Knowledge









(၂) ဝက်ခြံနည်းသွားမယ်












Credit

မိတ်ကပ် မကြိုက်ခြင်း၏ အားသာချက်လေးများ…

မိတ်ကပ်ထူထူ၊ ပါးနီ၊ နှုတ်ခမ်းနီ၊ ရှဲဒိုး စတာတွေ မလိမ်းတော့ဘူး ဆိုရင် သင့်အသားအရေ အတွက် ဘယ်လို အကျိုးကျေးဇူးရှိတယ် ဆိုတာကို သိပါသလား?

မိတ်ကပ်လိမ်းတာဟာ အမည်းစက်တွေ ဝက်ခြံတွေကို ဖုံးကွယ်ထားစေလို့ ပိုပြီးယုံကြည်မှု ရှိစေတာကြောင့် လူကြိုက်များကြပါတယ်။

ဒီလို မိတ်ကပ်ထူးထူမလိမ်းဘဲ နေမယ်ဆိုရင်ကော မျက်နှာ အသားအရေအတွက် ဘယ်လို အကျိုးကျေးဇူးရှိတယ် ဆိုတာကို မျှဝေပေးချင်ပါတယ်။

(၁) ချွေးပေါက်ကျဉ်းသွားမယ်

မိတ်ကပ်ထူးထူ လိမ်းတာဟာ မျက်နှာပေါ်မှာ လေထုညစ်ညမ်း မှုတွေဖြစ်စေပြီး အညစ်ကြေးတွေ ဖြစ်စေလို့ ချွေးပေါက်ပိတ် ချွေးပေါက်ကျယ် တာတွေ ဖြစ်စေပါတယ် ။

မိတ်ကပ် မလိမ်းဘူး ဆိုရင်တော့ ချွေးပေါက်ပိတ်မျိုးတွေ လျှော့ချပေးနိုင်ပြီး ချွေးပေါက်ကျဉ်းစေ နိုင်ပါတယ်။

(၂) ဝက်ခြံနည်းသွားမယ်

မိတ်ကပ်များများ သုံးလေ မျက်နှာပေါ်မှာ အဆိပ် အတောက်တွေ ပိုဖြစ်လေမို့ ပုံမှန် သန့်ရှင်းရေး မလုပ်တဲ့သူတွေဆို ပိုပြီး ဝက်ခြံထွက် ပါတယ်။

မိတ်ကပ် မလိမ်းတော့ ရင်တော့ ဝက်ခြံထွက်တာ သက်သာစေပြီး အသားအရေ ဆိုင်ရာ ပြဿနာတွေကို ၃၀% လောက်လျှော့ ကျသွားမှာပါ ။

(၃) မျက်လုံးထဲ ပိုးဝင်တာ နည်းသွားမယ်

Mascara လိမ်းတဲ့အခါမှာ မျက်တောင်ပိုရှည်တယ်လို့ထင်ရပေမယ့် မျက်လုံးထဲမှာ အမှုန်တွေ ဝင်နိုင်လို့ မကြာခဏဆိုသလို မျက်လုံးထိခိုက်တတ်ပါတယ်။

မျက်လုံးနီတာ ရောင်တာမျိုးတွေ ဖြစ်စေပါတယ်။မိတ်ကပ် မလိမ်းတော့ဘူး ဒီလို မျက်တောင် ကော့ဆေးတွေ မသုံးတော့ဘူး ဆိုရင်တော့ ဒီလိုပြဿနာတွေကို လျှော့ပါးသွားစေမှာပါ။

(၄) ခြောက်သွေ့တဲ့ အသားအရေကို goodbyeလို့ နှုတ်ဆက်နိုင်ပြီ

မိတ်ကပ် မလိမ်းတော့တဲ့အခါ အသားအရေ ခြောက်သွေ့တာမျိုး ဖြစ်ပေါ်တာမရှိတော့ပါဘူး။ မိတ်ကပ်လိမ်းတဲ့အခါ သေချာသန့်ရှင်းရေး မလုပ်ရင် ဆဲလ်သေတွေဖြစ်စေပြီး ဆဲလ်သေတွေက အသားအရေ ခြောက်သွေ့စေပါတယ်။

(၅) အသားအရေ ဓါတ်မတည့်တာမျိုး နည်းသွားမယ်

မိတ်ကပ်နဲ့ နေ့တိုင်း ထိတွေ့နေတာ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေနဲ့နေ့တိုင်းလိုလို ထိတွေ့တာဟာ အသားအရေဓါတ် မတည့်တာမျိုး မကြာခဏ ဆိုသလို ဖြစ်စေတတ်ပါတယ်။ မိတ်ကပ် မလိမ်းတော့ဘူး ဆိုရင်တော့ ဒီပြဿနာတွေ လျှော့ပါး သွားမှာပါ ။

(၆) သင့်ကို ပိုပြီး ကျန်းမာစေတယ်

သင့်ရဲ့ အသားအရေ အရောင်ကိုလည်း ပိုမိုကြည် လင်စေပြီး မျက်နှာက လည်းပိုပြီး လန်းဆန်းလို့ ကြည့်ကောင်းစေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ကို ဘာလို့ စွဲစွဲမြဲမြဲ လိမ်းနေတော့ မှာလဲ ။

Credit