Astrology

တနင်္ဂနွေသားသမီးများအတွက် (၈)လပိုင်း တစ်လစာဟောစာတမ်း…

တနင်္ဂနွေသားသမီးများအတွက် (၈)လပိုင်း တစ်လစာဟောစာတမ်း…

ဤလအတွင်း၌ သင်သည် မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။

သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။

လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။

သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။

အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ဝင်မည်။ အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။

ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။

လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။

ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။

မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။ ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။

အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ပတ္တမြား မြ ထွက်တတ်သည်။ ယခုကာလတွင် အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။

ကလေးများကို ချောကလက် လက်ဆောင်ပေးလိုက်ပါ။ ဘုရားဆင်းတုတော် ရင်ဘတ်တော်အား ရွှေချပါ။

Zawgyi Version

တနဂၤေႏြသားသမီးမ်ားအတြက္ (၈)လပိုင္း တစ္လစာေဟာစာတမ္း…

ဤလအတြင္း၌ သင္သည္ ေျမကိစၥ အေမြႏွစ္ကိစၥမ်ားၾကဳံရတတ္သည္။ ေငြ႐ွာရ လြယ္ကူေပမယ့္ စုေဆာင္း၍ မရ၊။ ေငြဝင္လွ်င္ ကိုင္မထားရ၊ ေ႐ႊဝယ္ထားပါ။ ဘုရားဆင္းတုေတာ္၊ ပုံေတာ္မ်ား ႂကြလာမည္။

သင့္အတြက္ အလြန္ေကာင္းေသာနိမိတ္ ျဖစ္ပါသည္ နာေရးကိစၥကို အေၾကာင္းျပ၍ ခရီးသြားရတတ္သည္။ ဆရာသမားကဲသို႔ေသာ ပုဂၢိဳလ္မ်ားႏွင့္ အဆင္မေျပ ျဖစ္မည္။

လုပ္ေဖာ္ကိုင္လက္မ်ား မိတ္ေဆြမ်ားႏွင့္ အဆင္မေျပ လမ္းခြဲ ရတတ္သည္။အထူးသတိျပဳရန္ အိမ္ေထာင္႐ွိသူဆိုလွ်င္ အိမ္ေထာင္ဘက္ႏွင့္ အဆင္မေျပ ႀကီးစြာျဖစ္တတ္သည္။

သြပ္၊ သံ၊ သစ္တစ္ပတ္ရစ္ ပစၥည္းလက္မခံပါႏွင့္၊ ေအာက္လက္ငယ္သား ဒုကၡေပးတတ္သည္။ အလႉအတန္းျပဳရျခင္း၊ မဂၤလာပြဲမ်ား စီစဥ္ေပးရျခင္းမ်ား ျပဳလုပ္ရတတ္သည္။

အလုပ္ေနရာ အိမ္ေနရာ ေျပာင္းေ႐ႊ႕ရတတ္သည္။ ေ႐ႊဝင္မည္။ ရတနာပစၥည္းမ်ား ဝင္မည္။ အဘက္ဘက္မွာ စိတ္ခ်မ္းသာစရာမ်ား ၾကဳံေတြ႕လာရလိမ့္မည္။

ယခုကာလတြင္ အိမ္ေထာင္ျပဳပါက တည္ၿမဲေသာ အိမ္ေထာင္မျဖစ္ႏိုင္၊ အိမ္ေထာင္ျပဳလွ်င္ သားသမီး ပါလာတတ္သည္။

လုပ္ငန္းသစ္မ်ား စတင္ရတတ္သည္။ ထိုလုပ္ငန္းမ်ားသည္လည္း လြန္စြာက်ိဳးေပး ေအာင္ျမင္မည္။

ဤကာလတြင္ ကိုယ္စိတ္ႏႈတ္သုံးပါးကို မေဖာက္မျပန္ တည္တည္ ၾကည္ၾကည္ ထိန္းသိမ္းႏိုင္သူေတြ တန္ဖိုးႀကီးမားေသာ ဘဝသို႔ ေရာက္ႏိုင္သည္။

မထိန္းသိမ္းႏိုင္သူ အဖို႔ ေရႏွင့္ထိေသာ ႐ႊံ႕ႏြံဘ၀ ေရာက္ႏိုင္သည္။ ဤကာလအတြင္း၌ စီးပြားအလြန္ေကာင္းသကဲ့သို႔ ကိုယ္က်င့္တရား အထူးအေရးႀကီးေသာ အခ်ိန္ျဖစ္ပါသည္။

အမႈအခင္ျဖစ္ေနသူကို ေငြမေခ်းပါႏွင့္၊ အာမခံ မလိုက္ပါႏွင့္၊ သတိျပဳ၍ ေ႐ွာင္ၾကဥ္ပါ။ပတၱျမား ျမ ထြက္တတ္သည္။ ယခုကာလတြင္ အစားမွား ေဆးမွားျဖစ္ျခင္း သြားဒုကၡေပး ျခင္းမ်ား ၾကဳံရမည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရ႐ွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား၊ သက္သာေျပေပ်ာက္ေစရန္ ေအာက္ပါယၾတာ မ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ ။

ကေလးမ်ားကို ေခ်ာကလက္ လက္ေဆာင္ေပးလိုက္ပါ။ ဘုရားဆင္းတုေတာ္ ရင္ဘတ္ေတာ္အား ေ႐ႊခ်ပါ။