ကြားသိရသမျှ

ရဲရဲရင့်ရင့်နဲ့ နောက်ဆုံးအချိန်ထိ အာဏာရှင်ကိုတွန်းလှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ မြိုင်PDFခေါင်းဆောင်…

ရဲရဲရင့်ရင့်နဲ့ နောက်ဆုံးအချိန်ထိ အာဏာရှင်ကိုတွန်းလှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ မြိုင်PDFခေါင်းဆောင်…

လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ပြီး စစ်ပညာသင်ကြားကာ အာဏာရှင်ကိုတွန်းလှန်နေတဲ့ ပြည်သူတွေလည်းရှိသလို သပိတ်တွေဆင်နွှဲပြီး အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ သြဂုတ်လ(၁)ရက်နေ့ မနေ့ကတော့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ စစ်ကောင်စီတပ်တို့ ဗဟင်းကျေးရွာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ် ။

အဆိုပါပစ်ခတ်မှုတွေကြောင့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုဖိုးဌေးတစ်ယောက် ကျဆုံးသွားခဲ့ရပါတယ်။

ကိုဖိုးဌေးဟာ အသက်နဲ့ရင်းပြီး တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရင်း အခုလိုကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့ ကိုဖိုးဌေးဟာ မြိုင်မြို့နယ် NLDအလုပ်အမှုဆောင်တစ်ယောက်ဖြစ်သလို အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာမှာလည်း မြိုင်မြို့သပိတ်ခေါင်းဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့သူဖြစ်ပါတယ်။

မတ်လ (၁၁)ရက် မြိုင်မြို့အကြမ်းဖက်ဖြိုခွင်းခံရပြီးချိန်မှာတော့ လက်နက်ကိုင်နည်းလမ်းနဲ့ တိုက်ထုတ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ ကိုဖိုးဌေးဟာ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ပြီး အာဏာရှင်ကို တိုက်ထုတ်ရင်း အခုလိုကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

တိုင်းပြည်အတွက် တာဝန်ကျေပွန်လွန်းတဲ့ မြိုင်PDFခေါင်းဆောင်ကိုဖိုးဌေးတစ်ယောက် အခုလိုကျဆုံးသွားလို့ ပြည်သူတွေက ဝမ်းနည်းကြေကွဲပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ မြိုင်PDFကတော့ ခေါင်းဆောင်ဖြစ်သူကိုဖိုးဌေးကျဆုံးသွား​ပြီဖြစ်ကြောင်းကို အတည်ပြုထုတ်ပြန်ထားခဲ့ပါတယ်။

တိုင်းပြည်နဲ့လူမျိုးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရင်း အသက်ပေးလိုက်ရတဲ့ မြိုင်PDFခေါင်းဆောင်ကိုဖိုးဌေးတစ်ယောက် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder

Zawgyi

ရဲရဲရင့္ရင့္နဲ႔ ေနာက္ဆုံးအခ်ိန္ထိ အာဏာ႐ွင္ကိုတြန္းလွန္ရင္း က်ဆုံးသြားခဲ့ရတဲ့ ၿမိဳင္PDFေခါင္းေဆာင္…

လက္နက္ကိုင္လမ္းစဥ္ကိုေ႐ြးခ်ယ္ၿပီး စစ္ပညာသင္ၾကားကာ အာဏာ႐ွင္ကိုတြန္းလွန္ေနတဲ့ ျပည္သူေတြလည္း႐ွိသလို သပိတ္ေတြဆင္ႏႊဲၿပီး အာဏာ႐ွင္အလိုမ႐ွိေၾကာင္း ဆန္႔က်င္ဆႏၵျပေနတဲ့ ျပည္သူေတြလည္း႐ွိၾကပါတယ္။ ၾသဂုတ္လ(၁)ရက္ေန႔ မေန႔ကေတာ့ ၿမိဳင္ျပည္သူ႕ကာကြယ္ေရးတပ္(PDF)နဲ႔ စစ္ေကာင္စီတပ္တို႔ ဗဟင္းေက်း႐ြာမွာ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ပါတယ္ ။

အဆိုပါပစ္ခတ္မႈေတြေၾကာင့္ ၿမိဳင္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ကိုဖိုးေဌးတစ္ေယာက္ က်ဆုံးသြားခဲ့ရပါတယ္။

ကိုဖိုးေဌးဟာ အသက္နဲ႔ရင္းၿပီး တိုင္းျပည္တာဝန္ကိုထမ္းေဆာင္ရင္း အခုလိုက်ဆုံးသြားခဲ့ရတာျဖစ္ပါတယ္။ တိုင္းျပည္အတြက္ စြန္႔လႊတ္အနစ္နာခံသြားတဲ့ ကိုဖိုးေဌးဟာ ၿမိဳင္ၿမိဳ႕နယ္ NLDအလုပ္အမႈေဆာင္တစ္ေယာက္ျဖစ္သလို အာဏာသိမ္းမႈကို ကန္႔ကြက္ဆႏၵျပရာမွာလည္း ၿမိဳင္ၿမိဳ႕သပိတ္ေခါင္းေဆာင္တစ္ေယာက္အျဖစ္ ရပ္တည္ခဲ့သူျဖစ္ပါတယ္။

မတ္လ (၁၁)ရက္ ၿမိဳင္ၿမိဳ႕အၾကမ္းဖက္ၿဖိဳခြင္းခံရၿပီးခ်ိန္မွာေတာ့ လက္နက္ကိုင္နည္းလမ္းနဲ႔ တိုက္ထုတ္မွရမယ္ဆိုတဲ့ခံယူခ်က္နဲ႔ ကိုဖိုးေဌးဟာ လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ၿပီး အာဏာ႐ွင္ကို တိုက္ထုတ္ရင္း အခုလိုက်ဆုံးသြားခဲ့တာျဖစ္ပါတယ္။

တိုင္းျပည္အတြက္ တာဝန္ေက်ပြန္လြန္းတဲ့ ၿမိဳင္PDFေခါင္းေဆာင္ကိုဖိုးေဌးတစ္ေယာက္ အခုလိုက်ဆုံးသြားလို႔ ျပည္သူေတြက ဝမ္းနည္းေၾကကြဲၿပီး စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ၿမိဳင္PDFကေတာ့ ေခါင္းေဆာင္ျဖစ္သူကိုဖိုးေဌးက်ဆုံးသြား​ၿပီျဖစ္ေၾကာင္းကို အတည္ျပဳထုတ္ျပန္ထားခဲ့ပါတယ္။

တိုင္းျပည္နဲ႔လူမ်ိဳးရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ရင္း အသက္ေပးလိုက္ရတဲ့ ၿမိဳင္PDFေခါင္းေဆာင္ကိုဖိုးေဌးတစ္ေယာက္ ေကာင္းရာဘုံဘဝသို႔ ေရာက္႐ွိပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သေပးလိုက္ရပါတယ္။

Source: Original Uploder

Photo Credit: Original Uploder