Lifestyle

အရင္က သမီးကို ေမေမခြံေကၽြးတယ္၊ အေမမရွိေတာ့ သမီးကိုေဖေဖခြံေကၽြးတယ္…

အရင္က သမီးကို ေမေမခြံေကၽြးတယ္၊ အေမမရွိေတာ့ သမီးကိုေဖေဖခြံေကၽြးတယ္…

အရင္က သမီးကို ေမေမခြံေကြၽးတယ္။

အေမမရွိေတာ့ – သမီးကို ေဖေဖခြံေကြၽးတယ္။

အေမေရာလို႔ အေဖ့ကိုေမးေတာ့ – အေဖ့မ်က္ဝန္းမွာ မ်က္ရည္ေတြ အိုင္ထြန္းကာ၊

သမီးကို ဖက္ထားၿပီး- ရႈိက္ႀကီးတငင္နဲ႔ အေဖ ငိုေႂကြးခဲ့ေနတယ္။

အေဖရယ္- အေဖမေျပာလည္း သမီး သိပါတယ္။

အေမ ဟိုးတိုက္အျမင့္ႀကီးေပၚက ခုန္ခ်လို႔ ေသၿပီဆိုတာ။

အေမနဲ႔သမီး လူ႔ျပည္မွာ ဆုံေတြ႕ခြင့္ရတာ သိပ့္မၾကာလိုက္ဘူး။

အေမဟာ- မင္းေအာင္လႈိင္ မအလ လို ႔ေျပာေနၾကတဲ့သူေၾကာင့္ ေသသြားတယ္ဆိုတာလည္း သမီးသိတယ္။

ေနာက္ဆို အေဖမ်က္ရည္က်မယ့္ေမးခြန္းမ်ိဳး – ေနာက္တခါ သမီး မေမးေတာ့ဘူးေနာ္။

အေမ ေကာင္းရာသုဂတိဘုံမွ ာစံျမန္းႏိူင္ပါေစလို႔ သမီးဆုေတာင္းေပးလိုက္ပါ့မယ္။ ခ်စ္သမီးေလး….

(ကိုဗလိုင္) သမီးေလးကိုယ္စား အမွတ္တရ ေရးဖြဲ႕ေပးလိုက္ပါတယ္။ 😢😢

credit

unicode version

အရင်က သမီးကို မေမေခွံကျွေးတယ်၊ အမေမရှိတော့ သမီးကိုဖေဖေခွံကျွေးတယ်…

အရင်က သမီးကို မေမေခွံကျွေးတယ်။

အမေမရှိတော့ – သမီးကို ဖေဖေခွံကျွေးတယ်။

အမေရောလို့ အဖေ့ကိုမေးတော့ – အဖေ့မျက်ဝန်းမှာ မျက်ရည်တွေ အိုင်ထွန်းကာ၊

သမီးကို ဖက်ထားပြီး- ရှိုက်ကြီးတငင်နဲ့ အဖေ ငိုကြွေးခဲ့နေတယ်။

အဖေရယ်- အဖေမပြောလည်း သမီး သိပါတယ်။

အမေ ဟိုးတိုက်အမြင့်ကြီးပေါ်က ခုန်ချလို့ သေပြီဆိုတာ။

အမေနဲ့သမီး လူ့ပြည်မှာ ဆုံတွေ့ခွင့်ရတာ သိပ့်မကြာလိုက်ဘူး။

အမေဟာ- မင်းအောင်လှိုင် မအလ လို့ပြောနေကြတဲ့သူကြောင့် သေသွားတယ်ဆိုတာလည်း သမီးသိတယ်။

နောက်ဆို အဖေမျက်ရည်ကျမယ့်မေးခွန်းမျိုး – နောက်တခါ သမီး မမေးတော့ဘူးနော်။

အမေ ကောင်းရာသုဂတိဘုံမှာစံမြန်းနိူင်ပါစေလို့ သမီးဆုတောင်းပေးလိုက်ပါ့မယ်။ ချစ်သမီးလေး….

(ကိုဗလိုင်) သမီးလေးကိုယ်စား အမှတ်တရ ရေးဖွဲ့ပေးလိုက်ပါတယ်။ 😢😢

credit