Cele News
















credit

Unicode Version

အင်းစိန်ထောင်အတွင်းရှိ အူဝဲ၏ လက်ရှိကျန်းမာရေးအခြေအနေ…

ဒီနေ့ အင်းစိန်ထောင်မှာ မင်းသမီးတစ်ယောက်သေဆုံးသည်ဆိုသောသတင်းထွက်ပေါ် လာခဲ့ပါတယ်

သတင်းတင်သူသည် ပြည်သူများစိုးရိမ်သောကရောက်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်အောင် အကြံအစည်ဖြင့် သတင်းအတု/သတင်းအမှားတင်ခြင်းသာဖြစ်ဟု ထောင်ဝန်ထမ်းတစ်ဦး ရှုံ့ချပြောဆို

အင်းစိန်ထောင်သို့ရောက်ရှိနေသည့် တစ်ဦးတည်းသောအနုပညာရှင် သူမ၏ ကျန်းမာရေးသည် ဒေါင်ဒေါင်မြည်ကောင်းမွန်လျှက်ရှိနေပါတယ်

ပြီးခဲ့သည့် တစ်နာရီခန့်က linn linn maung အကောင့်ပိုင်ရှင်တင်ထားသည့် ပို့စ်ကို zarni linn အကောင့်ပိုင်ရှင်မှ ပြန်လည်မျှဝေထားသည့် *

“ဒီနေ့ အင်းစိန်ထောင်မှာ မင်းသမီးတစ်ယောက်သေဆုံးကြောင်း ကနဦးသိရ ၊

မည်သူဆိုတာသတင်းအတည်ပြုပြီးရင် ပြန်ပြောမယ်” ဆိုသည့် ပို့စ်တစ်ခုအပေါ် အင်းစိန်ထောင်ဝန်ထမ်းတစ်ဦးက ရှုံချပြောဆိုလိုက်ခြင်းဖြစ်သည်။

တော်တော်မလွယ်တဲ့လူတွေပဲ။ ထောင်ထဲမှာ ဗုံးပေါက်ခိုင်းလို ပေါက်ခိုင်း ၊ ခုလဲ လာပြန်ပြီ မင်းသမီးတစ်ယောက် သေတယ်ဆိုပြီး။

ဒီလို ပြည်သူကို ဆူပူလာအောင်လုပ်နိုင်မယ့်သတင်းတင်မှ သူတို့ ပိုက်ဆံရကြတယ်ထင်တယ်။

အနုပညာရှင်ထဲက မင်းသမီးဆိုလို့ အိန္ဒြာကျော်ဇင် တစ်ယောက်ပဲ အင်းစိန်ထောင်မှာရှိတာပါ။

သေတဲ့သူ ဘယ်သူဆိုတာ အတည်ပြုပြီးရင် ပြန်ပြောပေးမယ်ဆိုတော့ ၊ စဉ်းစားသာကြည့်ပေါ့။

တော်တော်ကို သောက်သုံးမကျတဲ့ပို့စ်ကို တင်ထားတယ်ဆိုတာသိသာနေပြီ * လို့လည်း ထို ထောင်ဝန်ထမ်းက ပြင်းပြင်းထန်ထန် ရှုံချသွားသည်။

လက်ရှိအချိန်၌ အင်းစိန်ထောင်တွင် အမျိုးသမီးအနုပညာရှင်လောကမှ အိန္ဒြာကျော်ဇင် တစ်ယောက်တည်းသာရှိနေကြောင်း နှင့်

သူမ၏ ကျန်းမာရေးသည် ဒေါင်ဒေါင်မြည်ကောင်းမွန်လျှက်ရှိကြောင်း ၎င်းက ပြောသွားသည်။

credit