Cele News

ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သက္ေနေပမယ့္ ဘဝပ်က္ခံမယ့္ မိန္းမေတာ့မဟုတ္ေၾကာင္း ဓာတ္ပုံမ်ားႏွင့္တကြ သက္ေသျပလိုက္တဲ့ေရႊရည္သိန္းတန္

ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သက္ေနေပမယ့္ ဘဝပ်က္ခံမယ့္ မိန္းမေတာ့မဟုတ္ေၾကာင္း ဓာတ္ပုံမ်ားႏွင့္တကြ သက္ေသျပလိုက္တဲ့ေရႊရည္သိန္းတန္

အဆိုေတာ္ ေရႊရည္သိန္းတန္ဟာ သူမ တန္ဖိုးထားခ်စ္ရတဲ့ ခင္ပြန္းျဖစ္သူ ကိုဗစ္ေရာဂါျဖင့္ ႐ုတ္တရက္ ကြယ္လြန္သြားတာေၾကာင့္ ေျဖမဆည္နိုင္ေလာက္ေအာင္ ဝမ္းနည္းခဲ့ရတာ ျဖစ္ပါတယ္။

ခင္ပြန္းအတြက္ တတ္နိုင္သေလာက္ကုသိုလ္ေကာင္းမႈေတြ လုပ္ေပးရင္းနဲ႔ ေန႔ရက္တိုင္းကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

သူမအခုလို ဝမ္းနည္းၿပိဳလဲေနတာကို ျမင္ခ်င္ေနတဲ့ လူတစ္ခ်ိဳ႕ရွိေနတာေၾကာင့္ မၾကာေသးခင္ နာရီပိုင္းေလာက္က ေရႊရည္သိန္းတန္ရဲ့ လူမႈကြန္ယက္တြင္ ျပတ္သားတဲ့ စာသားတစ္ခ်ိဳ႕ကို ေရးသားေဝမၽွေပးလာတာ ျဖစ္ပါတယ္။

ဒါကေတာ့ ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သက္ေနေပမယ့္ ဘဝပ်က္ခံမယ့္ မိန္းမေတာ့ မဟုတ္ေၾကာင္း ဓာတ္ပုံမ်ားႏွင့္တကြ သက္ေသျပလိုက္တာပဲ ျဖစ္ပါတယ္။

သူမရဲ့ခင္ပြန္းကို တစ္သက္လုံး မေမ့ပစ္ဘဲ အမွတ္ရေနမွာ ျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ စားဝတ္ေနေရး ျပသနာကို ေျဖရွင္းဖို႔အတြက္

စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္လုပ္ကိုင္ေနတာကို ျမင္ေတြ႕ရသည္မွာ ဝမ္းသာစရာေကာင္းလွပါတယ္။

အခုခ်ိန္မွာ ကိုယ့္ကိုကိုယ္ အေကာင္းဆုံးျဖစ္ေအာင္ ျပန္တည္ေဆာက္ေနရတဲ့ ကာလျဖစ္တာေၾကာင့္ ပရိသတ္ေတြေရွ႕မွာ မ်က္ရည္မက်ခ်င္တဲ့အတြက္

အင္တာဗ်ဴးေတြ မေျဖနိုင္ေသးတာျဖစ္တယ္လို႔လည္း ေရႊရည္သိန္းတန္မွ ရွင္းျပထားပါတယ္။

သူမရဲ့ ခင္ပြန္း ကိုေနလတစ္ေယာက္ ျမင့္ျမတ္ေသာ ဘဝမွာ အျပည့္စုံဆုံး သာသနာျပဳနိုင္သူသာ ျဖစ္ပါေစဆိုၿပီးဘုရားဝတ္ျပဳတိုင္း ဆုေတာင္းေမတၱာပို႔သေပးေနတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ခ်စ္ခင္ ျမတ္နိုးရတဲ့ခင္ပြန္းကို ဆုံးရႈံးထားရတဲ့ ေရႊရည္သိန္းတန္ရဲ့ ခံစားခ်က္ကို ေကာင္းေကာင္းႀကီး နားလည္တဲ့အတြက္ သူမႏွင့္ထပ္တူ စိတ္မေကာင္း ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

ခ်စ္ခင္ရသူမ်ားအားလုံး ေသကြဲကြဲရျခင္းမွ ကင္းေဝးၿပီး အနားမွာ အတူရွိတဲ့အခ်ိန္တိုင္း တန္ဖိုးထား ခ်စ္ခင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ရပါတယ္။

credit

Unicode Version

ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သက်နေပေမယ့် ဘဝပျက်ခံမယ့် မိန်းမတော့မဟုတ်ကြောင်း ဓာတ်ပုံများနှင့်တကွ သက်သေပြလိုက်တဲ့ရွှေရည်သိန်းတန်

အဆိုတော် ရွှေရည်သိန်းတန်ဟာ သူမ တန်ဖိုးထားချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ကိုဗစ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားတာကြောင့် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။

ခင်ပွန်းအတွက် တတ်နိုင်သလောက်ကုသိုလ်ကောင်းမှုတွေ လုပ်ပေးရင်းနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

သူမအခုလို ဝမ်းနည်းပြိုလဲနေတာကို မြင်ချင်နေတဲ့ လူတစ်ချို့ရှိနေတာကြောင့် မကြာသေးခင် နာရီပိုင်းလောက်က ရွှေရည်သိန်းတန်ရဲ့ လူမှုကွန်ယက်တွင် ပြတ်သားတဲ့ စာသားတစ်ချို့ကို ရေးသားဝေမျှပေးလာတာ ဖြစ်ပါတယ်။

ဒါကတော့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သက်နေပေမယ့် ဘဝပျက်ခံမယ့် မိန်းမတော့ မဟုတ်ကြောင်း ဓာတ်ပုံများနှင့်တကွ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

သူမရဲ့ခင်ပွန်းကို တစ်သက်လုံး မမေ့ပစ်ဘဲ အမှတ်ရနေမှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ စားဝတ်နေရေး ပြသနာကို ဖြေရှင်းဖို့အတွက်

စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေတာကို မြင်တွေ့ရသည်မှာ ဝမ်းသာစရာကောင်းလှပါတယ်။

အခုချိန်မှာ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက်နေရတဲ့ ကာလဖြစ်တာကြောင့် ပရိသတ်တွေရှေ့မှာ မျက်ရည်မကျချင်တဲ့အတွက်

အင်တာဗျူးတွေ မဖြေနိုင်သေးတာဖြစ်တယ်လို့လည်း ရွှေရည်သိန်းတန်မှ ရှင်းပြထားပါတယ်။

သူမရဲ့ ခင်ပွန်း ကိုနေလတစ်ယောက် မြင့်မြတ်သော ဘဝမှာ အပြည့်စုံဆုံး သာသနာပြုနိုင်သူသာ ဖြစ်ပါစေဆိုပြီးဘုရားဝတ်ပြုတိုင်း ဆုတောင်းမေတ္တာပို့သပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ချစ်ခင် မြတ်နိုးရတဲ့ခင်ပွန်းကို ဆုံးရှုံးထားရတဲ့ ရွှေရည်သိန်းတန်ရဲ့ ခံစားချက်ကို ကောင်းကောင်းကြီး နားလည်တဲ့အတွက် သူမနှင့်ထပ်တူ စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

ချစ်ခင်ရသူများအားလုံး သေကွဲကွဲရခြင်းမှ ကင်းဝေးပြီး အနားမှာ အတူရှိတဲ့အချိန်တိုင်း တန်ဖိုးထား ချစ်ခင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

credit