ကြားသိရသမျှ

ကိုဗစ္ေၾကာင့္ ေသဆုံးေနတာ သုံးရက္႐ွိေနတဲ့ အဖြားကို အဖိုးခမ်ာမသိဘဲ ႏွိပ္ေပးေန႐ွာတာတဲ႔…

ကိုဗစ္ေၾကာင့္ ေသဆုံးေနတာ သုံးရက္႐ွိေနတဲ့ အဖြားကို အဖိုးခမ်ာမသိဘဲ ႏွိပ္ေပးေန႐ွာတာတဲ႔…

တတိယလိႈင္း အေနနဲ႔ ျပန္လည္ျဖစ္ေပၚေနတဲ့ ကိုဗစ္ေရာဂါက အရင္ကထက္ ပိုမို ျပင္းထန္တာေၾကာင့္ ေရာဂါဒဏ္မခံႏိုင္တဲ့ သက္ႀကီး႐ြယ္အိုေတြ ၊

အျခားေသာ ေရာဂါ အခံ႐ွိသူေတြ ကူးစက္ခံရမယ္ဆိုရင္ အေတာ္ေလး ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္ ။

အရင္လို ေရာဂါကူးစက္ခံေနရရင္ေတာင္ လာေရာက္ ေခၚေဆာင္ေပးၿပီး ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးမယ့္ အသင္းအဖြဲ႕ေတြ မ႐ွိတာေၾကာင့္ ေသဆုံးသူေတြ မ်ားေနရပါတယ္။ ဒါ့ေၾကာင့္လည္း ပရဟိတ အသင္းသားေတြကပဲ အစြမ္းကုန္ ကူညီမႈေတြေပးေနၾကတာပါ ။

မေန႔ကဆိုရင္လည္း ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္ ရတနာလမ္းက အိမ္တစ္အိမ္မွာ အဖိုး အဖြား ႏွစ္ေယာက္တည္း ေနထိုင္ၿပီး ကိုဗစ္ေရာဂါကူးစက္ခံထားရတာေၾကာင့္ ကူညီမႈေတြ ျပဳလုပ္ေပးရန္ ပရဟိတ အသင္းသားေတြ သြားေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္ ။

ဒီလို သြားေရာက္ကူညီရင္း အိမ္ထဲေရာက္ေတာ့ အဖိုးျဖစ္သူကလည္း သတိလစ္ေနသလို အဖြားျဖစ္သူမွာလည္း ေသဆုံးေနတာ သုံးရက္ေလာက္႐ွိေနၿပီး အနံ႔ေတြလည္း ထြက္ေနတယ္လို႔ သိရပါတယ္ ။

အဖိုးခမ်ာ သတိျပန္ရေတာ့ အဖြားေသဆုံးေနတာမသိဘဲ သြားႏွိပ္ေပးေနတဲ့အေၾကာင္းကို “kmdရတနာပုံလမ္းအမွတ္၂၂အဘိုးနဲ႔ အဘြားက်မ္းမာေရးမေကာင္းဘူးဆိုလို႔ က်ေနာ္တို႔အဖြဲ႕ကူညီမယ္ဆို pသြားျဖစ္တယ္ ဟိုေရာက္ေတာ့အဘြားကဆုံးတာသုံးရက္ေတာင္႐ွိေနျပီ

 

အဘိုးကလဲသတိလစ္ေနတာက်ေနာ္တို႔ေရာက္သြားခ်ိန္မွ သတိျပန္ရလာျပီ၊ အဘြားကိုသြားႏွိပ္ေပးေနေသးတာ အဘြားကအနံ႔ေတာင္ထြက္ေနပီဗ်ာ ကူညီႏိုင္တာမွန္ သမွ်အကူန္ကူညီေပးခဲ့ေပမယ့္ အဘိူးကေတာ့ျခင္ကိုက္ခံထားရတဲ့ အဖုေတြအမ်ားႀကီးနဲ႔ ဒီညကိုဘယ္လိုမ်ားအိပ္မလဲဆိုp ေတြးပူရင္ေမာေနရတယ္ဗ်ာ ” ဆိုၿပီး ဝမ္းနည္းစြာ ေျပာၾကားထားတာေတြ႕ရပါတယ္ ။

ပရိသတ္ႀကီးအတြက္ အဖိုးနဲ႔ အဖြားရဲ႕ စိတ္မေကာင္းစရာ အျဖစ္ေလးကို ျပန္လည္ေဝမွ်ေပးရင္း အဖိုးလည္း အျမန္က်န္းမာပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Photo Credit : Original Uploader

Unicode Version

ကိုဗစ်ကြောင့် သေဆုံးနေတာ သုံးရက်ရှိနေတဲ့ အဖွားကို အဖိုးခမျာမသိဘဲ နှိပ်ပေးနေရှာတာတဲ့…

တတိယလှိုင်း အနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါက အရင်ကထက် ပိုမို ပြင်းထန်တာကြောင့် ရောဂါဒဏ်မခံနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ၊

အခြားသော ရောဂါ အခံရှိသူတွေ ကူးစက်ခံရမယ်ဆိုရင် အတော်လေး ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

အရင်လို ရောဂါကူးစက်ခံနေရရင်တောင် လာရောက် ခေါ်ဆောင်ပေးပြီး ကြည့်ရှုစောင့်ရှောက်ပေးမယ့် အသင်းအဖွဲ့တွေ မရှိတာကြောင့် သေဆုံးသူတွေ များနေရပါတယ်။ ဒါ့ကြောင့်လည်း ပရဟိတ အသင်းသားတွေကပဲ အစွမ်းကုန် ကူညီမှုတွေပေးနေကြတာပါ ။

မနေ့ကဆိုရင်လည်း ကြည့်မြင်တိုင် မြို့နယ် ရတနာလမ်းက အိမ်တစ်အိမ်မှာ အဖိုး အဖွား နှစ်ယောက်တည်း နေထိုင်ပြီး ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် ကူညီမှုတွေ ပြုလုပ်ပေးရန် ပရဟိတ အသင်းသားတွေ သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ် ။

ဒီလို သွားရောက်ကူညီရင်း အိမ်ထဲရောက်တော့ အဖိုးဖြစ်သူကလည်း သတိလစ်နေသလို အဖွားဖြစ်သူမှာလည်း သေဆုံးနေတာ သုံးရက်လောက်ရှိနေပြီး အနံ့တွေလည်း ထွက်နေတယ်လို့ သိရပါတယ် ။

အဖိုးခမျာ သတိပြန်ရတော့ အဖွားသေဆုံးနေတာမသိဘဲ သွားနှိပ်ပေးနေတဲ့အကြောင်းကို “kmdရတနာပုံလမ်းအမှတ်၂၂အဘိုးနဲ့ အဘွားကျမ်းမာရေးမကောင်းဘူးဆိုလို့ ကျနော်တို့အဖွဲ့ကူညီမယ်ဆို pသွားဖြစ်တယ် ဟိုရောက်တော့အဘွားကဆုံးတာသုံးရက်တောင်ရှိနေပြီ

အဘိုးကလဲသတိလစ်နေတာကျနော်တို့ရောက်သွားချိန်မှ သတိပြန်ရလာပြီ၊ အဘွားကိုသွားနှိပ်ပေးနေသေးတာ အဘွားကအနံ့တောင်ထွက်နေပီဗျာ ကူညီနိုင်တာမှန် သမျှအကူန်ကူညီပေးခဲ့ပေမယ့် အဘိူးကတော့ခြင်ကိုက်ခံထားရတဲ့ အဖုတွေအများကြီးနဲ့ ဒီညကိုဘယ်လိုများအိပ်မလဲဆိုp တွေးပူရင်မောနေရတယ်ဗျာ ” ဆိုပြီး ဝမ်းနည်းစွာ ပြောကြားထားတာတွေ့ရပါတယ် ။

ပရိသတ်ကြီးအတွက် အဖိုးနဲ့ အဖွားရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြန်လည်ဝေမျှပေးရင်း အဖိုးလည်း အမြန်ကျန်းမာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader