စေတနာဖြင့် – KMS
UNICODE VERSION
ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းလေး…
ပျက်ဆီးနေတဲ့ဆံသားတွေအတွက် ပြန်လည်အားဖြည့်ပေးမယ်
ဆံသားခြောက်တဲ့သူတွေအတွက် အထူးကောင်းတဲ့ နည်းလမ်းလေးပါ
ငှက်ပျောသီး တစ်လုံး ၊ ကြက်ဥတစ်လုံး ၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း ‼
သုံးမျိုးကို ရောချေပြီး ဆံသားကို အရင်းမှ အဖျားထိ လိမ်းပေးပါ
တစ်နာရီထိထားလို့ရပါတယ် ခြောက်တဲ့အထိထားလဲရပါတယ်
ပြီးရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ရုံပါပဲ
ပါဝင်ပစ္စည်းသုံးခုလုံးက သဘာဝပစ္စည်းတွေပဲမို့ ဆိုးကျိုးဖြစ်မှာ ပူစရာမလိုပါဘူးနော်
ငှက်ပျောသီးက ဆံသားကို အာဟာရဓာတ်တွေဖြည့်ပေးပြီး
ဆံပင်တွေ ကို ကျန်းမာသန်စွမ်းစေတယ်
ပျားရည်က ဦးရေပြားက ဆဲလ်သေတွေဖယ်ရှားပြီး ဦးရေပြားကိုအစိုဓာတ်ဖြည့်ပေးတယ်
ဆံသားတွေကို အိစက်စေတယ် ကြက်ဥကလဲ
ဆံသားတွေကို ကျန်းမာစေတယ် ဆံသားကို အားဖြည့်ပေးတယ်
ဒါကြောင့် ဆံပင်အုံထူချင်တဲ့သူ ဆံပင်အရှည်မြန်ချင်သူတွေလဲ
ဒီနည်းလမ်းလေးကို လုပ်ပေးလို့ရပါတယ် တစ်ပတ်ကို နှစ်ကြိမ်ထိလုပ်ပေးလို့ရပါတယ်
အခုပို့စ်ကိုလဲ ကိုယ်နဲ့အတူအခြားသူတွေပါအကျိုးရှိစေဖို့ share ပေးလို့ရပါတယ်နော်
အားလုံးပဲ ဆံသားအလှပိုင်ရှင်တွေဖြစ်ကြပါစေ
စေတနာဖြင့် – KMS