Cele News


















Unicode

ပွဲအပြီး အောင်လအန်ဆန်းရဲ့ နှလုံးသားက ထွက်ကြလာတဲ့ စကားသံများ(ရုပ်သံ)

” ဒီပွဲ မထိုးခင် သူပြောထားတာ က ကျနော်က သူ့ကို ကြောက်နေတယ်တဲ့လေ။

ဒါကြောင့်မို့ လုံး၀ မကြောက်ဘူး ဆိုတာ ပြချင်လို့ အစောစောစီးစီး ဖွင့်ထိုးတာ ၊

မစ်ဒယ်ဝိတ်တန်း မှာ ကျနော် ကြောက်တဲ့ ဖိုက်တာ တစ်ယောက်မှ မရှိပါဘူး”

Q – ပွဲပီးတော့ ဥက္ကဌကြီး ချတ်ထရီဆီ သွားပြီး စကားပြောတာတွေ့လိုက်တယ်နော် ဘာတွေ ပြောတာလဲ?

“ကျနော်ပြောတာက ကြိုက်တဲ့ ကောင်နဲ့ ပွဲထပ်ပြီး တည်လို့ရတယ်။

ကျနော် ချန်ပီယံ ဖြစ်နေတုန်းကတော့ စိန်ခေါ်တဲ့လူတွေက အလျိုလျို ပေါ်လာကြတယ်လေ။

ကုန်ကုန်ပြောရရင် ဝယ်တာဝိတ် ချန်ပီယံ အဘာဆော့ ကတောင် စိန်ခေါ်ခဲ့တာပါ။ ပြီးရင် ယိုရှီယို အိုကာမီ ၊ ဘစ်ဒက်ရှ် တို့လဲ ကျန်ပါသေးတယ်။

အဲဒီတော့ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပွဲတွေ အများကြီး ထပ်တည်လို့ ရပါသေးတယ် ၊ ပွဲ ဖြစ်လိုက်ကြရအောင်ပါ။

Q – “ဒီအချိန်မှာ ချန်ပီယံဆု ကို စိန်ခေါ်ဖို့ အသင့်ပြန်ဖြစ်နေပြီလို့ ထင်လား?

ဘယ်ပရိသတ်ကမှ ပျင်းစရာ ကောင်းတဲ့ ပွဲတွေ မကြည့်ချင်ကြပါဘူး ၊ အဲဒီတော့ ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲတွေပဲ ဆက်ဆွဲကြရအောင်ဗျာ။

ကျနော် ကိုယ်တိုင်လဲ One Championship ပရိသတ်တွေကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပွဲမျိုးတွေပဲ ထိုးပြချင်ပါတယ်။

ဒီနေရာကနေ မြန်မာပြည်သူတွေ အားလုံးအတွက် ဆုတောင်းပေးချင်တယ်ဗျာ ၊ ဒီနှစ်ဟာ ကျနော်တို့ အားလုံးအတွက် ခက်ခဲတဲ့ နှစ်တနှစ်ပါ။

အထူသဖြင့် မြန်မာပြည်မှာ အခုလို အခက်ခဲတွေ ကြုံတွေ့နေတဲ့ အချိန်မျိုးမှာ ၊

ကျနော့်အတွက် Gym သွားပြီး ပြင်ဆင်မှုတွေ လုပ်ရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်။

တာဝန်ရှိတဲ့သူတွေ အနေနဲ့လဲ ကိုယ့် အတွက်ပဲ မကြည့်ကြပါနဲ့ မြန်မာပြည်သူတွေ ရဲ့ အနာဂတ်ကိုလဲ စဉ်းစားပေးကြပါဦး”