ကြားသိရသမျှ

စားဝတ္ေနေရးအခက္အခဲေၾကာင့္ အေပါင္ဆိုင္ဖြင့္ဖြင့္ခ်င္းမွာပဲ ႀကိတ္ႀကိတ္တိုးေပါင္ႏွံေနၾကတဲ့ ျပည္သူေတြ…

စားဝတ္ေနေရးအခက္အခဲေၾကာင့္ အေပါင္ဆိုင္ဖြင့္ဖြင့္ခ်င္းမွာပဲ ႀကိတ္ႀကိတ္တိုးေပါင္ႏွံေနၾကတဲ့ ျပည္သူေတြ…

ျပည္သူေတြရဲ႕ခက္ခဲလြန္းတဲ့ဘဝေတြဟာ ေျပာရင္မကုန္ႏိုင္ေလာက္ပါဘူး။ အေျခခံလူတန္းစားမ်ားတဲ့ ျမန္မာႏိုင္ငံမွာ အခက္အခဲကိုယ္စီရင္ဆိုင္ေနၾကရသူေတြရဲ႕ဘဝဟာ အခုလို ကပ္ေရာဂါေဘး စစ္ေဘးေတြေၾကာင့္ နစ္မြန္းသထက္နစ္မြန္းလာခဲ့ရပါတယ္။

ဒီေန႔ ၾသဂုတ္လ (၁) ရက္ေန႔မွာေတာ့ ဇီးကုန္းၿမိဳ႕မွာ အေပါင္ဆိုင္အခ်ိဳ႕ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး စားဝတ္ေနေရးအခက္အခဲအတြက္ ႐ွိတာေလးေတြ ေပါင္ႏွံႏိုင္ဖို႔အေရး ျပည္သူေတြဟာ အေပါင္ဆိုင္မွာ ႀကိတ္ႀကိတ္တိုးေနခဲ့ၾကပါတယ္။ အခုလို ကပ္ေရာဂါကာလမွာ လာေရာက္ေပါင္ႏွံသူတစ္ေယာက္ေယာက္ထဲမွာမ်ားေရာဂါပိုး ပါလာခဲ့မယ္ဆိုရင္ ေနာက္ဆက္တြဲဟာ တကယ္ကိုမေတြးရဲစရာပါပဲ။

သို႔ေပမယ့္လည္း လတ္တေလာအဆင္ေျပေရးက ပိုအေရးႀကီးေနတာေၾကာင့္ ေရာဂါပိုးကိုေတာင္ မမႈေတာ့ဘဲ မိသားစုစားဝတ္ေနေရးအတြက္ ႐ွိတာေလးကိုလာေရာက္ေပါင္ႏွံၾကတာျဖစ္ပါတယ္။ ဒီလိုစိတ္မေကာင္းစရာပုံရိပ္ေတြကို ဇီးကုန္းၿမိဳ႕က ျပည္သူတစ္ေယာက္က ဝမ္းနည္းတသနဲ႔ ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။

ျမင္ေတြ႕ရတဲ့ျပည္သူေတြဟာလည္း က်ပ္တည္းလြန္းတဲ့ ဘဝေတြအတြက္ ယူက်ံဳးမရျဖစ္ၿပီး စိတ္မေကာင္းတဲ့အေၾကာင္း မွတ္ခ်က္ေတြအမ်ားအျပားေပးခဲ့ၾကပါတယ္။ ကပ္ေဘးေတြၾကဳံေတြ႕ေနရတဲ့ျပည္သူေတြဟာ အခ်ိန္အၾကာႀကီးေတာင့္ခံႏိုင္ဖို႔ဆိုတာ အဆင္မေျပႏိုင္ပါဘူး။

တစ္တိုင္းျပည္လုံးက်ပ္တည္းေနၾကသလို ျပည္သူ႕ေအာင္ပြဲကိုယူေဆာင္လာေပးမယ့္ PDF လူငယ္ေတြဟာလည္း ေတာထဲမွာဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္။ ဒီလိုက်ပ္တည္းေနတဲ့ၾကားကပဲ ျပည္သူအတြက္ျပည္သူဆိုတဲ့စကားေလးအတိုင္း ျပည္သူအခ်င္းခ်င္း အျပန္အလွန္ကူညီၾကသလို

ေတာထဲက PDF လူငယ္ေတြအတြက္လည္း လိုအပ္တဲ့ေထာက္ပံ့မႈေတြ အၿမဲလုပ္ေပးေနခဲ့ၾကပါတယ္။ အေရးေတာ္ပုံေအာင္ျမင္ၿပီး တစ္ႏိုင္ငံလုံးေပ်ာ္႐ႊင္ရမယ့္ေန႔ရက္ေတြကိုေရာက္လာဖို႔အတြက္ အားလုံးက အားက်ိဳးမာန္တက္နဲ႔ ႀကိဳးစားေနခဲ့ၾကပါတယ္။

Photo Credit – ေဇာ္ဝိတ္’s FB Acc

သတင္းအရင္းျမစ္: ေဇာ္ဝိတ္’s FB Acc

စားဝတ်နေရေးအခက်အခဲကြောင့် အပေါင်ဆိုင်ဖွင့်ဖွင့်ချင်းမှာပဲ ကြိတ်ကြိတ်တိုးပေါင်နှံနေကြတဲ့ ပြည်သူတွေ…

ပြည်သူတွေရဲ့ခက်ခဲလွန်းတဲ့ဘဝတွေဟာ ပြောရင်မကုန်နိုင်လောက်ပါဘူး။ အခြေခံလူတန်းစားများတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲကိုယ်စီရင်ဆိုင်နေကြရသူတွေရဲ့ဘဝဟာ အခုလို ကပ်ရောဂါဘေး စစ်ဘေးတွေကြောင့် နစ်မွန်းသထက်နစ်မွန်းလာခဲ့ရပါတယ်။

ဒီနေ့ သြဂုတ်လ (၁) ရက်နေ့မှာတော့ ဇီးကုန်းမြို့မှာ အပေါင်ဆိုင်အချို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စားဝတ်နေရေးအခက်အခဲအတွက် ရှိတာလေးတွေ ပေါင်နှံနိုင်ဖို့အရေး ပြည်သူတွေဟာ အပေါင်ဆိုင်မှာ ကြိတ်ကြိတ်တိုးနေခဲ့ကြပါတယ်။ အခုလို ကပ်ရောဂါကာလမှာ လာရောက်ပေါင်နှံသူတစ်ယောက်ယောက်ထဲမှာများရောဂါပိုး ပါလာခဲ့မယ်ဆိုရင် နောက်ဆက်တွဲဟာ တကယ်ကိုမတွေးရဲစရာပါပဲ။

သို့ပေမယ့်လည်း လတ်တလောအဆင်ပြေရေးက ပိုအရေးကြီးနေတာကြောင့် ရောဂါပိုးကိုတောင် မမှုတော့ဘဲ မိသားစုစားဝတ်နေရေးအတွက် ရှိတာလေးကိုလာရောက်ပေါင်နှံကြတာဖြစ်ပါတယ်။ ဒီလိုစိတ်မကောင်းစရာပုံရိပ်တွေကို ဇီးကုန်းမြို့က ပြည်သူတစ်ယောက်က ဝမ်းနည်းတသနဲ့ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ပြည်သူတွေဟာလည်း ကျပ်တည်းလွန်းတဲ့ ဘဝတွေအတွက် ယူကျုံးမရဖြစ်ပြီး စိတ်မကောင်းတဲ့အကြောင်း မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ ကပ်ဘေးတွေကြုံတွေ့နေရတဲ့ပြည်သူတွေဟာ အချိန်အကြာကြီးတောင့်ခံနိုင်ဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူး။

တစ်တိုင်းပြည်လုံးကျပ်တည်းနေကြသလို ပြည်သူ့အောင်ပွဲကိုယူဆောင်လာပေးမယ့် PDF လူငယ်တွေဟာလည်း တောထဲမှာဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒီလိုကျပ်တည်းနေတဲ့ကြားကပဲ ပြည်သူအတွက်ပြည်သူဆိုတဲ့စကားလေးအတိုင်း ပြည်သူအချင်းချင်း အပြန်အလှန်ကူညီကြသလို

တောထဲက PDF လူငယ်တွေအတွက်လည်း လိုအပ်တဲ့ထောက်ပံ့မှုတွေ အမြဲလုပ်ပေးနေခဲ့ကြပါတယ်။ အရေးတော်ပုံအောင်မြင်ပြီး တစ်နိုင်ငံလုံးပျော်ရွှင်ရမယ့်နေ့ရက်တွေကိုရောက်လာဖို့အတွက် အားလုံးက အားကျိုးမာန်တက်နဲ့ ကြိုးစားနေခဲ့ကြပါတယ်။

Photo Credit – ဇော်ဝိတ်’s FB Acc

သတင်းအရင်းမြစ်: ဇော်ဝိတ်’s FB Acc