သူ့ထက် အသက်၄၀နီးပါးငယ်ရွယ်တဲ့ ချစ်သူမိန်းကလေးကို ကိုယ်၀န်ဖျက်ချရန်စေခိုင်းမှုကြောင့် တရားစွဲခံထားရတဲ့ Kim Yong Gun
အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Kim Yong Gunဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို မြန်မာပရိသတ်တွေနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးပါ။ လက်ရှိမှာတော့ Kim Yong Gunဟာ သူ့ရဲ့ ချစ်သူမိန်းကလေးကို ကိုယ်၀န်ဖျက်ချရန်ခိုင်းစေမှုကြောင့် တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။
ချစ်သူမိန်းကလေးဟာ အသက် ၃၇နှစ်ရှိပြီဖြစ်ပြီး သူနဲ့ ၃၉နှစ်ကျော်အသက်ကွာတယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၈ခုနှစ်တုန်းက ပါတီတစ်ခုမှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဆယ်နှစ်ကြာတိတ်တဆိတ်တွဲနေခဲ့ကြတယ်လို့သိရပါတယ်။
Dispatchရဲ့ ထုတ်ဖော်ချက်အရ Kim Yong Gunဟာ မတ်လမှာချစ်သူမိန်းကလေး ကိုယ်၀န်ရှိမှုအပေါ် ဖျက်ချရန်စေခိုင်းခဲ့တာကြောင့် မိန်းကလေးဘက်ကနေ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အခုလို တရားစွဲဆိုခံရတဲ့ပြစ်မှုအတွက် ပရိသတ်တွေလည်း အတော်လေး အံ့အားသင့်ခဲ့ရတာပါ။
တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ တစ်စုံတစ်ယောက်ရဲ့ဖိအားပေးမှုကြောင့် ကိုယ်၀န်ဖျက်ချခြင်းဟာ တရားမ၀င်တာကြောင့် အခုလိုအမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo credit-Google
သတင်းအရင်းမြစ်: Twitter
Zawgyi Version
သူ႕ထက္ အသက္၄၀နီးပါးငယ္႐ြယ္တဲ့ ခ်စ္သူမိန္းကေလးကို ကိုယ္၀န္ဖ်က္ခ်ရန္ေစခိုင္းမႈေၾကာင့္ တရားစြဲခံထားရတဲ့ Kim Yong Gun
အသက္ ၇၆ႏွစ္အ႐ြယ္႐ွိၿပီျဖစ္တဲ့ မင္းသားႀကီး Kim Yong Gunဟာ နာမည္ႀကီးသ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္သလို ျမန္မာပရိသတ္ေတြနဲ႔လည္း ရင္းႏွီးၿပီးသားျဖစ္တဲ့ သ႐ုပ္ေဆာင္တစ္ဦးပါ။ လက္႐ွိမွာေတာ့ Kim Yong Gunဟာ သူ႕ရဲ႕ ခ်စ္သူမိန္းကေလးကို ကိုယ္၀န္ဖ်က္ခ်ရန္ခိုင္းေစမႈေၾကာင့္ တရားစြဲဆိုခံထားရတယ္လို႔ သိရပါတယ္။
ခ်စ္သူမိန္းကေလးဟာ အသက္ ၃၇ႏွစ္႐ွိၿပီျဖစ္ၿပီး သူနဲ႔ ၃၉ႏွစ္ေက်ာ္အသက္ကြာတယ္လို႔သိရပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၀၈ခုႏွစ္တုန္းက ပါတီတစ္ခုမွာေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ဆယ္ႏွစ္ၾကာတိတ္တဆိတ္တြဲေနခဲ့ၾကတယ္လို႔သိရပါတယ္။
Dispatchရဲ႕ ထုတ္ေဖာ္ခ်က္အရ Kim Yong Gunဟာ မတ္လမွာခ်စ္သူမိန္းကေလး ကိုယ္၀န္႐ွိမႈအေပၚ ဖ်က္ခ်ရန္ေစခိုင္းခဲ့တာေၾကာင့္ မိန္းကေလးဘက္ကေန တရားစြဲဆိုခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ အခုလို တရားစြဲဆိုခံရတဲ့ျပစ္မႈအတြက္ ပရိသတ္ေတြလည္း အေတာ္ေလး အံ့အားသင့္ခဲ့ရတာပါ။
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဥပေဒအရ တစ္စုံတစ္ေယာက္ရဲ႕ဖိအားေပးမႈေၾကာင့္ ကိုယ္၀န္ဖ်က္ခ်ျခင္းဟာ တရားမ၀င္တာေၾကာင့္ အခုလိုအမႈရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
Photo credit-Google
သတင္းအရင္းျမစ္: Twitter