Credit
Unicode Version
သင့်မျက်နှာမှာ ချွေးပေါက်တွေရှိပါသလား ဒီနည်းလမ်းလေး နဲ့ ဖြေရှင်းကြည့်ပါ…
သင့် မျက်နှာ မှာ ချွေးပေါက် တွေရှိပါသလား
ဒီနည်းလမ်းလေး နဲ့ ဖြေရှင်းကြည့်ပါ
ချွေးပေါက် လိုမျိုး အပေါက်တွေရှိနေရင်…မျက်နှာပြင် တဝိုက်မှာ ချွေးပေါက် လိုမျိုး အပေါက်တွေရှိနေပြီး
မျက်နှာအသားအရေ မညီမညာဖြစ်နေလို့ စိတ်ညစ်နေရတယ်ဆိုရင်
မျက်နှာက အပေါက်တွေကို လက်ပြတာ့တာ နှုတ်ဆက်ဖို့ လိုပါပြီ။
လွယ်ကူတဲ့ နည်းလမ်းတဲ့ ချွေးပေါက် ကျယ်ကျယ်တွေ ကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းလေး ဖော်ပြပေးလိုက်ပါတယ်။
သခွားသီး ကြီးကြီတစ်လုံးရဲ့ တဝက်ကို အရည်ဖြစ်အောင် ကျိတ်လိုက်ပါ။
ခရမ်းချဉ်းသီး အမှည့် တစ်လုံးကိုလည်း အရည်ဖြစ်သည်အထိ ကျေညက်အောင် ချေပါ။
ပြီးရင် အရည်နှစ်ခုကို ဇလုံ ထဲမှာ ထည့်ပြီး မျက်နှာ ပေါ်မှာ ချွေးပေါက်ရှိတဲ့ နေရာအနှံ့ သုတ်လိမ်းပေးပါ။
လိမ်းနေရင်းနဲ့ မျက်နှာ ကို လက်နဲ့ဖွဖွလေး နှိပ်ပေးပါ။
အရည်တွေ မျက်နှာ မှာ ခြောက်သွားပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ သစ်ပေးပါ။
တစ်ပတ်ကို (၂) ကြိမ်လောက် ပြုလုပ်ပေးလို့ ရပြီး ၃ ခါလောက် လုပ်ပြီးပြီဆိုရင်တော့ ညီညာချောမောတဲ့ မျက်နှာ ပိုင်ရှင် ဖြစ်ပါပြီ။
Credit
Unicode Version