Cele News












credit

Unicode Version

ထောင်ကလွတ်လာပြီး ပျောက်ကွယ်နေရတဲ့အကြောင်းရင်း ပြောပြလာတဲ့ အဆိုတော်မီးနို…

အဆိုတော် မီးနိုကတော့ မကြာသေးခင်က PDF တွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီးသတင်းထွက်ပေါ်လာခဲ့တာကြောင့် အကျဉ်းထောင်တွင် ရက်အနည်းငယ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဇူလိုင်လ (၆) ရက်နေ့တွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဇူလိုင်လ (၈) ရက်နေ့မှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

လွတ်မြောက်လာခဲ့ပေမယ့် လူမှုကွန်ယက်တွင် အရင်လို မတွေ့ရတဲ့အတွက် ပရိသတ်တွေက မီးနိုအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း အဆိုတော် မီးနိုရဲ့ လူမှုကွန်ယက်တွင် ပြန်လည်လွတ်မြောက်လာပြီးကတည်းက လူမှုကွန်ယက်တွင် ခေတ္တပျောက်ကွယ်နေရတဲ့ အကြောင်းရင်းကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။

သူမကတော့ ပြန်လွတ်ကတည်းက အနံ့ပျောက်ပြီး နေမကောင်းဖြစ်နေတဲ့အတွက် Page မှာ သိပ်မတွေ့ရတာဖြစ်ကြောင်း ရှင်းပြပေးထားပါတယ်။

ပရိသတ်တွေကိုလည်း အများကြီး လွမ်းနေပြီဖြစ်ပြီး အားလုံးလည်းကျန်းမာရေးအထူးဂရုစိုက်ကြဖို့ မှာကြားနေတာ ဖြစ်ပါတယ်။

ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်တဲ့အတွက် အရင်လို လိုအပ်တဲ့နေရာတွေမှာ သူမချစ်ရတဲ့ ပရိသတ်မောင်နှမတွေနဲ့အတူ စုပေါင်းအလှူဒါနလေးတေနဲ့ ပရဟိတ အလုပ်တွေ ပြန်လည်လုပ်ကိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

ပရိသတ်များကလည်း မီးနိုတစ်ယောက် အရင်လို ပရဟိတအလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

လူမှုကွန်ယက်ကနေ ပျောက်ကွယ်နေတဲ့ မီးနိုရဲ့အကြောင်းလေးကို အားလုံးသိရှိနိုင်စေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။

credit