွေကို လျော့ကျစေပါတယ်။




(၄) ကြက်ဥ





ခရက်ဒစ်

Unicode Version

ဆားဝက်ခြံမည်းမည်းကြီးတွေကို ဖယ်ရှားပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်း(၅)ခု…

မျက်နှာလှလှလေးမှာ အမည်းရောင်အပြောက်အပြောက်တွေနဲ့ ဆားဝက်ခြံမည်းမည်းကြီးတွေ ရှိနေရင်

ဘယ်လောက်ပဲ မျက်နှာကို သန့်စင်ထားထား ညစ်ညစ်ပတ်ပတ်ကြီးလို့ပဲ ထင်စေမှာပါနော်။

ဆားဝက်ခြံတွေပျောက်ဖို့အတွက် ဟိုဟာကောင်းတယ်ဆိုလည်း ဝယ်လိုက်၊ ဒီဟာကောင်းတယ်ဆိုလည်း ဝယ်လိုက်နဲ့

ပိုက်ဆံတွေ အကုန်အကျများနေတဲ့ ပျိုမေတို့အတွက် မီးဖိုချောင်ထဲမှာ အလွယ်တကူရှိနေတဲ့ ပစ္စည်းလေးတွေပဲသုံးပြီး

ဆားဝက်ခြံမည်းကြီးတွေကို ဖယ်ရှားပစ်လိုက်ရအောင်လား။

(၁) မုန့်ဖုတ်ဆိုဒါ

ဆားဝက်ခြံအတွက် အကောင်းဆုံးသော မီးဖိုချောင်သုံးပစ္စည်းကိုပြောပါဆိုရင် မုန့်ဖုတ်ဆိုဒါကို ပြောရမှာပါပဲ။

မုန့်ဖုတ်ဆိုတာဟာ ဆားဝက်ခြံတွေနဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့

အစွမ်းသတ္တိရှိပြီး မျက်နှာအရေပြားရဲ့ pH level ကိုလည်း ထိန်းငြိမ်ပေးပါတယ်။

အသုံးပြုပုံ- မုန့်ဖုန်ဆိုဒါ ၂ စွန်းနဲ့ ရေ ၂ စွန်းကို အချိုးကျရောမွှေပြီး ရလာတဲ့အနှစ်ကို ဆားဝက်ခြံတွေပေါ်မှာ

စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ သုံးရက်တစ်ခါ အသုံးပြုနိုင်ပါတယ်။

(၂) သကြားနဲ့ချေးချွတ်မယ်

သကြားနဲ့ homemade scrub တွေ လုပ်နေကြသလိုမျိုးပေါ့။

ဒီတစ်ခါတော့ သကြား၊ ပျားရည်နဲ့ သံပုရာရည်တို့ကို အသုံးပြုမှာပါ။

အသားအရေချောမွေ့စေပြီး ချေးချွတ်ပေးနိုင်ပါတယ်။

အသုံးပြုပုံ- သကြားညို ၂ စွန်း၊ ပျားရည်စစ်စစ် ၁ စွန်းနဲ့ သံပုရာရည် ၂ စွန်းတို့ကို ရောမွှေပြီး

ဆားဝက်ခြံတွေပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

သုံးရက်တစ်ခါ အသုံးပြုနိုင်ပါတယ်။

(၃) နနွင်း

နနွင်းစ ဘတ်တီးရီးုယားတွေကို သေစေနိုင်ပြီး ယောင်ယမ်းမှုတွေကို လျော့ကျစေပါတယ်။

ဒါပေမဲ့ သတိထား ရမှာတစ်ခုက နနွင်းရဲ့အရောင်ဟာမျက် နှာမှာ ခဏတော့ စွန်းထင်နိုင်ပါတယ်။

အသုံးပြုပုံ- နနွင်း ၁ စွန်း၊ အုန်းဆီ ၁ စွန်းတို့ကိုရောပြီး ဆားဝက်ခြံရှိတဲ့အပေါ်ကို လိမ်းထားပါ။

၁၅ မိနစ်လောက်နေရင် ရေဆေးချနိုင်ပါတယ်။

(၄) ကြက်ဥ

ဒီနည်းလမ်းကတော့ တော်တော်များများသိပြီးနေလောက်ပါပြီ။ တကယ်လည်း အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုပါ။

ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုသပေးနိုင်စွမ်းရှိတဲ့ အစားအသောက်များ

အသုံးပြုပါ- ကြကဥရဲ့ အကာကိုယူပြီး တစ်သျှူးပါးပါးလေးကို စိမ်လိုက်ပါ။

နောက် ဆားဝက်ခြံရှိတဲ့နားကို ကြက်ဥအကာစိုနေတဲ့ တစ်သျှူးကို ဖိထားပါ။ ခြောက်သွေ့သွားပြီဆိုရင် ဆွဲခွာနိုင်ပါပြီ။

ခရက်ဒစ်