Healthy

နယ္ကလူေတြ ကိုဗစ္ေၾကာင့္ အသက္ဆံုးရံႈးရမႈ နည္းပါးရတဲ့အေၾကာင္းအရင္း…

နယ္ကလူေတြ ကိုဗစ္ေၾကာင့္ အသက္ဆံုးရံႈးရမႈ နည္းပါးရတဲ့အေၾကာင္းအရင္း…

နယ္ကလူေတြ ကိုဗစ္မျဖစ္ဘူးလားဆို ျဖစ္တာေပါ့ စစ္မွမစစ္ၾကတာ ရြာလုံးကၽြတ္ဖ်ားနာၾကတယ္။ ေမးေတာ့ တုတ္ေကြးတဲ့ (မစစ္ေတာ့မသိသလို စစ္ေပးလည္းမခံၾကပါဘူး)လကၡဏာေတြနဲ႔ခံစားရတာေတြအကုန္ ကိုဗစ္လကၡဏာေတြပါ

၂ပတ္ ၃ပတ္အထိ ဖ်ားနာၾက သက္သာေတာ့ ေမာပန္းေနၾက ဒါေပမဲ့ အေသအေပ်ာက္မရွိသေလာက္ပါပဲ တစ္ခုစဥ္းစားမိတာက သူတို႔ေတြဟာသူမ်ားေတြ ေစ်းႀကီးေပးဝယ္ေသာက္ၾကရတဲ့ Vitamin D3 ေတြကို သဘာဝကေပးတဲ့ေနေရာင္ျခည္က ရၾကတယ္

မနက္အာ႐ုဏ္မတက္ခင္ကတည္းက စိုက္ပ်ိဳးတဲ့ ဆီသြားၾကတာ မနက္ခင္းစထြက္စေ နေရာင္ကတည္းက D3 ဓါတ္ရၾကၿပီ စိမ္းစိုေနတဲ့ တေမၽွာ္တေခၚ စိုက္ခင္းေတြဆီကေန တိုးေဝွ႕လာတဲ့ ေလကေန သန္႔ရွင္းလတ္ဆတ္တဲ့ ေအာက္စီဂ်င္ေတြရၿပီ ေျမႀကီးဓာတ္ရၿပီ

မနက္ခင္းႏွင္းေတြစိုေနတဲ့ျမက္ခင္းကိုျဖတ္သြားရင္း ေျခေထာက္တစ္ပိုင္းလုံး စိုရႊဲေနလိုက္ၾကတာရန္ကုန္က ပန္းၿခံမွာ ႏွင္းလာခတ္သူေတြလိုေတာင္ အထူးတလည္ ခတ္စရာမလို အသားဟင္းေန႔တိုင္းမစားရေပမဲ့ ပဲလည္းအမ်ားဆုံးထြက္တဲ့ေနရာမို႔ ပဲကေတာ့ တစ္ပတ္မွာ တစ္ပတ္ 😁😁

အိမ္မွာေတာင္ တစ္ခ်ိဳ႕ရက္ေတြဆို ေငြတစ္က်ပ္မွမထြက္ပဲ ထမင္း၃နပ္ အိုေကတဲ့ရက္ေတြမနည္း

အပင္ကေရွာက္သီးနဲ႔င႐ုတ္သီးစိမ္းက ေရွာက္သီးသုတ္တစ္ခြက္ရသလို ႐ုံးပတီခင္းနဲ႔ လယ္ထဲက ကန္စြန္းကလည္း ဟင္းတစ္ခြက္ရတယ္ ပဲေရဖြေၾကာ္ေလးနဲ႔ ငါးပိရည္က်ိဳေလးရယ္ အိမ္ေနာက္ေဖး ေၾကာင္လၽွာပင္က ေႂကြက်တဲ့ေၾကာင္လၽွာပြင့္ေလးကလည္း ေငြမကုန္တို႔စရာ အရြက္ေလးေပါ့

ကဲ အသားမစားရလည္း ဘီတာမင္အစုံရၾကတယ္ အသီးလား ပန္းသီး လိေမၼာ္သီး စပ်စ္သီးေတာ့မရွိဘူးေပါ့ ကိုယ့္ၿခံထြက္တဲ့ မာလကာသီး ေရွာက္ခ်ိဳသီးေတြစားၾကတယ္ ေခၽြးလားထြက္လိုက္တာမွ ေနပူရက္ဆို ဟိုက္ဟိုက္ထ ကိုယ္ခံအားလား တကယ္ျပည့္ေနၾကတာ

ဒါေၾကာင့္သာ ဘာမွန္းညာမွန္းမသိၾကပဲ ေက်ာ္ျဖတ္သြားၾကတာ မၾကာခန ေျပာမိပါတယ္ ကိုဗစ္နဲ႔ရင္ဆိုင္ရာမွာ အဓိကဟာကိုယ္ခံအားပါ။ ပဋိဇီဝေဆးေတြနဲ႔ကုလို႔မေပ်ာက္သလို ျဖစ္မွ ငွက္သိုက္ေတြ ၾကက္ေပါင္းေတြ ထေသာက္ရတာထက္ အေစာကတည္းက ဘီတာမင္အစုံ ဝင္ေနဖို႔လိုပါတယ္

ကိုယ္လည္း ေျပာမယုံ ၾကဳံမွသိပါ ကိုယ္ခံအားစနစ္ ျမႇင့္တင္ၾကပါ။ မ်ိဳးခြဲလာလာ မ်ိဳးစိတ္လာလာ ကိုယ္ခံအားနဲ႔ရင္ဆိုင္ရမွာပါ

၇ ရက္သားသမီးအေပါင္းကပ္သုံးပါးေက်ာ္လႊားနိုင္ၾကပါေစ …။

Courtesy – Aye Myat Mon

Unicode Version

နယ်ကလူတွေ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရမှု နည်းပါးရတဲ့အကြောင်းအရင်း…

နယ်ကလူတွေ ကိုဗစ်မဖြစ်ဘူးလားဆို ဖြစ်တာပေါ့ စစ်မှမစစ်ကြတာ ရွာလုံးကျွတ်ဖျားနာကြတယ်။ မေးတော့ တုတ်ကွေးတဲ့ (မစစ်တော့မသိသလို စစ်ပေးလည်းမခံကြပါဘူး)လက္ခဏာတွေနဲ့ခံစားရတာတွေအကုန် ကိုဗစ်လက္ခဏာတွေပါ

၂ပတ် ၃ပတ်အထိ ဖျားနာကြ သက်သာတော့ မောပန်းနေကြ ဒါပေမဲ့ အသေအပျောက်မရှိသလောက်ပါပဲ တစ်ခုစဉ်းစားမိတာက သူတို့တွေဟာသူများတွေ ဈေးကြီးပေးဝယ်သောက်ကြရတဲ့ Vitamin D3 တွေကို သဘာဝကပေးတဲ့နေရောင်ခြည်က ရကြတယ်

မနက်အာရုဏ်မတက်ခင်ကတည်းက စိုက်ပျိုးတဲ့ ဆီသွားကြတာ မနက်ခင်းစထွက်စနေရောင်ကတည်းက D3 ဓါတ်ရကြပြီ စိမ်းစိုနေတဲ့ တမျှော်တခေါ် စိုက်ခင်းတွေဆီကနေ တိုးဝှေ့လာတဲ့ လေကနေ သန့်ရှင်းလတ်ဆတ်တဲ့ အောက်စီဂျင်တွေရပြီ မြေကြီးဓာတ်ရပြီ

မနက်ခင်းနှင်းတွေစိုနေတဲ့မြက်ခင်းကိုဖြတ်သွားရင်း ခြေထောက်တစ်ပိုင်းလုံး စိုရွှဲနေလိုက်ကြတာရန်ကုန်က ပန်းခြံမှာ နှင်းလာခတ်သူတွေလိုတောင် အထူးတလည် ခတ်စရာမလို အသားဟင်းနေ့တိုင်းမစားရပေမဲ့ ပဲလည်းအများဆုံးထွက်တဲ့နေရာမို့ ပဲကတော့ တစ်ပတ်မှာ တစ်ပတ် 😁😁

အိမ်မှာတောင် တစ်ချို့ရက်တွေဆို ငွေတစ်ကျပ်မှမထွက်ပဲ ထမင်း၃နပ် အိုကေတဲ့ရက်တွေမနည်း

အပင်ကရှောက်သီးနဲ့ငရုတ်သီးစိမ်းက ရှောက်သီးသုတ်တစ်ခွက်ရသလို ရုံးပတီခင်းနဲ့ လယ်ထဲက ကန်စွန်းကလည်း ဟင်းတစ်ခွက်ရတယ် ပဲရေဖွကြော်လေးနဲ့ ငါးပိရည်ကျိုလေးရယ် အိမ်နောက်ဖေး ကြောင်လျှာပင်က ကြွေကျတဲ့ကြောင်လျှာပွင့်လေးကလည်း ငွေမကုန်တို့စရာ အရွက်လေးပေါ့

ကဲ အသားမစားရလည်း ဘီတာမင်အစုံရကြတယ် အသီးလား ပန်းသီး လိမ္မော်သီး စပျစ်သီးတော့မရှိဘူးပေါ့ ကိုယ့်ခြံထွက်တဲ့ မာလကာသီး ရှောက်ချိုသီးတွေစားကြတယ် ချွေးလားထွက်လိုက်တာမှ နေပူရက်ဆို ဟိုက်ဟိုက်ထ ကိုယ်ခံအားလား တကယ်ပြည့်နေကြတာ

ဒါကြောင့်သာ ဘာမှန်းညာမှန်းမသိကြပဲ ကျော်ဖြတ်သွားကြတာ မကြာခန ပြောမိပါတယ် ကိုဗစ်နဲ့ရင်ဆိုင်ရာမှာ အဓိကဟာကိုယ်ခံအားပါ။ ပဋိဇီဝဆေးတွေနဲ့ကုလို့မပျောက်သလို ဖြစ်မှ ငှက်သိုက်တွေ ကြက်ပေါင်းတွေ ထသောက်ရတာထက် အစောကတည်းက ဘီတာမင်အစုံ ဝင်နေဖို့လိုပါတယ်

ကိုယ်လည်း ပြောမယုံ ကြုံမှသိပါ ကိုယ်ခံအားစနစ် မြှင့်တင်ကြပါ။ မျိုးခွဲလာလာ မျိုးစိတ်လာလာ ကိုယ်ခံအားနဲ့ရင်ဆိုင်ရမှာပါ

၇ ရက်သားသမီးအပေါင်းကပ်သုံးပါးကျော်လွှားနိုင်ကြပါစေ …။

Courtesy – Aye Myat Mon