Cele News










Credit

Unicode Version

လူမှုကွန်ယက်မှာ ဆုတောင်းစာရေးပီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့ Makeup Artist ခိုင်ခိုင်…

Makeup Artist ခိုင်ခိုင် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကြောင့် ကွယ်လွန်

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် Makeup Artist ခိုင်ခိုင်ဟာ

ယနေ့၊ သြဂုတ်လ ၅ ရက်နေ့၊ မနက်ပိုင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ခိုင်ခိုင်ဟာ မကွယ်လွန်ခင် နာရီပိုင်းခန့်က သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ “ဘဝဆက်တိုင်း ဘုန်းကြီးဖြစ်ရ၏။

ဆင်းရဲသူတွေ ကယ်ပေးပါမယ်ဘုရား”လို့ နောက်ဆုံး ရေးသားခဲ့ပါတယ်။

Makeup Artist ခိုင်ခိုင်ဟာ ရန်ကုန်မှာ နေထိုင်စဉ် အဆိုတော် အမွန်းရဲ့ ပင်တိုင် မိတ်ကပ်ဆရာအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး၊

အဆိုတော် AR-T နဲ့ ခင်မင် ရင်းနှီးသူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – Khaing Khaing’s Facebook