ကြားသိရသမျှ

စကားမ်ားရန္ျဖစ္ခဲ့ရာကေန ခ်စ္သူေကာင္မေလးကိုရက္ရက္စက္စက္သတ္ခဲ့တဲ့ ထိုင္းမင္းသား Toy Thanaphat ရဲ႕စိတ္မေကာင္းစရာအျဖစ္

စကားမ်ားရန္ျဖစ္ခဲ့ရာကေန ခ်စ္သူေကာင္မေလးကိုရက္ရက္စက္စက္သတ္ခဲ့တဲ့ ထိုင္းမင္းသား Toy Thanaphat ရဲ႕စိတ္မေကာင္းစရာအျဖစ္

Why R U ? the seriesျဖစ္တဲ့ ထိုင္းဇာတ္လမ္းတြဲထဲမွာ Zen ဆိုတဲ့ ခပ္ေအးေအး ေကာင္ေလးေနရာကေန သ႐ုပ္ေဆာင္ခဲ့တဲ့

မင္းသားေလး Toy Thanaphat ကို ျမန္မာပရိသတ္ေတြလည္း အားလုံးသိၾကမယ္လို႔ ထင္ပါတယ္။

“Why R U ? the series”ဇာတ္လမ္းတြဲမွာ Toy Thanaphat ဟာ ဇာတ္႐ုပ္ေတြကို သဘာဝက်က် သ႐ုပ္ေဆာင္ခဲ့ၿပီး ႏႈတ္ခမ္းနီမေလးေတြရဲ့ အားေပးဝန္းရံမႈအခိုင္အမာ ပိုမို ရရွိခဲ့တာ ျဖစ္ပါတယ္။

ယခုအခါမွာ သ႐ုပ္ေဆာင္ Toy Thanaphatရဲ့ စိတ္မေကာင္းစရာ သတင္းတစ္ခုကို ၾကားသိခဲ့ရပါတယ္။

ဒီသတင္းကေတာ့ Toy Thanaphat ဟာ ၾသဂုတ္လ (၆)ရက္ေန႔တုန္းက ခ်စ္သူျဖစ္သူ အသက္ (၂၁)ႏွစ္အရြယ္ Pimကို ေနအိမ္မွာ ဓါးျဖင့္အခ်က္ (၂၀) ေက်ာ္ထိုးသတ္ခဲ့ၿပီး ဖမ္းစီးခံရခဲ့ေၾကာင္း

ထိုင္းမီဒီယာေတြမွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ၾကားသိရတဲ့ သတင္းမ်ားအရ Toy Thanaphat ခ်စ္သူျဖစ္သူ Pim နဲ႔ ေနအိမ္မွာ ဘီယာအတူေသာက္ရင္း စကားမ်ားရန္ျဖစ္ခဲ့ၾကတယ္လို႔ဆိုပါတယ္။

Toy Thanaphatဟာ စကားမ်ားရာကေန စိတ္မထိန္းနိုင္ပဲ သူ႔ေကာင္မေလး Pimရဲ့မ်က္ႏွာေတြနဲ႔ ရင္ဘတ္ကို အရွည္ ၅ လက္မခန္႔ရွိတဲ့ သစ္သီးခြာတဲ့ ဓားနဲ႔ထိုးခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ယူဆၾကၿပီး

ခ်စ္သူေကာင္မေလးကေတာ့ အခန္းထဲမွာပဲ ေသဆုံးေနတာ ျဖစ္ပါတယ္။

ထူးျခားတာ တစ္ခုကေတာ့ Toy Thanaphatဟာ ခ်စ္သူေကာင္မေလးကို ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့တယ္လို႔ေျပာၾကေပမယ့္

သူ႔ရဲ့ခႏၶာကိုယ္ေပၚမွာ ေသြးတစ္စက္ေတာင္ စြန္းထင္ မေနခဲ့တာေၾကာင့္ ပရိသတ္ေတြကလည္း သံသယျဖစ္ေနခဲ့ၾကပါတယ္။

ပရိသတ္ေတြကေတာ့ သူ႔ရဲ့ ခ်စ္သူေကာင္မေလးမွာ စိတ္ပိုင္းဆိုင္ရာေရာဂါတစ္ခုခု ျဖစ္ခဲ့တယ္လို႔ ယူဆၾကၿပီး ယခုလို လူသတ္မႈျဖစ္ခဲ့တဲ့ ToyThanaphat ကိုေတာ့ မယုံၾကည္ခဲ့ၾကဘဲ ႏွေမ်ာတသျဖစ္ခဲ့ၾကပါတယ္။

ဒီလိုစိတ္မေကာင္းစရာ Toy Thanaphat သတင္းေလးကို ျမန္မာပရိသတ္ေတြလည္း သိရွိေအာင္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Source – Bangkok Guide

Unicode Version

စကားများရန်ဖြစ်ခဲ့ရာကနေ ချစ်သူကောင်မလေးကိုရက်ရက်စက်စက်သတ်ခဲ့တဲ့ ထိုင်းမင်းသား Toy Thanaphat ရဲ့စိတ်မကောင်းစရာအဖြစ်

Why R U ? the seriesဖြစ်တဲ့ ထိုင်းဇာတ်လမ်းတွဲထဲမှာ Zen ဆိုတဲ့ ခပ်အေးအေး ကောင်လေးနေရာကနေ သရုပ်ဆောင်ခဲ့တဲ့

မင်းသားလေး Toy Thanaphat ကို မြန်မာပရိသတ်တွေလည်း အားလုံးသိကြမယ်လို့ ထင်ပါတယ်။

“Why R U ? the series”ဇာတ်လမ်းတွဲမှာ Toy Thanaphat ဟာ ဇာတ်ရုပ်တွေကို သဘာဝကျကျ သရုပ်ဆောင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုအခိုင်အမာ ပိုမို ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုအခါမှာ သရုပ်ဆောင် Toy Thanaphatရဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ကြားသိခဲ့ရပါတယ်။

ဒီသတင်းကတော့ Toy Thanaphat ဟာ သြဂုတ်လ (၆)ရက်နေ့တုန်းက ချစ်သူဖြစ်သူ အသက် (၂၁)နှစ်အရွယ် Pimကို နေအိမ်မှာ ဓါးဖြင့်အချက် (၂၀) ကျော်ထိုးသတ်ခဲ့ပြီး ဖမ်းစီးခံရခဲ့ကြောင်း

ထိုင်းမီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ကြားသိရတဲ့ သတင်းများအရ Toy Thanaphat ချစ်သူဖြစ်သူ Pim နဲ့ နေအိမ်မှာ ဘီယာအတူသောက်ရင်း စကားများရန်ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။

Toy Thanaphatဟာ စကားများရာကနေ စိတ်မထိန်းနိုင်ပဲ သူ့ကောင်မလေး Pimရဲ့မျက်နှာတွေနဲ့ ရင်ဘတ်ကို အရှည် ၅ လက်မခန့်ရှိတဲ့ သစ်သီးခွာတဲ့ ဓားနဲ့ထိုးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆကြပြီး

ချစ်သူကောင်မလေးကတော့ အခန်းထဲမှာပဲ သေဆုံးနေတာ ဖြစ်ပါတယ်။

ထူးခြားတာ တစ်ခုကတော့ Toy Thanaphatဟာ ချစ်သူကောင်မလေးကို ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တယ်လို့ပြောကြပေမယ့်

သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးတစ်စက်တောင် စွန်းထင် မနေခဲ့တာကြောင့် ပရိသတ်တွေကလည်း သံသယဖြစ်နေခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ သူ့ရဲ့ ချစ်သူကောင်မလေးမှာ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု ဖြစ်ခဲ့တယ်လို့ ယူဆကြပြီး ယခုလို လူသတ်မှုဖြစ်ခဲ့တဲ့ ToyThanaphat ကိုတော့ မယုံကြည်ခဲ့ကြဘဲ နှမျောတသဖြစ်ခဲ့ကြပါတယ်။

ဒီလိုစိတ်မကောင်းစရာ Toy Thanaphat သတင်းလေးကို မြန်မာပရိသတ်တွေလည်း သိရှိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source – Bangkok Guide