Unicode Version
လှိုင်သာယာ မီးခွက်ဈေးနားတွင် ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်…
လှိုင်သာယာ မီးခွက်ဈေးနားတွင်
ဘိုးတော်တစ်ယောက် ဗေဒင်ဟောနေတာကို
ဘေးကလူငယ်အုပ်စု ၄/၅ယောက်က
လှောင်သလိုလို ပြောင်သလိုလိုနဲ့ မျက်နှာပြောင်နေကြ လေသည်။
ကြာလာတော့ ဘိုးတော်လဲ ဒေါသတွေ ထွက်လာပြီး …
`ဟေ့ကောင်တွေ မင်းတို့ငါကိုဘာထင်နေလဲ?
ငါကျိန်စာတိုက် အင်းခွက်ရေးလိုက်ရင် မင်းတို့ဘဝတွေ ဘာဖြစ်သွားမယ်ထင်လဲ ?´
အဲ့ဒါကို လူငယ်အုပ်စုက မကြောက်တဲ့အပြင်
ခွက်ထိုးခွက်လန် ဟားတိုက်ရယ်မောပြီး
လှောင်ပြောင်နေကြသေးသည် …။
ဒါပေမယ်…ချက်ချင်းဆိုသလိုပဲ သူတို့မျက်လုံးတွေ
ဘာမှမမြင်ရတော့ပဲ တစ်လောကလုံးမှောင်မဲ သွားလေတော့သည် …။
အဲ့သည့်တော့မှသူတို့လဲ အသိတရားဝင်လာကြပြီး
`အဖိုးရယ်သားတို့ မှားသွားပါတယ် ။
သားတို့ကိုခွင် လွှတ်ပေးပါ´´ လို့အော်ကြဒါပေါ့
အဲချိန်မှာ ဘိုးတော်ပြန်ပြော လိုက်တဲ့စကားက
`မသာတွေငါဘာမှ မလုပ်ရသေးဘူး ….။
မင်းတို့ပထွေးEPC က မီးဖြတ်လိုက်တာကွ၊
ငါလဲဘာမှမမြင်ရတော့ဘူး ….။´´
အားလုံးရီမော ပျော်ရွှင်နိုင်ပါစေဗျာ…။
အားလုံး စိတ်သောကရောက်နေချိန်မှာ
ခဏတာလောက် ရီမောပျော်ရွှင်စေချင်လို့ တင်လိုက်ခြင်းဖြစ်ပါတယ်။
မဆဲရဖူးနော်။ ဟာသလေးကို နှစ်သက်တယ်ဆိုရင် ပြန်လည်ပီး မျှဝေလိုက်ပါ…
မူရင်းရေးသားသူအား လေးစားစွာဖြင့်…