Knowledge

အိပ်ရင် ဖက်စရာတစ်ခုခုရှိမှ အိပ်တတ်တဲ့သူတွေရဲ့ နောက်ကွယ်ကအကြောင်းရင်း…

အိပ်ရင် ဖက်စရာတစ်ခုခုရှိမှ အိပ်တတ်တဲ့သူတွေရဲ့ နောက်ကွယ်ကအကြောင်းရင်း…

ညဘက်မှာ တစ်ခုခု ဖက်စရာမှ ဘေးမှာ မရှိရင် အိပ်လို့ မရဘူးဆိုတဲ့ သူတွေကို တွေ့ဖူးမယ်ထင်ပါတယ်။ဒါမှမဟုတ် သင်ကိုယ်တိုင်က လည်း ဖက်စရာတစ်ခုခုကို အိပ်ခါနီးတိုင်း လိုအပ်နေတတ်သူလား။အိပ်ရာမှ ဖက်စရာ တစ်ခုခုရှိမှ အိပ်ပျော်တယ်ဆိုတဲ့ နောက်ကွယ်မှာ ဒီအကြောင်းပြချက်တွေ ရှိနေပါတယ်။ ကိုယ်နှင့် တိုက်ဆိုင်လားဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်

၁။ အထီးကျန်ခြင်းမုန်းတီးသူ

ညဘက်မှာတစ်စုံတစ်ခုကို ဖက်အိပ်ရခြင်းကို သဘောကျတဲ့ တစ်စုံတစ်ယောက် ကတော့ သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။ဖက်ခေါင်းအုံးပဲဖြစ်ဖြစ် အရုပ်ပဲဖြစ်ဖြစ် ဖက်ရတဲ့ အခါမှာ ရတဲ့ ခံစားချက်က ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ဖက်ရတဲ့ အခါမှာ ခံစားရသလို နွေးထွေးမှုနှင့် အထီးကျန်မှုတွေကို ပြေပျောက်စေတယ်လို့ဆိုပါတယ်။

တစ်နေကုန် ပင်ပန်းပြီးတဲ့ နောက်တစ်ယောက်တည်း အိပ်ရတဲ့ အခါမှာ အထီးကျန်ခြင်းကို ခံစားနေမယ့်အစား တစ်စုံတစ်ခုကို ဖက်ပြီး အိပ်ပျော်သွားတာက သိပ်ကို ကောင်းတဲ့ခံစားချက်လို့ ဆိုပါတယ်။

၂။ သံယောစဉ်ကြီးမားသူ

ဖက်စရာတစ်ခုခုရှိမှ အိပ်ပျော်တတ်သူတွေက အလွယ်တကူပဲ ခင်တွယ်တတ်သူတွေဖြစ်ပြီး သံယောစဉ် ကြီးမားတတ်ကြလို့ပဲဖြစ်ပါတယ်။ဖက်စရာတစ်ခုခုနှင့် အိပ်တတ်တဲ့ သူတစ်ယောက်ဟာ ဆက်ဆံရေးတွေ အထူးသဖြင့် မိသားစု မှာနွေးထွေးကူညီတတ်ပြီး ချစ်ခြင်းတွေကို ပေးကြလေ့ရှိပါတယ်။

၃။ ဖက်ခြင်းအလေ့အထရှိနေသူ

ဖက်ခြင်းက ကျွန်မတို့ကို နွေးထွေးတဲ့ စိတ်ခံစားမှုကို ရစေပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ သူကို ဖက်လေ့ရှိတဲ့ သူတစ်ယောက်ဟာ တစ်ယောက်တည်း အိပ်စက်ရတဲ့ အခါမှာ ဖက်အိပ်ချင်တဲ့ အလေ့အထရှိနေတာကြောင့် တစ်စုံတစ်ခုကို မဖက်ဘဲ အိပ်မပျော်တာပဲဖြစ်ပါတယ်

၄။ စိတ်ဓာတ်ကျနေချိန်

စိတ်ဓာတ်တွေကျပြီး ဘာမှလုပ်ချင်စိတ်မရှိတဲ့ အခါမှာ လူတိုင်း ကအိပ်ရာထဲမှာ လှဲနေကြလေ့ရှိပါတယ်။အိပ်ပျော်သွားတာမဟုတ်ဘဲ လမ်းပျောက်နေတဲ့ခံစားချက်များကြောင့် သင့်ကို စိတ်ပင်ပန်းစေပါတယ်။အဲ့ ဒီ့အချိန်မှာ တစ်စုံတစ်ခုကို ဖက်ပြီး အိပ်ပျေ်ာအောင်လုပ်မယ်ဆိုရင်တော့ သင့်ကို စိတ်သက်သာရာရစေမှာပဲဖြစ်ပါတယ်။

Zawgyi Version

အိပ္ရင္ ဖက္စရာတစ္ခုခု႐ွိမွ အိပ္တတ္တဲ့သူေတြရဲ႕ ေနာက္ကြယ္ကအေၾကာင္းရင္း…

ညဘက္မွာ တစ္ခုခု ဖက္စရာမွ ေဘးမွာ မ႐ွိရင္ အိပ္လို႔ မရဘူးဆိုတဲ့ သူေတြကို ေတြ႕ဖူးမယ္ထင္ပါတယ္။ဒါမွမဟုတ္ သင္ကိုယ္တိုင္က လည္း ဖက္စရာတစ္ခုခုကို အိပ္ခါနီးတိုင္း လိုအပ္ေနတတ္သူလား။အိပ္ရာမွ ဖက္စရာ တစ္ခုခု႐ွိမွ အိပ္ေပ်ာ္တယ္ဆိုတဲ့ ေနာက္ကြယ္မွာ ဒီအေၾကာင္းျပခ်က္ေတြ ႐ွိေနပါတယ္။ ကိုယ္ႏွင့္ တိုက္ဆိုင္လားဆိုတာ ဆက္လက္ဖတ္႐ႈလိုက္ၾကပါဦးေနာ္

၁။ အထီးက်န္ျခင္းမုန္းတီးသူ

ညဘက္မွာတစ္စုံတစ္ခုကို ဖက္အိပ္ရျခင္းကို သေဘာက်တဲ့ တစ္စုံတစ္ေယာက္ ကေတာ့ သူ႕ရဲ႕ အေတြ႕အၾကဳံကို ႐ွင္းျပပါတယ္။ဖက္ေခါင္းအုံးပဲျဖစ္ျဖစ္ အ႐ုပ္ပဲျဖစ္ျဖစ္ ဖက္ရတဲ့ အခါမွာ ရတဲ့ ခံစားခ်က္က ကိုယ္ခ်စ္ရတဲ့ တစ္စုံတစ္ေယာက္ကို ဖက္ရတဲ့ အခါမွာ ခံစားရသလို ေႏြးေထြးမႈႏွင့္ အထီးက်န္မႈေတြကို ေျပေပ်ာက္ေစတယ္လို႔ဆိုပါတယ္။

တစ္ေနကုန္ ပင္ပန္းၿပီးတဲ့ ေနာက္တစ္ေယာက္တည္း အိပ္ရတဲ့ အခါမွာ အထီးက်န္ျခင္းကို ခံစားေနမယ့္အစား တစ္စုံတစ္ခုကို ဖက္ၿပီး အိပ္ေပ်ာ္သြားတာက သိပ္ကို ေကာင္းတဲ့ခံစားခ်က္လို႔ ဆိုပါတယ္။

၂။ သံေယာစဥ္ႀကီးမားသူ

ဖက္စရာတစ္ခုခု႐ွိမွ အိပ္ေပ်ာ္တတ္သူေတြက အလြယ္တကူပဲ ခင္တြယ္တတ္သူေတြျဖစ္ၿပီး သံေယာစဥ္ ႀကီးမားတတ္ၾကလို႔ပဲျဖစ္ပါတယ္။ဖက္စရာတစ္ခုခုႏွင့္ အိပ္တတ္တဲ့ သူတစ္ေယာက္ဟာ ဆက္ဆံေရးေတြ အထူးသျဖင့္ မိသားစု မွာေႏြးေထြးကူညီတတ္ၿပီး ခ်စ္ျခင္းေတြကို ေပးၾကေလ့႐ွိပါတယ္။

၃။ ဖက္ျခင္းအေလ့အထ႐ွိေနသူ

ဖက္ျခင္းက ကြၽန္မတို႔ကို ေႏြးေထြးတဲ့ စိတ္ခံစားမႈကို ရေစပါတယ္။ ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့ သူကို ဖက္ေလ့႐ွိတဲ့ သူတစ္ေယာက္ဟာ တစ္ေယာက္တည္း အိပ္စက္ရတဲ့ အခါမွာ ဖက္အိပ္ခ်င္တဲ့ အေလ့အထ႐ွိေနတာေၾကာင့္ တစ္စုံတစ္ခုကို မဖက္ဘဲ အိပ္မေပ်ာ္တာပဲျဖစ္ပါတယ္

၄။ စိတ္ဓာတ္က်ေနခ်ိန္

စိတ္ဓာတ္ေတြက်ၿပီး ဘာမွလုပ္ခ်င္စိတ္မ႐ွိတဲ့ အခါမွာ လူတိုင္း ကအိပ္ရာထဲမွာ လွဲေနၾကေလ့႐ွိပါတယ္။အိပ္ေပ်ာ္သြားတာမဟုတ္ဘဲ လမ္းေပ်ာက္ေနတဲ့ခံစားခ်က္မ်ားေၾကာင့္ သင့္ကို စိတ္ပင္ပန္းေစပါတယ္။အဲ့ ဒီ့အခ်ိန္မွာ တစ္စုံတစ္ခုကို ဖက္ၿပီး အိပ္ေပ်္ာေအာင္လုပ္မယ္ဆိုရင္ေတာ့ သင့္ကို စိတ္သက္သာရာရေစမွာပဲျဖစ္ပါတယ္။