Cele News

ကိုယ့္ကိုကိုယ္အဆံုးစီရင္သြားတဲ့ မိတ္ကပ္ဖန္တီးရွင္ ခိုင္ခိုင္အတြက္ စိတ္မေကာင္းျဖစ္ေနၾကတဲ့ အႏုပညာရွင္မ်ား

ကိုယ့္ကိုကိုယ္အဆံုးစီရင္သြားတဲ့ မိတ္ကပ္ဖန္တီးရွင္ ခိုင္ခိုင္အတြက္ စိတ္မေကာင္းျဖစ္ေနၾကတဲ့ အႏုပညာရွင္မ်ား

ပရိတ္သတ္ႀကီးေရ…ဒီေန႔မနက္ပိုင္းက မိတ္ကပ္ဖန္တီးရွင္ေလာကမွာ ဝမ္းနည္းစရာ သတင္းတစ္ခု ၾကားသိခဲ့ရပါတယ္။ ဒါကေတာ့ကိုယ့္ကိုကိုယ္ အဆုံးစီရင္ၿပီး ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားတဲ့ makeup artist ခိုင္ခိုင္ရဲ့ သတင္းပဲ ျဖစ္ပါတယ္။

ခိုင္ခိုင္ကိုေတာ့ အႏုပညာရွင္မ်ားသာမကဘဲ ပရိသတ္ေတြကပါ ခ်စ္ခင္ၾကတာ ျဖစ္ပါတယ္။ အဆိုေတာ္ Ar T ရဲ့live ေတာ္ေတာ္မ်ားမ်ားမွာလည္း ခိုင္ခိုင္ကို ျမင္ေတြ႕ ရတာေၾကာင့္ သူ႔ကို ပရိသတ္ေတြက ရင္းႏွီးေနၾကတာ ျဖစ္ပါတယ္ …။

ဒီသတင္းေၾကာင့္ သ႐ုပ္ေဆာင္တစ္ခ်ိဳ႕ကလည္း ဝမ္းနည္းခံစားေနရေၾကာင္း သူ တို႔ရဲ့ လူမႈကြန္ယက္တြင္ ေရးသား ထားၾကတာ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ ေဆာင္းဝတ္ရည္ေမကလည္း ခိုင္ခိုင္ဟာ သူမရဲ့ ပင္တိုင္မိတ္ကပ္ဆရာမတစ္ဦးျဖစ္ၿပီး shooting တိုင္းလိုလို အျမဲလိုက္ေပးခဲ့တဲ့ အမွတ္တရေတြကို ေရးသား ေျပာျပထားတာပါ။

ခိုင္ခိုင္ဆုံးသြားတာကို အခုထိမယုံနိုင္ေသးဘဲ စေနတယ္လို႔သာ ထင္မွတ္ မိေနေၾကာင္းကိုလည္း ဝမ္းနည္းစြာျဖင့္ ေရးသားထားတာ ျဖစ္ပါတယ္။

မေခ်ာကို မေလၽွာဆိုၿပီး ေခၚတတ္တဲ့ အသံေလးလို႔ ေနာက္ထပ္မၾကားရေတာ့မွာ ျဖစ္တဲ့အတြက္ စိတ္မေကာင္းျဖစ္ေနၿပီး အရမ္းေၾကာက္တတ္တဲ့သူက ဒီလမ္းကို ေရြးခ်ယ္သြားတဲ့အတြက္ ေျပာမျပတတ္ေအာင္ ဝမ္းနည္းေနေၾကာင္း သ႐ုပ္ေဆာင္ ေခ်ာရတနာ ရဲ့Facebook အေကာင့္တြင္ ေရးသားထားတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္းေပ်ာ္ေပ်ာ္ေနတတ္တဲ့ ခိုင္ခိုင္တစ္ေယာက္ အခုလို လုပ္ရက္မ်ိဳးကို ေရြးခ်ယ္သြားတာကို မယုံနိုင္ေအာင္ကို ျဖစ္ေနၾကတာပါ။ လူတိုင္းကို အျမဲေပ်ာ္ရႊင္ရယ္ေမာရေအာင္ ဖန္တီးတတ္တဲ့ ခိုင္ခိုင္ တစ္ေယာက္ ေကာင္းရာမြန္ရာဘုံဘဝမွာ ေအးခ်မ္းစြာ အနားယူနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္ …။

Credit – MMLoad

ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတဲ့ မိတ်ကပ်ဖန်တီးရှင် ခိုင်ခိုင်အတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာရှင်များ

ပရိတ်သတ်ကြီးရေ…ဒီနေ့မနက်ပိုင်းက မိတ်ကပ်ဖန်တီးရှင်လောကမှာ ဝမ်းနည်းစရာ သတင်းတစ်ခု ကြားသိခဲ့ရပါတယ်။ ဒါကတော့ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ makeup artist ခိုင်ခိုင်ရဲ့ သတင်းပဲ ဖြစ်ပါတယ်။

ခိုင်ခိုင်ကိုတော့ အနုပညာရှင်များသာမကဘဲ ပရိသတ်တွေကပါ ချစ်ခင်ကြတာ ဖြစ်ပါတယ်။ အဆိုတော် Ar T ရဲ့live တော်တော်များများမှာလည်း ခိုင်ခိုင်ကို မြင်တွေ့ ရတာကြောင့် သူ့ကို ပရိသတ်တွေက ရင်းနှီးနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းကြောင့် သရုပ်ဆောင်တစ်ချို့ကလည်း ဝမ်းနည်းခံစားနေရကြောင်း သူ တို့ရဲ့ လူမှုကွန်ယက်တွင် ရေးသား ထားကြတာ ဖြစ်ပါတယ်။သရုပ်ဆောင် ဆောင်းဝတ်ရည်မေကလည်း ခိုင်ခိုင်ဟာ သူမရဲ့ ပင်တိုင်မိတ်ကပ်ဆရာမတစ်ဦးဖြစ်ပြီး shooting တိုင်းလိုလို အမြဲလိုက်ပေးခဲ့တဲ့ အမှတ်တရတွေကို ရေးသား ပြောပြထားတာပါ။

ခိုင်ခိုင်ဆုံးသွားတာကို အခုထိမယုံနိုင်သေးဘဲ စနေတယ်လို့သာ ထင်မှတ် မိနေကြောင်းကိုလည်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။

မချောကို မလျှောဆိုပြီး ခေါ်တတ်တဲ့ အသံလေးလို့ နောက်ထပ်မကြားရတော့မှာ ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်နေပြီး အရမ်းကြောက်တတ်တဲ့သူက ဒီလမ်းကို ရွေးချယ်သွားတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းနည်းနေကြောင်း သရုပ်ဆောင် ချောရတနာ ရဲ့Facebook အကောင့်တွင် ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်းပျော်ပျော်နေတတ်တဲ့ ခိုင်ခိုင်တစ်ယောက် အခုလို လုပ်ရက်မျိုးကို ရွေးချယ်သွားတာကို မယုံနိုင်အောင်ကို ဖြစ်နေကြတာပါ။ လူတိုင်းကို အမြဲပျော်ရွှင်ရယ်မောရအောင် ဖန်တီးတတ်တဲ့ ခိုင်ခိုင် တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit – MMLoad