Beauty

ေခါင္းအစေျခအဆုံး ပိုပိုၿပီး အလွတိုးေစဖို႔ ညအိပ္ယာမဝင္ခင္ လိုက္နာရမယ့္ နည္းလမ္း(၇)သြယ္

ေခါင္းအစေျခအဆုံး ပိုပိုၿပီး အလွတိုးေစဖို႔ ညအိပ္ယာမဝင္ခင္ လိုက္နာရမယ့္ နည္းလမ္း(၇)သြယ္

ညအိပ္ယာဝင္ေနတဲ့အခ်ိန္မွာ အသားအေရကို ပိုၿပီး အလွတိုးေစတဲ့ ဓါတ္ေတြထုတ္ေပးပါတယ္။ ညအိပ္ယာဝင္ေနတဲ့အခ်ိန္ အလွတိုးၿပီး ေနာက္ေန႔ေတြမွာ ပိုလွေစဖို႔အတြက္ နည္းလမ္း ၇ သြယ္ကိုမွ်ေဝေပးလိုက္ပါတယ္။

၁။ ရွားေစာင္းလက္ပက္နဲ႔ ေပါင္းတင္ပါ။

ရွားေစာင္းလက္ပက္အႏွစ္မွာ ဝက္ၿခံကိုသက္သာေစၿပီး အေရးေၾကာင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ အသားအရကိုလည္း က်န္းမာေစပါတယ္။

ညအိပ္ယာမဝင္ခင္ ရွားေစာင္းလက္ပက္နဲ႔ ေပါင္းတင္ေပးၿပီး ၁၅ မိနစ္ေလာက္ထားကာ ေရေဆးခ်ၿပီးမွ အိပ္ယာဝင္ပါ။ တစ္ပတ္ကို ၂ ႀကိမ္လုပ္ေပးပါ။

၂။ ဗီတာမင္ E အဆီကို မ်က္လုံးေအာက္မွာ လိမ္းေပးပါ။

မ်က္ကြင္းနားက အသားအေရေတြ ေျခာက္ေသြ႕ ညိဳမည္းတာမ်ိဳး မျဖစ္ေစဘဲ အေရးေၾကာင္းျဖစ္ျခင္းကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ဗီတာမင္ E ကို မ်က္လုံးေအာက္မွာ လိမ္းေပးၿပီး အိပ္ယာဝင္ေပးပါ။ ဗီတာမင္ E အဆီကို နည္းနည္းပဲလိမ္းေပးရင္ရပါၿပီေနာ္။ မဟုတ္ရင္ အသားအေရ ေရာင္ရမ္းနီရဲတာမ်ိဳးျဖစ္မွာစိုးလို႔ပါ။ တစ္ပတ္ကို ၁ ႀကိမ္ပဲလုပ္ေပးပါ။

၃။ မ်က္ေတာင္နဲ႔ မ်က္ခုံးေမႊးထူၿပီး ရွည္ေစဖို႔ ၾကက္ဆူဆီသုံးပါ။

ၾကက္ဆူဆီကို မ်က္လုံးထဲ မဝင္ေအာင္ဂ႐ုစိုက္ပါေနာ္။ Mascara ဘူးအလြတ္ထဲကို ၾကက္ဆူဆီထည့္ၿပီး Mascara Brush ကိုသုံးကာ မ်က္ေတာင္နဲ႔ မ်က္လုံးကိုလိမ္းေပးပါ။ ညဖက္ ပြတ္မိမွာ စိုးရင္ ၁၅မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါေနာ္။

၄။ အုန္းဆီကိုႏႈတ္ခမ္းမွာလိမ္းမယ္။

ႏႈတ္ခမ္းသားေျခာက္ေသြ႕တာနဲ႔ ညိဳမည္းတာေတြကိုသက္သာေစဖို႔ အုန္းဆီကို ညအိပ္ယာမဝင္ခင္လိမ္းၿပီး အိပ္ေပးပါ။

၅။ ဆံပင္ကို Moisture လုပ္ေပးပါ။

သင့္ရဲ႕ဆံသားဟာ ဓါတုပစၥည္းေတြ လွ်ပ္စစ္ပစၥည္းေတြေၾကာင့္ အစိုဓါတ္ကင္းမဲ့ေနပါတယ္။ ဒါ့ေၾကာင့္ ဆံေကသာကို စိုေျပေစတဲ့ Moistening Serum ပဲျဖစ္ျဖစ္ ေခါင္းလိမ္းဆီပဲျဖစ္ျဖစ္ အုန္းဆီပဲျဖစ္ျဖစ္ လိမ္းၿပီးအိပ္ေပးပါ။

၆။ လက္ေလးေတြကို ႏူးညံ့သြားေအာင္လုပ္မယ္။

လက္ေလးေတြ ႏူးညံ့သြားေစဖို႔အတြက္ အိပ္ယာမဝင္ခင္မွာ သံပုရာရည္နဲ႔ ေသခ်ာပြတ္တိုက္ၿပီး ေခ်းခြၽတ္ေပးပါ။ လက္သည္းၾကားထဲကိုလည္း လုပ္ေပးပါ။ ၿပီးရင္ Moisturizer လိမ္းေပးၿပီး အိပ္ပါ။ လက္ေကာက္ဝတ္နဲ႔ လက္ေခ်ာင္းၾကားေတြကို ေသခ်ာဂ႐ုစိုက္ပါ။

၇။ ေျခေထာက္ေလးေတြကို ဒီလိုဂ႐ုစိုက္မယ္။

ေျခေထာက္ကြဲတာ ေျခာက္ေသြ႕တာမ်ိဳးမျဖစ္ေစဖို႔အတြက္ သံလြင္ဆီ (သို႔) အုန္းဆီကိုလိမ္းေပးပါ။

အရင္ဆုံး ေျခေထာက္ကို ေခ်းခြၽတ္ေပးပါ။ ၾကမ္းျပင္နဲ႔တိုက္ၿပီးေခ်းခြၽတ္တာပဲျဖစ္ျဖစ္ ေခ်းတြန္းတာပဲျဖစ္ျဖစ္ သံပုရာသီးနဲ႔ သၾကား (သို႔) ဆားေရာၿပီး ပြတ္တိုက္ ေခ်းခြၽတ္တာပဲျဖစ္ျဖစ္လုပ္ေပးပါ။ ၿပီးရင္ ေျခာက္ေအာင္သုတ္ၿပီး သံလြင္ဆီ (သို႔) အုန္းဆီလိမ္းေပးၿပီး အိပ္ပါ။

Unicode Version

ခေါင်းအစခြေအဆုံး ပိုပိုပြီး အလှတိုးစေဖို့ ညအိပ်ယာမဝင်ခင် လိုက်နာရမယ့် နည်းလမ်း(၇)သွယ်

ညအိပ်ယာဝင်နေတဲ့အချိန်မှာ အသားအရေကို ပိုပြီး အလှတိုးစေတဲ့ ဓါတ်တွေထုတ်ပေးပါတယ်။ ညအိပ်ယာဝင်နေတဲ့အချိန် အလှတိုးပြီး နောက်နေ့တွေမှာ ပိုလှစေဖို့အတွက် နည်းလမ်း ၇ သွယ်ကိုမျှဝေပေးလိုက်ပါတယ်။

၁။ ရှားစောင်းလက်ပက်နဲ့ ပေါင်းတင်ပါ။

ရှားစောင်းလက်ပက်အနှစ်မှာ ဝက်ခြံကိုသက်သာစေပြီး အရေးကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အသားအရကိုလည်း ကျန်းမာစေပါတယ်။

ညအိပ်ယာမဝင်ခင် ရှားစောင်းလက်ပက်နဲ့ ပေါင်းတင်ပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချပြီးမှ အိပ်ယာဝင်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

၂။ ဗီတာမင် E အဆီကို မျက်လုံးအောက်မှာ လိမ်းပေးပါ။

မျက်ကွင်းနားက အသားအရေတွေ ခြောက်သွေ့ ညိုမည်းတာမျိုး မဖြစ်စေဘဲ အရေးကြောင်းဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် E ကို မျက်လုံးအောက်မှာ လိမ်းပေးပြီး အိပ်ယာဝင်ပေးပါ။ ဗီတာမင် E အဆီကို နည်းနည်းပဲလိမ်းပေးရင်ရပါပြီနော်။ မဟုတ်ရင် အသားအရေ ရောင်ရမ်းနီရဲတာမျိုးဖြစ်မှာစိုးလို့ပါ။ တစ်ပတ်ကို ၁ ကြိမ်ပဲလုပ်ပေးပါ။

၃။ မျက်တောင်နဲ့ မျက်ခုံးမွှေးထူပြီး ရှည်စေဖို့ ကြက်ဆူဆီသုံးပါ။

ကြက်ဆူဆီကို မျက်လုံးထဲ မဝင်အောင်ဂရုစိုက်ပါနော်။ Mascara ဘူးအလွတ်ထဲကို ကြက်ဆူဆီထည့်ပြီး Mascara Brush ကိုသုံးကာ မျက်တောင်နဲ့ မျက်လုံးကိုလိမ်းပေးပါ။ ညဖက် ပွတ်မိမှာ စိုးရင် ၁၅မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါနော်။

၄။ အုန်းဆီကိုနှုတ်ခမ်းမှာလိမ်းမယ်။

နှုတ်ခမ်းသားခြောက်သွေ့တာနဲ့ ညိုမည်းတာတွေကိုသက်သာစေဖို့ အုန်းဆီကို ညအိပ်ယာမဝင်ခင်လိမ်းပြီး အိပ်ပေးပါ။

၅။ ဆံပင်ကို Moisture လုပ်ပေးပါ။

သင့်ရဲ့ဆံသားဟာ ဓါတုပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတွေကြောင့် အစိုဓါတ်ကင်းမဲ့နေပါတယ်။ ဒါ့ကြောင့် ဆံကေသာကို စိုပြေစေတဲ့ Moistening Serum ပဲဖြစ်ဖြစ် ခေါင်းလိမ်းဆီပဲဖြစ်ဖြစ် အုန်းဆီပဲဖြစ်ဖြစ် လိမ်းပြီးအိပ်ပေးပါ။

၆။ လက်လေးတွေကို နူးညံ့သွားအောင်လုပ်မယ်။

လက်လေးတွေ နူးညံ့သွားစေဖို့အတွက် အိပ်ယာမဝင်ခင်မှာ သံပုရာရည်နဲ့ သေချာပွတ်တိုက်ပြီး ချေးချွတ်ပေးပါ။ လက်သည်းကြားထဲကိုလည်း လုပ်ပေးပါ။ ပြီးရင် Moisturizer လိမ်းပေးပြီး အိပ်ပါ။ လက်ကောက်ဝတ်နဲ့ လက်ချောင်းကြားတွေကို သေချာဂရုစိုက်ပါ။

၇။ ခြေထောက်လေးတွေကို ဒီလိုဂရုစိုက်မယ်။

ခြေထောက်ကွဲတာ ခြောက်သွေ့တာမျိုးမဖြစ်စေဖို့အတွက် သံလွင်ဆီ (သို့) အုန်းဆီကိုလိမ်းပေးပါ။

အရင်ဆုံး ခြေထောက်ကို ချေးချွတ်ပေးပါ။ ကြမ်းပြင်နဲ့တိုက်ပြီးချေးချွတ်တာပဲဖြစ်ဖြစ် ချေးတွန်းတာပဲဖြစ်ဖြစ် သံပုရာသီးနဲ့ သကြား (သို့) ဆားရောပြီး ပွတ်တိုက် ချေးချွတ်တာပဲဖြစ်ဖြစ်လုပ်ပေးပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး သံလွင်ဆီ (သို့) အုန်းဆီလိမ်းပေးပြီး အိပ်ပါ။