ကြားသိရသမျှ

အေဖနဲ႕အေမ ေဆးခန္းကျပန္အလာကို ေစာင့္ေနရွာတဲ့ (၂)ႏွစ္အရြယ္သမီးေလး…

အေဖနဲ႕အေမ ေဆးခန္းကျပန္အလာကို ေစာင့္ေနရွာတဲ့ (၂)ႏွစ္အရြယ္သမီးေလး…

ပင္ပန္းတယ္ ကိုယ္ေတြလက္ေတြဆို ကိုက္ခဲေနတာ

ဒါေပမယ့္ အိပ္လို႔မေပ်ာ္ဘူး ဒီေန႔ dead body သယ္ေတာ့ ဆံုးတဲ့သူက အမ်ိဳးသမီး ဗိုက္ထဲမွာ ကိုယ္ဝန္ေလးလ႐ွိတယ္

အျပင္မွာ ၂ႏွစ္သမီးေလးတေယာက္က်န္ခဲ့တယ္ ကေလးက ဆံုးသြားတဲ့သူ႔အေမနားကေနလံုးဝမခြာဘူး

ခ်ီၿပီးတျခားေခၚသြားလို႔လည္းမရဘူး ငိုလည္းမငိုဘူး သူ႔အေမနားကေနဖယ္ခိုင္းလို႔မရတာ က်ေနာ္တို႔လည္း ဘယ္လိုလုပ္ရမွန္းမသိ

အေဒၚဆိုတဲ့သူက ကေလးကိုရေအာင္ခ်ီ ခ်ီထားရင္းနဲ႔ကို ကေလးကအတင္း႐ုန္း အသက္႐ွဴက်ပ္ၿပီး ဆံုးတာဆိုေတာ့ေ ပါ့စတစ္ျဖစ္ႏိုင္လို႔ ကေလးကိုခ်ီထားတုန္း က်ေနာ္တို႔က ပါလာတဲ့ အိတ္ထဲထည့္

အေပၚကပလတ္စတ္အိတ္ထပ္စြပ္ အိပ္ကို ေခါင္း ခါး ေျခေထာက္ႀကိဳးခ်ည္တာေတြလုပ္ ကေလးက သူ႔အေမကို တခုခုလုပ္ေနတယ္ထင္ၿပီးသူ႔အေဒၚလက္ထဲကေန ႐ုန္းရင္းသံကုန္ျခစ္ေအာ္

ကေလးေအာ္လိုက္ရင္ က်ေနာ္တို႔က လုပ္ေနရင္းလက္ကေႏွးေႏွးသြားေ ဘးကလူေတြက ငိုသယ္ၿပီး ကားေပၚတင္ဖို႔သယ္ေတာ့မွ ငိုတယ္

အေမ အေမေရ နဲ႔ေအာ္ေနေတာ့ ကားနားထိ ကေလးကိုသူ႔အေဒၚက ခ်ီလာရ ကေလးၿငိမ္ေအာင္ သူ႔အေဒၚကေမေမေနမေကာင္းလို႔ ေဆးခန္းသြားၿပီးေဆးသြားကုရမွာ ၿပီးရင္ ျပန္လာမွာ ဆိုေတာ့ နည္းနည္းတိတ္သြားတယ္

တင္ၿပီးလို႔ ကားေနာက္ဖံုးပိတ္လိုက္ေတာ့ျပန္ငိုေရာ ေရာက္တည္းက အဲ့ဒိအခ်ိန္ထိ ကေလးအေဖကိုမေတြ႔ ဘယ္ေတြ႔မလဲေယာက်္ားလုပ္သူက ေ ႐ွ႕တပတ္ေက်ာ္ေလာက္ကပဲ ဆံုးသြားတာ အဲ့တုန္းကလည္းေဖေဖ ေနမေကာင္းလို ႔ေဆးခန္းသြားျပတာလို႔ ေခ်ာ့ထားရတာတဲ့။

ကေလးတစ္ေယာက္ရဲ႕ အသိစိတ္နဲ႔ဆို သူ႔အေမ နဲ႔ အေဖ ေဆးခန္းက ျပန္လာမွာကို တကယ္မ်ားေစာင့္ေနမလား

၂ ႏွစ္ကေလးတေယာက္ရဲ႕ အေမ အေမ ေခၚေနတဲ့အသံကိုေက်ာေပးၿပီး လီဗာတံကို နင္းခ်လိုက္ရတဲ့စိတ္ခံစားမႈမိ်ဳး က်ေနာ့ ဘဝမယ္ ဘယ္ေတာ့မွ ေမ့ႏိုင္ေတာ့မယ္မထင္ဘူး။

Crd

Unicode Version

အဖေနဲ့အမေ ဆေးခန်းကပြန်အလာကို စောင့်နေရှာတဲ့ (၂)နှစ်အရွယ်သမီးလေး…

ပင်ပန်းတယ် ကိုယ်တွေလက်တွေဆို ကိုက်ခဲနေတာ

ဒါပေမယ့် အိပ်လို့မပျော်ဘူး ဒီနေ့ dead body သယ်တော့ ဆုံးတဲ့သူက အမျိုးသမီး ဗိုက်ထဲမှာ ကိုယ်ဝန်လေးလရှိတယ်

အပြင်မှာ ၂နှစ်သမီးလေးတယောက်ကျန်ခဲ့တယ် ကလေးက ဆုံးသွားတဲ့သူ့အမေနားကနေလုံးဝမခွာဘူး

ချီပြီးတခြားခေါ်သွားလို့လည်းမရဘူး ငိုလည်းမငိုဘူး သူ့အမေနားကနေဖယ်ခိုင်းလို့မရတာ ကျနော်တို့လည်း ဘယ်လိုလုပ်ရမှန်းမသိ

အဒေါ်ဆိုတဲ့သူက ကလေးကိုရအောင်ချီ ချီထားရင်းနဲ့ကို ကလေးကအတင်းရုန်း အသက်ရှူကျပ်ပြီး ဆုံးတာဆိုတော့ပေ့စတစ်ဖြစ်နိုင်လို့ ကလေးကိုချီထားတုန်း ကျနော်တို့က ပါလာတဲ့ အိတ်ထဲထည့်

အပေါ်ကပလတ်စတ်အိတ်ထပ်စွပ် အိပ်ကို ခေါင်း ခါး ခြေထောက်ကြိုးချည်တာတွေလုပ် ကလေးက သူ့အမေကို တခုခုလုပ်နေတယ်ထင်ပြီးသူ့အဒေါ်လက်ထဲကနေ ရုန်းရင်းသံကုန်ခြစ်အော်

ကလေးအော်လိုက်ရင် ကျနော်တို့က လုပ်နေရင်းလက်ကနှေးနှေးသွားဘေးကလူတွေက ငိုသယ်ပြီး ကားပေါ်တင်ဖို့သယ်တော့မှ ငိုတယ်

အမေ အမေရေ နဲ့အော်နေတော့ ကားနားထိ ကလေးကိုသူ့အဒေါ်က ချီလာရ ကလေးငြိမ်အောင် သူ့အဒေါ်ကမေမေနေမကောင်းလို့ ဆေးခန်းသွားပြီးဆေးသွားကုရမှာ ပြီးရင် ပြန်လာမှာ ဆိုတော့ နည်းနည်းတိတ်သွားတယ်

တင်ပြီးလို့ ကားနောက်ဖုံးပိတ်လိုက်တော့ပြန်ငိုရော ရောက်တည်းက အဲ့ဒိအချိန်ထိ ကလေးအဖေကိုမတွေ့ ဘယ်တွေ့မလဲယောက်ျားလုပ်သူက ရေ့တပတ်ကျော်လောက်ကပဲ ဆုံးသွားတာ အဲ့တုန်းကလည်းဖေဖေ နေမကောင်းလို့ဆေးခန်းသွားပြတာလို့ ချော့ထားရတာတဲ့။

ကလေးတစ်ယောက်ရဲ့ အသိစိတ်နဲ့ဆို သူ့အမေ နဲ့ အဖေ ဆေးခန်းက ပြန်လာမှာကို တကယ်များစောင့်နေမလား

၂ နှစ်ကလေးတယောက်ရဲ့ အမေ အမေ ခေါ်နေတဲ့အသံကိုကျောပေးပြီး လီဗာတံကို နင်းချလိုက်ရတဲ့စိတ်ခံစားမှုမျိုး ကျနော့ ဘဝမယ် ဘယ်တော့မှ မေ့နိုင်တော့မယ်မထင်ဘူး။

Crd