General News

ပလတ်စတစ်ဆာဂျရီ ပြုလုပ်ထားခြင်းမရှိပဲ သဘာဝအတိုင်းချောမောကြတဲ့ နာမည်ကြီးကိုရီးယားအနုပညာရှင်(၅)ဦး

ပလတ်စတစ်ဆာဂျရီ ပြုလုပ်ထားခြင်းမရှိပဲ သဘာဝအတိုင်းချောမောကြတဲ့ နာမည်ကြီးကိုရီးယားအနုပညာရှင်(၅)ဦး

ကိုရီးယားသရုပ်ဆောင်အတော်များများဟာ ရုပ်ရည်နဲ့ပက်သက်ပြီး အရမ်းဂရုစိုက်တတ်ကြသူတွေဖြစ်ကာ သူတို့ရဲ့ချောမောပြည့်စုံတဲ့ ပုံပန်းသဏ္ဍာန်ကိုပဲ ပရိသတ်တွေကိုချပြချင်လေ့ရှိကြပါတယ်။

အာ့တာကြောင့် ပလတ်စတစ်ဆာဂျရီလုပ်ကာ ပြင်ကြတဲ့အနုပညာရှင်တွေအတော်တော်များများ ရှိကြသလို ပြင်ထားစရာမလိုပဲ နဂိုချောမောကြတဲ့ အနုပညာရှင်တွေလည်းရှိကြပါတယ်။

၎င်းတို့ထဲမှာမှ နဂိုအတိုင်းချောမောကြတဲ့ နာမည်ကြီးမင်းသား (၅)ဦးကိုဖော်ပြပေးချင်ပါတယ် …။

No.1 Lee Min Ho

တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်တဲ့ Lee Min Hoကတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်စရာမလိုတဲ့သူပါ။ သူဟာ မင်းသားတစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်သူဖြစ်ပြီး internationalအထိ ထိုးဖောက်အောင်မြင်နေတဲ့သူပဲဖြစ်ပါတယ် …။

No.2 Kim Soo Hyun

“My love from the star” ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးခဲ့တဲ့ Kim Soo Hyunဟာ အခုလက်ရှိမှာလည်း အောင်မြင်မှုများစွာရရှိနေပြီး ဆာဂျရီလုပ်ထားခြင်းမရှိတဲ့ ယောကျာ်းပီသတဲ့ မင်းသားချောတစ်ယောက်ပဲ ဖြစ်ပါတယ်။

No.3 Song Jong Ki

“Descendants of the Sun” ဇာတ်ကားကနေ အောင်မြင်မှုများစွာရရှိခဲ့ပြီး တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်တဲ့ Song Jong Kiဟာလည်း ဆာဂျရီပြုလုပ်ထားခြင်းမရှိတဲ့ မင်းသားတစ်ယောက်ပါ။ သူဟာ Arthdal Chronicles နဲ့ Vincenzo ဇာတ်လမ်းတွဲတို့မှာလည်း အောင်မြင်မှုတွေများစွာရရှိထားတာပါ။

No.4 Cha Eun Woo

Astroအဖွဲ့ဝင် Cha Eun Wooဟာ သူ့ရဲ့ရုပ်ရည်နဲ့ပက်သက်ပြီး အတော်လေးကို နာမည်ကြီးတဲ့အနုပညာရှင်တစ်ဦးပါ။ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့ပေမယ့် အခုအခါမှာတော့ ဇာတ်လမ်းတွဲအတော်များများ ရိုက်ကူးလာနေပြီး မကြာသေးခင်ကထွက်ရှိထားတဲ့ True Beauty ဒရမ်မာနဲ့အောင်မြင်မှုတွေရရှိထားတာပါ။

No.5 Hwang In Yeop

True Beauty ဒရမ်မာမှာ second leadအနေနဲ့ သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ Hwang In Yeopဟာလည်း ဆာဂျရီပြုလုပ်ထားခြင်းမရှိတဲ့ မင်းသားတစ်ယောက်ပါ။ သူဟာ သရုပ်ဆောင်စွမ်းရည်သာမက အဆိုပိုင်းမှာပါ Talentရှိတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံမှုအများအပြားရရှိနေတဲ့ သူပဲဖြစ်ပါတယ် …။

သတင်းအရင်းမြစ် – Twitter

Credit