Cele News















Credit

Unicode Version

အမေဖြစ်သူရဲ့ နောက်ဆုံးထွက်သက်မှာ လုံးဝမငိုပဲ တရားစကားလေးတွေပြောပေးနေတဲ့ မေပန်းချီရဲ့(ဗီဒီယိုဖိုင်)

(ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင်ဖော်ပြထားပါသည်)

အစွမ်းကုန်ကြိုးစားပြီး ရှိသမျှခွန်အားလေးနဲ့ရအောင်ကယ်တင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မေပန်းချီရဲ့မိခင်

ပရိတ်သတ်ကြီးရေ…မေပန်းချီဟာဆိုရင် နွေဦး တော်လှန်ရေးမှာဆိုရင်လည်းပြည်သူလူထုနဲ့အတူလမ်းပေါ်ထွက်ပြီးလူထုလှုပ်ရှားမှုမှာ

ပါဝင်ခဲ့တာလည်းဖြစ်ပါ တယ်နော်။အလှူအတန်းမှာဆိုရင်လည်း လက်မနှေးပဲရက် ရောလွန်းတဲ့ အတွက်မကြာခဏဆိုသလိုအလှူအတန်း တွေကိုလည်းပြုလုပ်လေ့ရှိပါတယ်နော်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်းနေရာအနှံ့ တော်တော်များများမှာကူးစက် ပြန့်ပွားနေတာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကပ်ဆိုးကြီးကို မေပန်းချီတို့ သားအမိနှစ်ယောက်ကအလူးအလည်းကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်နော်။

မေပန်းချီက ဒီကိုဗစ်ရောဂါဆိုးကြီးကိုအနိုင်ယူလိုက်နိုင်ပေမယ့် မေပန်းချီရဲ့မိခင်ကြီးကတော့ ဒီကနေ့ည (၉) နာရီခွဲဝန်းကျင်လောက်မှာ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်နော်။

မိခင်ကြီးကွယ်လွန်သွားတဲ့အကြောင်းကို မေပန်းချီက “ကျွန်မစကားလေးနားထောင်ပြီး အခုပဲကျွန်မအမေကြီးအပြီးအနားယူသွားပါပြီ

အိပ်ပျော်သွားပါပြီ” “ကျေနပ်ပါတယ်အမေ သမီးစကားလေးနားထောင်ပြီးမှ ညင်ညင်သာသာလေး အိပ်သွားတာသမီးဆုတောင်းပြည့်လိုက်တာ

သမီးငိုစရာတောင်မလိုတော့ဘူး”ဆိုပြီးဝမ်းနည်းစွာနဲ့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။မိခင်ကြီးအပေါ်တာဝန်ကျေပွန်လှတဲ့မေပန်းချီကတော့

အရမ်းကိုကြွေကွဲခံစားနေရမှာတော့ အသေအချာပါပဲနော်။ခုလိုမေပန်းချီရဲ့မိခင်ကြီးကွယ်လွန်သွားတဲ့အတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။

အန်တီလည်းကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit