Beauty

အိန္ဒိယအမျိုးသမီးတွေ ဆံပင်အုံထူပြီး ဆံပင်သန်နေတဲ့ လျှို့ဝှက်ချက်(၇)ခု…

အိန္ဒိယအမျိုးသမီးတွေ ဆံပင်အုံထူပြီး ဆံပင်သန်နေတဲ့ လျှို့ဝှက်ချက်(၇)ခု…

ဆံပင်ဆိုတာဟာ လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို ပေါ်လွင်စေပြီး နာမည်ကြီးဂုဏ်တက်စေတဲ့ အရာတစ်ခုပါ။ ဆံပင်ကို လူရဲ့ဒုတိယမျက်နှာလို့တောင် တင်စားကြပါသေးတယ်။

အိန္ဒိယကားကြည့်ရင် အမျိုးသမီးအများစုဟာ ဆံကေသာ ကောင်းမွန်တာကို တွေ့မြင်ရပါတယ်။ အဲ့ဒါကြောင့် သူ့တို့တွေ ဘာကြောင့် ဒီလောက်ဆံပင်ကောင်းနေရလဲ ဆိုတဲ့ အကြောင်းတွေကို love media ကနေ ပြောပြပေးသွားပါမယ်နော်။

၁။ Balayam လေ့ကျင့်ခန်း ပြုလုပ်ခြင်း

ဒီလေ့ကျင့်ခန်း ယောဂလေ့ကျင့်နည်း တစ်မျိုးပါပဲ။ လက်သည်းတွေကို အချင်းချင်း (၅) မိနစ်လောက် ပွတ်တိုက်ရတာပါ။ ပွတ်တိုက်တဲ့အခါမှာတော့ လက်မတွေကို ထောင်ပေးထားရပါတယ်။

ဒီလိုပွတ်ခြင်းက လက်သည်းအောက်က သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးတာကြောင့် ဆံကေသာကြီးထွားမှုကို မြန်ဆန်စေပါတယ်။

၂။ Shikakai ကို အသုံးပြုပါ

Shikakai ဆိုတာကတော့ အိန္ဒိယမှာ ပေါက်တဲ့အပင် ဖြစ်ပြီးတော့ ဆံပင်ကိုများစွာ အကျိုးရှိစေပါတယ်။ သဘာဝ ဆံပင်သန်ဆေးလို့ လူသိများပြီးတော့ ဗီတာမင် A,D,E,K နဲ့ antioxidants ဓာတ် စတာတွေနဲ့ ပြည့်ဝနေပါတယ်။

Shikakai ရဲ့ အခွံ၊ အခေါက်၊ အရွက်တွေကို အမှုန့်ခြေပြီး ရေနဲ့ခေါင်းကို လိမ်းရင် စေးကပ်ကပ်ဖြစ်နေပေမယ့် ဆံပင်ကျွတ်တာတွေ၊ ဗောက်ထတာတွေ၊ ဆံပင် ၂ ခွ ဖြစ်တာတွေကနေ ကာကွယ်ပေးပါတယ်။

၃။ ဆံပင်လိမ်းအဆီများကို သုံးပါ

ဆံပင်ကို အဆီပေးတဲ့နည်းက ရှေးနှစ်ပေါင်းများစွာကတည်းက အိန္ဒိယမှ ကျင့်သုံးခဲ့ကြတာပါ။ ဒီလိုလိမ်းတာဟာ ဆံပင်ထဲကို အဆီဓာတ် ပြန်လည်ဖြည့်တင်း ပေးပါတယ်။

ဆံပင်လိမ်း အဆီတစ်မျိုးမျိုးကို ဆံပင်မှာ လိမ်းပေးပြီး ဦးရေပြားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ အိန္ဒိယမှာ အသုံးများတဲ့ ဆံပင်လိမ်းအဆီ တွေကတော့ အုန်းဆီ၊ ကြက်ဆူဆီ၊ ဗာဒံဆီတို့ ဖြစ်ပါတယ်။

၎။ ကျစ်ဆံမြီးကျစ်ပါ

အိန္ဒိယအမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆံပင်ကို ကျစ်ဆံမြီး ကျစ်ခဲ့ကြပါတယ်။ ဒါဟာ ဆံပင်ကြီးထွားဖို့ အလွန်အထောက်အကူ ပြုပါတယ်။

ကျစ်ဆံမြီးကျစ်တာက ဆံပင်အချင်းချင်း ပွတ်တိုက်မှုကို လျော့ကျစေပြီးတော့ အရှည်ကိုလည်း မြန်စေပါတယ်။

၅။ ဆံပင်ကို ပေါင်းတင်ပါ

ဆံကေသာတွေ ခြောက်သွေ့နေတဲ့အချိန်မှာ ပေါင်းတင်တာက အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။ ဒီလို ပေါင်းတင်တာက ကုန်ခမ်းသွားတဲ့ အာဟာရနဲ့ အစိုဓာတ်တွေကို ပြန်လည်ဖြည့်တင်း ပေးပါတယ်။

ပျားရည်၊ ထောပတ်သီး၊ ဒိန်ချဉ်၊ သျှားစောင်းလတ်ပတ် တို့နဲ့တင်ပဲ အိမ်မှာ မိမိကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။

၆။ Henna ကို အသုံးပြုပါ

Henna ဆိုတာကတော့ အမဲရောင် သဘာဝဆိုးဆေးအပင်ပဲ ဖြစ်ပါတယ်။ သူ့မှာ မှိုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။

ဒါဟာ ဗောက်ထတာကို ကာကွယ်ပေးပြီး ဆံပင်ကျွတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ပြီးတော့ ဆံပင်ကို ပျော့ပျောင်းစေတဲ့ ဗီတာမင် E လည်း ပါဝင်ပါတယ်။

၇။ ကြက်ဥကို အသုံးပြုပါ

ဆံပင်ကို အားကောင်းစေဖို့အတွက် ၁၁ ရာစုကတည်း ကြက်ဥကို အသုံးပြုခဲ့ကြပါတယ်။ ကြက်ဥမှာ ဆံသားကို တောက်ပြောင်စေတဲ့ ပရိုတင်းနဲ့ အဆီဓာတ်တွေ ပါဝင်ပါတယ်။

ကြက်ဥကို ဆံပင်အပေါ်တွေ ဒါမှမဟုတ် ဆံပင်အမြစ်တွေကို လိမ်းပေးတာနဲ့တင်ကို သင့်အတွက် အကျိုးရှိစေပါတယ်။

Zombie (Lovemedia)