လိုတာထက္ ပိုမခ်ိဳသာတတ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ေနာက္ကြယ္…
ကြၽန္မက မွီထားတာမ႐ွိတဲ့အတြက္ ကြၽန္မလဲက်လို႔ မျဖစ္ဘူး ကြၽန္မအေနာက္မွာ ကြၽန္မကိုမွီခိုေနတဲ့ မိသားစုအတြက္ ကြၽန္မသန္မာေနမွျဖစ္မယ္။
ကြၽန္မအားကိုးရတဲ့သူဆိုတာ ကြၽန္မပဲ႐ွိတဲ့အတြက္ ကြၽန္မရဲ႕စိတ္ဓာတ္ခြန္အားေတြ ဆုံး႐ႈံးမသြားေအာင္ ကြၽန္မရဲ႕စိတ္ဓာတ္ေတြ ခိုင္မာေနမွရမယ္။
ကြၽန္မ ကိုေပ်ာ္႐ႊင္ေအာင္ လုပ္ႏိူင္တဲ့သူဆိုတာ ကြၽန္မပဲ႐ွိတဲ့အတြက္ ကြၽန္မရဲ႕ဝမ္းနည္းမႈတစ္ခ်ိဳ႕ကို ႏွစ္သိမ့္တတ္ေအာင္ ကြၽန္မအၿမဲတမ္းစိတ္ကိုေပ်ာ္ေအာင္ထားတယ္။
ကြၽန္မၿပိဳလဲသြားတဲ့အခါ ေဖးမမယ့္သူဆိုတာ ကြၽန္မပဲ႐ွိတဲ့အတြက္ ကြၽန္မရဲ႕လက္ေတြ သန္မာေနဖို႔ က်န္းမာေရးဂ႐ုစိုက္ရတယ္။
ကြၽန္မ မွတ္ထားခဲ့တယ္ ကြၽန္မကိုၿပိဳလဲေအာင္ထိုးနက္တဲ့သူ၊ကြၽန္မ အဆင္မေျပေတာ့တဲ့အခ်ိန္ ေ႐ွာင္ထြက္သြားသူနဲ႔ကြၽန္အဆင္မေျပတဲ့အခ်ိန္ အေျပးေရာက္လာတတ္သူေတြကိုေပါ့…
သူတို႔ေတြေၾကာင့္ပဲ ကြၽန္မသန္မာခဲ့တယ္၊သူတို႔ေတြေၾကာင့္ပဲ ကြၽန္မကိုယ္ကြၽန္မယုံၾကည္မႈ႐ွိလာခဲ့တယ္၊
သူတို႔ေတြေၾကာင့္ပဲ ကြၽန္မလူေတြရဲ႕အေၾကာင္းကို ပိုနားလည္လာခဲ့ရတယ္ ဒါေၾကာင့္လဲ ဒီလူသုံးမ်ိဳးကို ေက်းဇူးအႀကိမ္ႀကိမ္တင္မိပါတယ္။
အကယ္၍ကြၽန္မအနားမွာ ဘယ္သူမွ ႐ွိမေနခဲ့ရင္ေတာင္ ကြၽန္မအတြက္ ကြၽန္မ႐ွိေနမွျဖစ္မယ္ေလ…
ဒီလိုပဲ ကြၽန္မတို႔ရဲ႕ ဘဝမွာ မိန္းမ ေယာက်္ားရယ္လို႔ခြဲျခားမထားပါဘူး လူတိုင္းမွာ စိတ္ဓာတ္က်အားငယ္ျခင္းဆိုတာ ႐ွိတတ္စၿမဲမို႔
စိတ္ဓာတ္ေတြက်ဆင္းယိုင္လဲၿပိဳလဲတဲ့အခါ ဘဝႀကီးပါ ယိုင္လဲမသြားဖို႔ ဂ႐ုစိုက္ပါ။
မိန္းမသားမို႔ ဆိုတဲ့ စကားနဲ႔တစ္ခုလပ္အိမ္ေထာင္ကြဲျဖစ္ေနလို႔၊ Single mother ျဖစ္ေနလို႔ ၊အပ်ိဳမိန္းကေလး အိမ္တြင္း ေရးမိဘေတြနဲ႔အဆင္မေျပလို႔ ၊စာေမးပြဲက်လို႔၊ ခ်စ္သူခ်င္းအဆင္မေျပလို႔စတဲ့အေၾကာင္းျပခ်က္ေတြနဲ႔
အားကိုး႐ွာရတယ္ဆိုတာမွန္ေပမယ့္ မိမိအားကိုးလိုက္တဲ့သူက မိမိရဲ႕ဘဝအတြက္လုံျခဳံစိတ္ခ်ရရင္ေတာ္ပါေသးတယ္ ဒါမွမဟုတ္ပဲ လက္႐ွိဘဝထက္ပိုဆိုးသြားရင္ ျပင္ရခက္ခ်ည္ရဲ႕
ဒါေၾကာင့္မိန္းမသားဆိုတဲ့ စိတ္ကိုသန္မာေအာင္လုပ္ၿပီး မိမိကိုယ္ကိုယ္ရပ္တည္ႏိူင္တဲ့မိန္းမသားတစ္ေယာက္အျဖစ္႐ွင္သန္ၾကည့္လိုက္ပါ။
MayHsu(ရာမညေျမ)
Unicode Version
လိုတာထက် ပိုမချိုသာတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့နောက်ကွယ်…
ကျွန်မက မှီထားတာမရှိတဲ့အတွက် ကျွန်မလဲကျလို့ မဖြစ်ဘူး ကျွန်မအနောက်မှာ ကျွန်မကိုမှီခိုနေတဲ့ မိသားစုအတွက် ကျွန်မသန်မာနေမှဖြစ်မယ်။
ကျွန်မအားကိုးရတဲ့သူဆိုတာ ကျွန်မပဲရှိတဲ့အတွက် ကျွန်မရဲ့စိတ်ဓာတ်ခွန်အားတွေ ဆုံးရှုံးမသွားအောင် ကျွန်မရဲ့စိတ်ဓာတ်တွေ ခိုင်မာနေမှရမယ်။
ကျွန်မ ကိုပျော်ရွှင်အောင် လုပ်နိူင်တဲ့သူဆိုတာ ကျွန်မပဲရှိတဲ့အတွက် ကျွန်မရဲ့ဝမ်းနည်းမှုတစ်ချို့ကို နှစ်သိမ့်တတ်အောင် ကျွန်မအမြဲတမ်းစိတ်ကိုပျော်အောင်ထားတယ်။
ကျွန်မပြိုလဲသွားတဲ့အခါ ဖေးမမယ့်သူဆိုတာ ကျွန်မပဲရှိတဲ့အတွက် ကျွန်မရဲ့လက်တွေ သန်မာနေဖို့ ကျန်းမာရေးဂရုစိုက်ရတယ်။
ကျွန်မ မှတ်ထားခဲ့တယ် ကျွန်မကိုပြိုလဲအောင်ထိုးနက်တဲ့သူ၊ကျွန်မ အဆင်မပြေတော့တဲ့အချိန် ရှောင်ထွက်သွားသူနဲ့ကျွန်အဆင်မပြေတဲ့အချိန် အပြေးရောက်လာတတ်သူတွေကိုပေါ့…
သူတို့တွေကြောင့်ပဲ ကျွန်မသန်မာခဲ့တယ်၊သူတို့တွေကြောင့်ပဲ ကျွန်မကိုယ်ကျွန်မယုံကြည်မှုရှိလာခဲ့တယ်၊
သူတို့တွေကြောင့်ပဲ ကျွန်မလူတွေရဲ့အကြောင်းကို ပိုနားလည်လာခဲ့ရတယ် ဒါကြောင့်လဲ ဒီလူသုံးမျိုးကို ကျေးဇူးအကြိမ်ကြိမ်တင်မိပါတယ်။
အကယ်၍ကျွန်မအနားမှာ ဘယ်သူမှ ရှိမနေခဲ့ရင်တောင် ကျွန်မအတွက် ကျွန်မရှိနေမှဖြစ်မယ်လေ…
ဒီလိုပဲ ကျွန်မတို့ရဲ့ ဘဝမှာ မိန်းမ ယောက်ျားရယ်လို့ခွဲခြားမထားပါဘူး လူတိုင်းမှာ စိတ်ဓာတ်ကျအားငယ်ခြင်းဆိုတာ ရှိတတ်စမြဲမို့
စိတ်ဓာတ်တွေကျဆင်းယိုင်လဲပြိုလဲတဲ့အခါ ဘဝကြီးပါ ယိုင်လဲမသွားဖို့ ဂရုစိုက်ပါ။
မိန်းမသားမို့ ဆိုတဲ့ စကားနဲ့တစ်ခုလပ်အိမ်ထောင်ကွဲဖြစ်နေလို့၊ Single mother ဖြစ်နေလို့ ၊အပျိုမိန်းကလေး အိမ်တွင်း ရေးမိဘတွေနဲ့အဆင်မပြေလို့ ၊စာမေးပွဲကျလို့၊ ချစ်သူချင်းအဆင်မပြေလို့စတဲ့အကြောင်းပြချက်တွေနဲ့
အားကိုးရှာရတယ်ဆိုတာမှန်ပေမယ့် မိမိအားကိုးလိုက်တဲ့သူက မိမိရဲ့ဘဝအတွက်လုံခြုံစိတ်ချရရင်တော်ပါသေးတယ် ဒါမှမဟုတ်ပဲ လက်ရှိဘဝထက်ပိုဆိုးသွားရင် ပြင်ရခက်ချည်ရဲ့
ဒါကြောင့်မိန်းမသားဆိုတဲ့ စိတ်ကိုသန်မာအောင်လုပ်ပြီး မိမိကိုယ်ကိုယ်ရပ်တည်နိူင်တဲ့မိန်းမသားတစ်ယောက်အဖြစ်ရှင်သန်ကြည့်လိုက်ပါ။
MayHsu(ရာမညမြေ)