ကြားသိရသမျှ






ဧရာဝတီ၊ ဩဂုတ် ၆၊၂၀၂၁










Unicode Version

သုံးခွက ရေကန် ကိုဗစ် ပျောက်တယ်ဆိုပြီး နေ့စဉ်လူထောင်ချီလာခပ်နေကြ (ရုပ်/သံ)

သုံးခွက ရေကန် ကိုဗစ် ပျောက်တယ်ဆိုပြီး

နေ့စဉ်လူထောင်ချီ လာခပ်နေကြပါတယ်။

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

ဧရာဝတီ၊ ဩဂုတ် ၆၊၂၀၂၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှာရှိတဲ့ ရဲနွဲ့ ကျေးရွာရဲ့ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ရေကန်အတွင်းက ရေဟာ

ကိုဗစ်ရောဂါပျောက်ကင်းကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံနှံ့နေပါတယ်။

ဒီသတင်းကြောင့် ရန်ကုန်တိုင်းကတင် မကပဲ မော်လမြိုင်၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့

နေပြည်တော်ကလူတွေပါ ဒီရေကန်မှာ ရေလာခပ်နေကြတာ တရက်ကို လူဦးရေ ထောင်ချီရှိပါတယ်။

ကိုဗစ်ဝေဒနာ ခံစားခဲ့ရတဲ့ လူနာတဦးဟာ ဒီရေကို သောက်ပြီးတဲ့နောက် ပျောက်သွားတယ်ဆိုတဲ့ သတင်းတခုကနေ စပြီး

အခုလို နေ့စဉ်လူထောင်ချီပြီး လာခပ်နေကြတာဖြစ်ပါတယ်။

အဲ့ဒီရေကန်ဟာ ရဲနွဲ့ကျေးရွာရဲ့ ဘုန်းကြီးကျောင်းအတွင်းမှာ ရှိနေတာဖြစ်ပြီး

ရေကန် သက်တမ်းဟာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီ ဖြစ်ကြောင်း ကျေးရွာနေ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် – ဧရာဝတီ