အခက္အခဲျဖစ္ေနၾကတဲ့ PDF စခန္းအသီးသီးသုိ႔ စားနပ္ရိကၡာမ်ားေပးပုိ႔ေပးခဲ့ၾကတဲ့ ေမဦးနဲ႔ ထားထက္ထက္
အေရးေတာ္ပုံႀကီးေအာင္ျမင္ေရးမွာ တက္ႂကြစြာပါ၀င္ေနၾကတဲ့ အႏုပညာရွင္ေတြထဲမွာဆိုရင္ ေမဦးနဲ႔ ထားထက္ထက္တို႔ကလည္းခ်န္ထားလို႔မရတဲ့ သူေတြပဲျဖစ္ပါတယ္။
ေဖေဖာ္ဝါရီလအစပိုင္းတည္းကတိုင္ လမ္းထြက္ဆႏၵျပမႈေတြမွာပါ၀င္ခဲ့သလိုအခုဆိုရင္လည္း လြတ္ေျမာက္နယ္ေျမကိုသြားေရာက္ကာ အာဏာရွင္ေတာ္လွန္ဖို႔အတြက္ စစ္ပညာသင္ယူေနၾကတာျဖစ္ပါတယ္။
ထားထက္ထက္ဟာဆိုရင္လည္း လြတ္ေျမာက္နယ္ေျမမွာ Gen Zလူငယ္ေလးေတြနဲ႔အတူ စစ္ပညာသင္ယူေနရင္း တတ္ႏိုင္တဲ့ဘက္ကေန Fundraising ျပဳလုပ္ေပးကာ
PDFလူငယ္ေလးေတြအတြက္ ေထာက္ပံ့မႈေ တြျပဳလုပ္ေပးေနတာကိုေတြ႕ရပါတယ္။
ေမဦးဟာဆိုရင္လည္း တတ္ႏိုင္တဲ့ဘက္ကေန လြတ္ေျမာက္နယ္ေျမကေနရာေတြအတြက္ လႉဒါန္းမႈေတြျပဳလုပ္ေနသလို
အခုအခါမွာဆိုရင္လည္း ထားထက္ထက္နဲ႔အတူ PDFရဲေဘာ္ေ တြအတြက္ ရိကၡာေတြေထာက္ပံ့ေပးခဲ့တာပါ။
ဒီအေၾကာင္းအရာေလးကိုလည္း ေမဦးဟာသူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ
“မမေရ မမတို႔လႉေပးတာေတြ ခေလးေတြလက္ထဲ အကု န္ေရာက္ပါတယ္ခေလးေတြလဲ အရမ္းေပ်ာ္ၿပီး မမတို႔ကိုေက်းဇူးအရမ္းတင္ၾကပါတယ္ခေလးေတြကိုယ္စားလည္း ေမဦးကေက်းဇူးအရမ္းတင္ပါတယ္🙏🏻🙏🏻🙏🏻အေရးေတာ္ပုံေအာင္ဖို႔အတြက္
ျပည္သူေတြရဲ႕ေခြၽးနဲစာနဲ႔ထာက္ပံ့တာကို PDF ေတြကအသက္တမွ်တန္ဖိုးထားပါေၾကာင္း အသိေပးအပ္ပါတယ္🙏🏻❤…”ဆိုၿပီး ေရးသားမွ်ေဝထားခဲ့ပါတယ္။
ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
သတင္းအရင္းျမစ္: May Oo’s Facebook acc
Unicode Version
အခက်အခဲဖြစ်နေကြတဲ့ PDF စခန်းအသီးသီးသို့ စားနပ်ရိက္ခာများပေးပို့ပေးခဲ့ကြတဲ့ မေဦးနဲ့ ထားထက်ထက်
အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်ကြွစွာပါဝင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် မေဦးနဲ့ ထားထက်ထက်တို့ကလည်းချန်ထားလို့မရတဲ့ သူတွေပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် လမ်းထွက်ဆန္ဒပြမှုတွေမှာပါဝင်ခဲ့သလိုအခုဆိုရင်လည်း လွတ်မြောက်နယ်မြေကိုသွားရောက်ကာ အာဏာရှင်တော်လှန်ဖို့အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။
ထားထက်ထက်ဟာဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ Gen Zလူငယ်လေးတွေနဲ့အတူ စစ်ပညာသင်ယူနေရင်း တတ်နိုင်တဲ့ဘက်ကနေ Fundraising ပြုလုပ်ပေးကာ
PDFလူငယ်လေးတွေအတွက် ထောက်ပံ့မှုတွေပြုလုပ်ပေးနေတာကိုတွေ့ရပါတယ်။
မေဦးဟာဆိုရင်လည်း တတ်နိုင်တဲ့ဘက်ကနေ လွတ်မြောက်နယ်မြေကနေရာတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေသလို
အခုအခါမှာဆိုရင်လည်း ထားထက်ထက်နဲ့အတူ PDFရဲဘော်တွေအတွက် ရိက္ခာတွေထောက်ပံ့ပေးခဲ့တာပါ။
ဒီအကြောင်းအရာလေးကိုလည်း မေဦးဟာသူ့ရဲ့ Facebook စာမျက်နှာမှာ
“မမရေ မမတို့လှူပေးတာတွေ ခလေးတွေလက်ထဲ အကု န်ရောက်ပါတယ်ခလေးတွေလဲ အရမ်းပျော်ပြီး မမတို့ကိုကျေးဇူးအရမ်းတင်ကြပါတယ်ခလေးတွေကိုယ်စားလည်း မေဦးကကျေးဇူးအရမ်းတင်ပါတယ်🙏🏻🙏🏻🙏🏻အရေးတော်ပုံအောင်ဖို့အတွက်
ပြည်သူတွေရဲ့ချွေးနဲစာနဲ့ထာက်ပံ့တာကို PDF တွေကအသက်တမျှတန်ဖိုးထားပါကြောင်း အသိပေးအပ်ပါတယ်🙏🏻❤…”ဆိုပြီး ရေးသားမျှဝေထားခဲ့ပါတယ်။
ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: May Oo’s Facebook acc