Credit – မူရင်း
Unicode Version ဖြင့်ဖတ်ရန်
သင်ရဲ့ နာမည်မှာ ”M” ပါခဲ့သော်…
ရယ်လိုက်ရင် အသေချစ်ဖို့ကောင်းတာ 9+
(နာမည်မှာ ”M” ပါတဲ့သူတွေရဲ့
အဓိက လျို့ဝှက်လက်နက် တစ်ခုပဲ)
လူတစ်ဖက်သားကို ကူညီတတ်တဲ့စိတ်က မွေးရာပါပဲ ။
(အဲ့ဒီအားနည်းချက်ကိုမှ အသုံးချသွားတဲ့သူတွေက ရှိသေးတယ်)
သဘောထားကြီးပြီး ခွင့်လွှတ်လွယ်တတ်တယ် ။
(ဒေါသထွက်လည်းခဏပဲ ပြီးရင်သူမဟုတ်သလိုနဲ့)
နောက် နာမည်မှာ ”M” ပါနဲ့သူတွေရဲ့အားသာချက်က
ခလေးဆန်လွန်းတဲ့ အပြုအမူလေးတွေကြောင့် ချစ်မိသွားလိမ့်မယ် ။
(နေတတ်သလိုနေနေတာလေးကိုက အသဲယားစရာလေး)
တွေးတွေးပြီး ငိုတတ်တဲ့”Style”က ကြွေလောက်တယ် ။
(ဝမ်းနည်းစရာတစ်ခုဆို ”Version” ပြန်ပြန် မြှင့်လိုက်ရမှ)
အိပ်ချင်မူးတူးနဲ့ ယောင်နေတဲ့ ပုံစံလေးက ချစ်စရာလေးပါ ။
(မယုံရင် အသာလေးခိုးကြည့် ခွိ ရလွန်းလို့ အူပါတက်တာ)
ရုပ်တည်ချက်က တစ်လောကလုံး ရှာကျွေးထားရသလိုနဲ့ပေါ့ ။
(ပေါပြီဟေ့ဆို ဘယ်သူမှလိုက်မမှီစေရဘူး သေသွားမယ်)
အချစ်ရေး ကံမကောင်းတာ များတယ် ။
(အချစ်ကြောင့် သိပ်ပျော်ရွှင်နေရတာက ရှားတယ်
မျက်ရည်နဲ့မျက်ခွက်မှ မဖြစ်ရရင် ဘဝက မပြီးဘူး)
ထိုကြောင့် နာမည်မှာ ”M”ပါခဲ့ရင် share လိုက်အုံးနော် …။
Credit – မူရင်း