မကြယ္လြန္ခင္ ရက္ပိုင္းေလာက္က သူခံစားေနရတာေတြကို သူငယ္ခ်င္းထံသို႔ ေရးသားေပးပို႔ခဲ့တဲ့ သူရဲေကာင္းေလး…
ဩဂုတ္လ (၁၀) ရက္ ေန႔လည္ပိုင္းေလာက္တြင္ ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ (၄၄) လမ္းေအာက္ဘေလာက္႐ွိ ေနအိမ္တစ္အိမ္သို႔ အာဏာရ လက္နက္ကိုင္အဖြဲ႕အစည္းမွ ဝင္ေရာက္ဖမ္းဆီးရန္ ျပဳလုပ္ခဲ့တာေၾကာင့္ ထြက္ေျပးေနတဲ့ လူငယ္ေလး (၅) ဦးဟာ ငါးထပ္တိုက္ေပၚကေန ခုန္ခ်သြားတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္သြားခဲ့ပါတယ္။
ဒီျဖစ္စဥ္ေၾကာင့္ လူငယ္ (၅) ဦးစလုံး ေသဆုံးသြားၿပီး တိုက္ေပၚကေန မခုန္ခ်ခဲ့သူႏွစ္ဦးမွာလည္း ဖမ္းဆီးခံလိုက္ရေၾကာင္း ကနဦးသတင္းမ်ားအရ သိ႐ွိရပါတယ္။ တိုက္ေပၚမွ ျပဳတ္က်ေသဆုံးသြားတဲ့ လူငယ္ေလး (၅) ဦးတြင္ အမ်ိဳးသမီးငယ္ တစ္ဦး ပါဝင္ေၾကာင္း သိရပါတယ္။
ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ျပည္သူမ်ားအားလုံးက ဆုံး႐ႈံးသြားရတဲ့ လူငယ္ေလးေတြအတြက္ ေျဖမဆည္ႏိုင္ေအာင္ဝမ္းနည္းေနၾကရတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ေသဆုံးသြားတဲ့ အထဲမွာ ပါဝင္တဲ့ေမာင္ေကာင္းမင္းသန္႔ရဲ႕ သူငယ္ခ်င္းျဖစ္သူမွ သူ မေသဆုံးခင္ ရက္ပိုင္းေလာက္က စိတ္ထဲမွာ ခံစားေနရတာေတြကို ေျပာျပထားတဲ့ မွတ္တမ္းတစ္ခုကို ျပန္လည္ေဝမွ်ေပးလာတာ ျဖစ္ပါတယ္။
ဒါကေတာ့ ” ငါဖမ္းမိခဲ့ၿပီး ေသသြားခဲ့ရင္ ငါ့အတြက္ ပိုတိုက္ပြဲဝင္ေပးပါ မင္းတို႔သူငယ္ခ်င္းႀကီး လိုခ်င္ေနတဲ့ ဒီမိုကေရစီကို ရေအာင္ယူေပးပါ ” ဆိုၿပီးေရးသားထားတဲ့ ေနာက္ဆုံး မွတ္တမ္းကို သူငယ္ခ်င္း ျဖစ္သူမွ ဝမ္းနည္းစြာျဖင့္ ေဝမွ်ေပးထားတာပါ။
ဂ႐ုစိုက္ဖို႔ အတန္တန္မွာေနတဲ့ၾကားက အခုလိုမ်ိဳး လုပ္သြားခဲ့တဲ့ ေကာင္းမင္းသန္႔အတြက္ သူ႕သူငယ္ခ်င္းမွဝမ္းနည္းခံစားေနရတာ ျဖစ္ပါတယ္။ ဒီလူငယ္ေလး (၅)ဦးဟာ လူေသေပမယ့္ နာမည္မေသတဲ့ ၾကယ္ပြင့္ေတြအျဖစ္ ေကာင္းကင္ေပၚမွာ အၿမဲတည္႐ွိေနၾကမွာ အေသခ်ာပါပဲ။
ျမင့္ျမတ္တဲ့ စိတ္ဓာတ္သြင္းၿပီး အႏိုင္ပိုင္းသြားၾကတဲ့ သူရဲေကာင္း ငါးေယာက္စလုံး ေကာင္းရာမြန္ရာဘုံဘဝမွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Original Uploader
Unicode Version
မကွယ်လွန်ခင် ရက်ပိုင်းလောက်က သူခံစားနေရတာတွေကို သူငယ်ချင်းထံသို့ ရေးသားပေးပို့ခဲ့တဲ့ သူရဲကောင်းလေး…
ဩဂုတ်လ (၁၀) ရက် နေ့လည်ပိုင်းလောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် (၄၄) လမ်းအောက်ဘလောက်ရှိ နေအိမ်တစ်အိမ်သို့ အာဏာရ လက်နက်ကိုင်အဖွဲ့အစည်းမှ ဝင်ရောက်ဖမ်းဆီးရန် ပြုလုပ်ခဲ့တာကြောင့် ထွက်ပြေးနေတဲ့ လူငယ်လေး (၅) ဦးဟာ ငါးထပ်တိုက်ပေါ်ကနေ ခုန်ချသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် လူငယ် (၅) ဦးစလုံး သေဆုံးသွားပြီး တိုက်ပေါ်ကနေ မခုန်ချခဲ့သူနှစ်ဦးမှာလည်း ဖမ်းဆီးခံလိုက်ရကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားတဲ့ လူငယ်လေး (၅) ဦးတွင် အမျိုးသမီးငယ် တစ်ဦး ပါဝင်ကြောင်း သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူများအားလုံးက ဆုံးရှုံးသွားရတဲ့ လူငယ်လေးတွေအတွက် ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေကြရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သေဆုံးသွားတဲ့ အထဲမှာ ပါဝင်တဲ့မောင်ကောင်းမင်းသန့်ရဲ့ သူငယ်ချင်းဖြစ်သူမှ သူ မသေဆုံးခင် ရက်ပိုင်းလောက်က စိတ်ထဲမှာ ခံစားနေရတာတွေကို ပြောပြထားတဲ့ မှတ်တမ်းတစ်ခုကို ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။
ဒါကတော့ ” ငါဖမ်းမိခဲ့ပြီး သေသွားခဲ့ရင် ငါ့အတွက် ပိုတိုက်ပွဲဝင်ပေးပါ မင်းတို့သူငယ်ချင်းကြီး လိုချင်နေတဲ့ ဒီမိုကရေစီကို ရအောင်ယူပေးပါ ” ဆိုပြီးရေးသားထားတဲ့ နောက်ဆုံး မှတ်တမ်းကို သူငယ်ချင်း ဖြစ်သူမှ ဝမ်းနည်းစွာဖြင့် ဝေမျှပေးထားတာပါ။
ဂရုစိုက်ဖို့ အတန်တန်မှာနေတဲ့ကြားက အခုလိုမျိုး လုပ်သွားခဲ့တဲ့ ကောင်းမင်းသန့်အတွက် သူ့သူငယ်ချင်းမှဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။ ဒီလူငယ်လေး (၅)ဦးဟာ လူသေပေမယ့် နာမည်မသေတဲ့ ကြယ်ပွင့်တွေအဖြစ် ကောင်းကင်ပေါ်မှာ အမြဲတည်ရှိနေကြမှာ အသေချာပါပဲ။
ြမင့်မြတ်တဲ့ စိတ်ဓာတ်သွင်းပြီး အနိုင်ပိုင်းသွားကြတဲ့ သူရဲကောင်း ငါးယောက်စလုံး ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader