Beauty

ဆံပင္မသန္တဲ့ မိန္းကေလးေတြအတြက္ ဆံပင္အျမန္ဆုံး ရွည္လာေစမယ့္နည္းလမ္း(၄)သြယ္

ဆံပင္မသန္တဲ့ မိန္းကေလးေတြအတြက္ ဆံပင္အျမန္ဆုံး ရွည္လာေစမယ့္နည္းလမ္း(၄)သြယ္

မိန္းကေလးေတြအေနနဲ႔မ်က္ႏွာအလွအပကအေရးႀကီးသလို ဆံေကသာအလွကလည္း အလြန္ကိုအေရးႀကီးပါတယ္။

ဆံပင္မသန္စြမ္းတာ အ႐ွည္ေႏွးတာ ဆံပင္ပ်က္စီးတာေတြျဖစ္ေနရင္ မ်က္ႏွာေလးဘယ္ေလာက္လွေအာင္ျပင္ထားထား အလွကမျပည့္စုံႏိုင္ပါဘူး …။

ဒါေၾကာင့္ ဆံပင္နဲ႔ပတ္သက္တဲ့ျပႆနာေတြကိုၾကဳံေတြ႕ေနရတဲ့ပ်ိဳေမတို႔အတြက္ ဆံပင္သန္ၿပီး ျမန္ျမန္႐ွည္လြယ္မယ့္ သဘာဝနည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေခါင္းမေလွ်ာ္ခင္ ဦးေရျပားကို ေသြးလွည့္ပတ္မႈေကာင္းေအာင္ လုပ္ပါ။ဆံပင္႐ွည္လြယ္ဖို႔ဆံပင္ေကာင္းဖို႔အတြက္ဆိုရင္ ေခါင္းေလွ်ာ္တဲ့နည္းလမ္းက အလြန္အေရးႀကီးပါတယ္။

ေခါင္းမေလွ်ာ္ခင္မွာ ဦးေရျပားကိုေႏြးသြားေအာင္လုပ္ေပးဖို႔ဆံပင္အရင္းနားေလးေတြကိုလက္ဖ်ားေလးေတြနဲ႔ထိုးဖြေပးပါလက္ဝါးႏွစ္ဖက္ကို ပူေႏြးလာေအာင္ ပြတ္တိုက္ၿပီး ဦးေရျပားမွာကပ္ေပးပါ။

အဲ့ဒီလိုမ်ိဳး ၅ မိနစ္ေလာက္လုပ္ေပးၿပီးမွ ေခါင္းေလွ်ာ္ေပးလိုက္ရင္ ဆံသားကိုပိုေကာင္းေစၿပီး ျမန္ျမန္႐ွည္လာေစပါတယ္။

(၂) အိႏၵိယ႐ိုးရာႏွိပ္နည္းသုံးပါ။

ဆံပင္အရင္းေတြကို လက္ႏွစ္ဖက္နဲ႔ဆုပ္ကိုင္ၿပီး ျဖည္းျဖည္းခ်င္းဆြဲေပးပါ။ၿပီးရင္လက္မကိုသုံးၿပီး ဦးေခါင္းေနာက္ျခမ္းကိုႏွိပ္ပါ၊ လက္ေခ်ာင္းထိပ္ေလးေတြနဲ႔လည္ပင္းေနာက္ဘက္တေလွ်ာက္ႏွိပ္ေပးပါ။

ေနာက္ဆုံးမွ နဖူးဆံစပ္တေလွ်ာက္ကို လက္ဝါးနဲ႔ပြတ္တိုက္ေပးပါ။ ဒီနည္းလမ္းက အိႏၵိယလူမ်ိဳးအမ်ိဳးသမီးေတြ ဆံပင္သန္ဖို႔သုံးၾကတဲ့႐ိုးရာနည္းတစ္ခုျဖစ္ပါတယ္။

(၃) ဦးေရျပားကို ေအာက္စီဂ်င္ရေအာင္ လုပ္ေပးပါ။ဆံပင္သန္ဖို႔၊ ဆံပင္ျမန္ျမန္႐ွည္ဖို႔ဆိုရင္ ဦးေရျပားကေအာက္စီဂ်င္ရဖို႔လိုပါတယ္။ ဦးေရျပား ေအာက္စီဂ်င္ရေအာင္ ဦးေခါင္းေသြးလွည့္ပတ္မႈေကာင္းေအာင္လုပ္ေပးရမွာပါ

ဦးေခါင္းေသြးလွည့္ပတ္မႈေကာင္းဖို႔အတြက္ ဦးေခါင္းကိုအိပ္ရာအစြန္ဘက္မွာ ၁၀မိနစ္ေလာက္ ေနာက္ျပန္လွန္ထားေပးရပါမယ္။၄။ ၾကက္ဥနဲ႔အၿမဲ ေပါင္းတင္ေပးပါ။

ၾကက္ဥရဲ႕ပ႐ိုတင္းဓာတ္က ဆံပင္ျမန္ျမန္႐ွည္ဖို႔အေကာင္းဆုံးလိုအပ္ခ်က္တစ္ခုပါ။ဒါေၾကာင့္ ဆံပင္ေပါင္းတင္တဲ့တျခညးနည္းလမ္းေတြမလုပ္ျဖစ္ရင္ေတာင္ ကၾကက္ဥနဲ႔ေတာ့ တစ္ပတ္တစ္ခါပုံမွန္ေပါင္းတင္ေပးပါ။

ၾကက္ဥတစ္လုံးလုံးကိုသံလြင္ဆီတစ္ဇြန္းနဲ႔ေရာၿပီး တစ္ေခါင္းလုံးအႏွံ႔လိမ္းၿပီး ၁၅မိနစ္ၾကာရင္ေခါင္းေလွ်ာ္ေပးပါ။ဒီအတိုင္းေပါင္းတင္ေပးတာက ဆံပင္ကိုသိသိသာသာ႐ွည္လာေစပါတယ္ …။

Credit

ဆံပင်မသန်တဲ့ မိန်းကလေးတွေအတွက် ဆံပင်အမြန်ဆုံး ရှည်လာစေမယ့်နည်းလမ်း(၄)သွယ်

မိန်းကလေးတွေအနေနဲ့မျက်နှာအလှအပကအရေးကြီးသလို ဆံကေသာအလှကလည်း အလွန်ကိုအရေးကြီးပါတယ်။

ဆံပင်မသန်စွမ်းတာ အရှည်နှေးတာ ဆံပင်ပျက်စီးတာတွေဖြစ်နေရင် မျက်နှာလေးဘယ်လောက်လှအောင်ပြင်ထားထား အလှကမပြည့်စုံနိုင်ပါဘူး။

ဒါကြောင့် ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုကြုံတွေ့နေရတဲ့ပျိုမေတို့အတွက် ဆံပင်သန်ပြီး မြန်မြန်ရှည်လွယ်မယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခေါင်းမလျှော်ခင် ဦးရေပြားကို သွေးလှည့်ပတ်မှုကောင်းအောင် လုပ်ပါ။ဆံပင်ရှည်လွယ်ဖို့ဆံပင်ကောင်းဖို့အတွက်ဆိုရင် ခေါင်းလျှော်တဲ့နည်းလမ်းက အလွန်အရေးကြီးပါတယ်။

ခေါင်းမလျှော်ခင်မှာ ဦးရေပြားကိုနွေးသွားအောင်လုပ်ပေးဖို့ဆံပင်အရင်းနားလေးတွေကိုလက်ဖျားလေးတွေနဲ့ထိုးဖွပေးပါလက်ဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး ဦးရေပြားမှာကပ်ပေးပါ။

အဲ့ဒီလိုမျိုး ၅ မိနစ်လောက်လုပ်ပေးပြီးမှ ခေါင်းလျှော်ပေးလိုက်ရင် ဆံသားကိုပိုကောင်းစေပြီး မြန်မြန်ရှည်လာစေပါတယ်။

(၂) အိန္ဒိယရိုးရာနှိပ်နည်းသုံးပါ။

ဆံပင်အရင်းတွေကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်းဆွဲပေးပါ။ပြီးရင်လက်မကိုသုံးပြီး ဦးခေါင်းနောက်ခြမ်းကိုနှိပ်ပါ၊ လက်ချောင်းထိပ်လေးတွေနဲ့လည်ပင်းနောက်ဘက်တလျှောက်နှိပ်ပေးပါ။

နောက်ဆုံးမှ နဖူးဆံစပ်တလျှောက်ကို လက်ဝါးနဲ့ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းက အိန္ဒိယလူမျိုးအမျိုးသမီးတွေ ဆံပင်သန်ဖို့သုံးကြတဲ့ရိုးရာနည်းတစ်ခုဖြစ်ပါတယ်။

(၃) ဦးရေပြားကို အောက်စီဂျင်ရအောင် လုပ်ပေးပါ။ဆံပင်သန်ဖို့၊ ဆံပင်မြန်မြန်ရှည်ဖို့ဆိုရင် ဦးရေပြားကအောက်စီဂျင်ရဖို့လိုပါတယ်။ ဦးရေပြား အောက်စီဂျင်ရအောင် ဦးခေါင်းသွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပေးရမှာပါ

ဦးခေါင်းသွေးလှည့်ပတ်မှုကောင်းဖို့အတွက် ဦးခေါင်းကိုအိပ်ရာအစွန်ဘက်မှာ ၁၀မိနစ်လောက် နောက်ပြန်လှန်ထားပေးရပါမယ်။၄။ ကြက်ဥနဲ့အမြဲ ပေါင်းတင်ပေးပါ။

ကြက်ဥရဲ့ပရိုတင်းဓာတ်က ဆံပင်မြန်မြန်ရှည်ဖို့အကောင်းဆုံးလိုအပ်ချက်တစ်ခုပါ။ဒါကြောင့် ဆံပင်ပေါင်းတင်တဲ့တခြညးနည်းလမ်းတွေမလုပ်ဖြစ်ရင်တောင် ကကြက်ဥနဲ့တော့ တစ်ပတ်တစ်ခါပုံမှန်ပေါင်းတင်ပေးပါ။

ကြက်ဥတစ်လုံးလုံးကိုသံလွင်ဆီတစ်ဇွန်းနဲ့ရောပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပြီး ၁၅မိနစ်ကြာရင်ခေါင်းလျှော်ပေးပါ။ဒီအတိုင်းပေါင်းတင်ပေးတာက ဆံပင်ကိုသိသိသာသာရှည်လာစေပါတယ်။

Credit