မိုးကုတ်၊ သြဂုတ် ၁၂
ခရက်ဒစ်
Unicode Version ဖြင့်ဖတ်ရန်
၅နှစ်အရွယ် ကလေးငယ် အပါအဝင်(၃)ဦးအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိုးကုတ်ကမြေပြိုမှု…
၅နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ဦး
အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိုးကုတ်က မြေပြိုမှု
မိုးကုတ်မြို့တွင် မြေပြိုမှုကြောင့်
ကလေးငယ်တစ်ဦးအပါအဝင် လူ ၃ ဦးသေဆုံး
မိုးကုတ်၊ သြဂုတ် ၁၂
မန္တလေးတိုင်း မိုးကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွင်းပြီးနောက် မြေပြိုမှုဖြစ်ပွါးခဲ့ကာ
ကလေးငယ်တစ်ဦး အပါအဝင် လူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့ အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်တွင် မြေပြိုမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး
အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး အမျိုးသမီးတဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိ မိုးကုတ်မြို့တွင် မိုးရွာသွင်းမှုကြောင့် ရပ်ကွက်တချို့မှ ရေကြီး ရေလျံမှုများဖြစ်ပေါ်နေပြီး
မြေပြိုကျခြင်း သစ်ပင်များပြိုလဲကျခြင်းများကြောင့် လမ်းပိတ်ဆို့မှုများရှိနေကြောင်းသိရသည်။
ခရက်ဒစ်