သင္ အိမ္ေထာင္ျပဳသင့္တဲ့ အသက္အ႐ြယ္အေၾကာင္း
အသက္ 15 ႏွစ္
မိဘရဲ႕ ရင္ခြင္ထဲက အပ်ံ သင္ကာစပဲ ႐ွိေသးတယ္ ။ ဘဝအတြက္ လိုအပ္တဲ့ အတတ္ပညာ ၊ အသိပညာ ၊ ဘဝပညာေတြကို စသင္ေနရတဲ့ ပညာ႐ွာခ်ိန္ပါ ။
တခ်ိဳ႕က ကံတရားေၾကာင့္လား ဆင္ျခင္တုံတရား ႏုေသးလို႔လား မသိဘူးေတာ့ အိမ္ေထာင္ က်ေနတတ္ ၾကတယ္ ။
ဗူးသီးႏုႏု မရင့္ခင္ အေမြးသပ္လိုက္သလို ႀကီးထြားလာဖို႔ ဆိုတာထက္ အသီးမပုပ္ေအာင္ အားတင္း ႐ွင္သန္ေန ရတတ္တယ္ ။
မရင့္က်က္ခင္ ေလာကႀကီးအေၾကာင္းကို မသိခင္ မေလ့က်င့္ရ ေသးတဲ့ စစ္သားကို စစ္ေျမျပင္ လႊတ္လိုက္ရသလို ဘယ္က စပစ္ရမွန္း မသိတဲ့ အခ်ိန္ကာလ တခုပါ ။
အသက္ ၁၅ ႏွစ္ ဆိုတာ အိမ္ေထာင္ျပဳဖို႔ အဆင္သင့္ မျဖစ္ေသးတဲ့ အ႐ြယ္တခုလို႔ ေျပာလို႔ရတယ္။
အသက္ 18 ႏွစ္ မွ 20 ႏွစ္ထိ
အ႐ြယ္ေရာက္ၿပီလို႔ ေျပာလို႔ေတာ့ ရပီ ။ သက္တမ္းက အ႐ြယ္ေရာက္လာတာ မွန္ေပမယ့္ လူေတာ္ေတာ္ မ်ားမ်ားရဲ႕ အသိကေတာ့ အ႐ြယ္ မေရာက္ေသး ပါဘူး ။
ဘာလို႔လဲ ဆိုေတာ့ ေက်ာင္းပညာ မၿပီးဆုံးေသးတဲ့ အခ်ိန္ကာလ တခုျဖစ္သလို ပိုက္ဆံကို ကိုယ္တိုင္ လူတိုင္း မ႐ွာၾကေသး ပါဘူး ။
မိဘအရိပ္ ေအာက္ေနပီး တခ်ိဳ႕ဆို ကေလး လုပ္ေနၾကတုန္း အ႐ြယ္ပါ။
အသက္ 21 ႏွစ္မွ 25 ႏွစ္ထိ
တခ်ိဳ႕ဆို ေက်ာင္းပညာေတြ ၿပီးဆုံးၿပီး လုပ္ငန္းခြင္ထဲ ေရာက္ေနခ်ိန္ပါ ။
ဘဝအေတြ႕အၾကဳံ ၊ ႏွလုံသား အေတြ႕အၾကဳံ ရသင့္သေလာက္ ရလာၿပီး အမွားအမွန္ကို ခြဲျခားလာ ႏိုင္ခ်ိန္ပါ ။
ရင့္က်က္လာျခင္းရဲ႕ ပထမအ႐ြယ္ လို႔ ဆိုလို႔ရၿပီး မိဘေက်းဇူး ၊ မိဘတန္ဖိုး ၊ေငြေၾကးတန္ဖိုး ၊ အလုပ္တန္ဖိုး ၊ အခ်ိန္တန္ဖိုး တို႔ကို နားလည္ လက္ခံလာကာ မိဘေက်းဇူး ဆပ္ေနခ်ိန္ လို႔ ေျပာလို႔ရတယ္။
အိမ္ေထာင္ျပဳမယ္ ဆိုရင္လည္း အရမ္းႀကီး မပင္ပန္းေတာ့ဘဲ ဘဝအတြက္ plan ခ်တတ္လာပီး
ကိုယ့္ဘဝကို ကိုယ္ကိုယ္တိုင္ ထုဆစ္လာႏိုင္တဲ့ အေတာင္အလက္ စုံခ်ိန္လို႔ ေျပာလို႔ ရပါတယ္ ။
မ်ိဳးဆက္သစ္ေတြ ေမြးထုတ္ေပးမယ့္ ပုခက္လႊဲေသာ လက္ပိုင္႐ွင္ေတြ အတြက္ အေကာင္းဆုံးအ႐ြယ္ ျဖစ္ေသာ္လည္း အိမ္ေထာင္ဦးစီး
တခ်ိဳ႕ကေတာ့ မိသားစု အတြက္ အဆင္သင့္ မျဖစ္ေသးတဲ့အခ်ိန္ ျဖစ္ေနတတ္တယ္ ။ ေယာက်္ားသားမ်ားအတြက္ ၾကားကာလတခုလို႔ ေျပာလို႔ရပါတယ္ ။
အသက္ 26 ႏွစ္ မွ 30 ႏွစ္ အ႐ြယ္ထိ
ဘဝသစ္တစ္ခု တည္ေဆာက္ဖို႔ ခိုင္မာေသာ ယုံၾကည္ခ်က္မ်ားႏွင့္ သက္လုံေကာင္းသည့္ ရင့္က်က္တဲ့ အ႐ြယ္ပါ။
အေကာင္းအဆိုးကို ခြဲျခားလာႏိုင္သလို ေပ်ာ္႐ႊင္ျခင္း ၊ စိတ္ညစ္ျခင္း စတဲ့ စိန္ေခၚမႈေတြကို ပညာသားပါပါ ျဖတ္ေက်ာ္ႏိုင္ခ်ိန္ပါ။
ပညာရပ္ တစ္ခုခုကို ေအာင္ျမင္ ကြၽမ္းက်င္စြာ တတ္ကြၽမ္းေနပီး လုပ္ငန္းခြင္မွာ အသားက်ေနတဲ့ အခ်ိန္ ကာလပါ ။
အိမ္ေထာင္ေရးအတြက္ လိုအပ္တဲ့ စိတ္တည္ၿငိမ္မႈ ၊ ရင့္က်က္မႈ ၊ နားလည္မႈ ၊ ယုံၾကည္မႈ ၊ စိန္ေခၚမႈ ေတြကို ျဖတ္ေက်ာ္ႏိုင္မႈေတြ ျမင့္မားေနခ်ိန္ပါ ။
ေယာက်္ားေလးမ်ားႏွင့္ မိန္းခေလးမ်ား အကုန္လုံး ဘဝသစ္တခု တည္ေဆာက္ဖို႔ အေကာင္းဆုံး အခ်ိန္ဟု အၾကံေပး ပါရေစ ။
အသက္ 31 ႏွစ္မွ 40 ႏွစ္ထိ
အိမ္ေထာင္ျပဳဖို႔ ေကာင္းေသာ္လည္း သားသမီး ယူမယ္ဆိုရင္ မိဘႏွင့္ သားသမီး အသက္ အရမ္း ကြာျခားသြားတတ္ ေသာေၾကာင့္
သားသမီးေတြ ဘဝကို ျပဳစုပ်ိဳးေထာင္ရာမွာ ပင္ပန္းတတ္ ပါတယ္ ။
ဥပမာ – မိဘက အသက္ ၃၀ ေက်ာ္မွ အိမ္ေထာင္ျပဳပီး ကေလးယူရင္ သားသမီး အသက္ ၂၀ မွာ မိဘေတြက အသက္ ၅၀ ႏွစ္ ေက်ာ္ေနပါပီ ။
သားသမီးေတြ အတက္ ႏွင့္ မိဘေတြ အ႐ြယ္က် ျဖစ္ေနတတ္ ပါတယ္ ။
အိမ္ေထာင္ျပဳတယ္ ဆိုတာက စားဝတ္ေနေရးက ပထမဆိုေပမယ့္ ေပ်ာ္႐ႊင္မႈက ပထမပါ ။
ေပ်ာ္႐ႊင္ရဖို႔ ဆိုတာက အဓိက က်န္းမာသန္စြမ္းၿပီး အေပးအယူ မွ်တဖို႔ အရမ္း အေရးႀကီး ပါတယ္ ။
အိမ္ေထာင္ေရးမွာ ေမတၱာတရားက အေရးပါတယ္ ဆိုေပမယ့္ နားလည္မႈႏွင့္ ယုံၾကည္မႈက ႏွစ္ဖက္စလုံး ညီမွ်ေနဖို႔က ပိုအေရးႀကီး ပါတယ္ ။
ခ်စ္တိုင္း မညားတတ္ဘူး ဆိုတာဟာ ဖူးစာက ပထမ ဆိုရင္ အေပးအယူႏွင့္ အျပန္အလွန္ တန္ဖိုးထားမႈေတြက ဒုတိယပါ ။
ကိုယ္တိုင္ ေ႐ြးခ်ယ္ပီးသား အိမ္ေထာင္ဖက္နဲ႔ မယူခင္ကတည္းက ပြင့္လင္းစြာ ေဆြးေႏြးပီး စိတ္တူ ကိုယ္တူ အသြင္တူစြာ
သာယာေအးခ်မ္းေသာ စံျပ အိမ္ေထာင္ေရးတစ္ခု တည္ေဆာက္ႏိူင္ၾကပါေစ လို႔ ဆုေတာင္းေပး လိုက္ပါတယ္.. ။
Zenith
သင် အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်အကြောင်း
အသက် 15 နှစ်
မိဘရဲ့ ရင်ခွင်ထဲက အပျံ သင်ကာစပဲ ရှိသေးတယ် ။ ဘဝအတွက် လိုအပ်တဲ့ အတတ်ပညာ ၊ အသိပညာ ၊ ဘဝပညာတွေကို စသင်နေရတဲ့ ပညာရှာချိန်ပါ ။
တချို့က ကံတရားကြောင့်လား ဆင်ခြင်တုံတရား နုသေးလို့လား မသိဘူးတော့ အိမ်ထောင် ကျနေတတ် ကြတယ် ။
ဗူးသီးနုနု မရင့်ခင် အမွေးသပ်လိုက်သလို ကြီးထွားလာဖို့ ဆိုတာထက် အသီးမပုပ်အောင် အားတင်း ရှင်သန်နေ ရတတ်တယ် ။
မရင့်ကျက်ခင် လောကကြီးအကြောင်းကို မသိခင် မလေ့ကျင့်ရ သေးတဲ့ စစ်သားကို စစ်မြေပြင် လွှတ်လိုက်ရသလို ဘယ်က စပစ်ရမှန်း မသိတဲ့ အချိန်ကာလ တခုပါ ။
အသက် ၁၅ နှစ် ဆိုတာ အိမ်ထောင်ပြုဖို့ အဆင်သင့် မဖြစ်သေးတဲ့ အရွယ်တခုလို့ ပြောလို့ရတယ်။
အသက် 18 နှစ် မှ 20 နှစ်ထိ
အရွယ်ရောက်ပြီလို့ ပြောလို့တော့ ရပီ ။ သက်တမ်းက အရွယ်ရောက်လာတာ မှန်ပေမယ့် လူတော်တော် များများရဲ့ အသိကတော့ အရွယ် မရောက်သေး ပါဘူး ။
ဘာလို့လဲ ဆိုတော့ ကျောင်းပညာ မပြီးဆုံးသေးတဲ့ အချိန်ကာလ တခုဖြစ်သလို ပိုက်ဆံကို ကိုယ်တိုင် လူတိုင်း မရှာကြသေး ပါဘူး ။
မိဘအရိပ် အောက်နေပီး တချို့ဆို ကလေး လုပ်နေကြတုန်း အရွယ်ပါ။
အသက် 21 နှစ်မှ 25 နှစ်ထိ
တချို့ဆို ကျောင်းပညာတွေ ပြီးဆုံးပြီး လုပ်ငန်းခွင်ထဲ ရောက်နေချိန်ပါ ။
ဘဝအတွေ့အကြုံ ၊ နှလုံသား အတွေ့အကြုံ ရသင့်သလောက် ရလာပြီး အမှားအမှန်ကို ခွဲခြားလာ နိုင်ချိန်ပါ ။
ရင့်ကျက်လာခြင်းရဲ့ ပထမအရွယ် လို့ ဆိုလို့ရပြီး မိဘကျေးဇူး ၊ မိဘတန်ဖိုး ၊ငွေကြေးတန်ဖိုး ၊ အလုပ်တန်ဖိုး ၊ အချိန်တန်ဖိုး တို့ကို နားလည် လက်ခံလာကာ မိဘကျေးဇူး ဆပ်နေချိန် လို့ ပြောလို့ရတယ်။
အိမ်ထောင်ပြုမယ် ဆိုရင်လည်း အရမ်းကြီး မပင်ပန်းတော့ဘဲ ဘဝအတွက် plan ချတတ်လာပီး
ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထုဆစ်လာနိုင်တဲ့ အတောင်အလက် စုံချိန်လို့ ပြောလို့ ရပါတယ် ။
မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ့် ပုခက်လွှဲသော လက်ပိုင်ရှင်တွေ အတွက် အကောင်းဆုံးအရွယ် ဖြစ်သော်လည်း အိမ်ထောင်ဦးစီး
တချို့ကတော့ မိသားစု အတွက် အဆင်သင့် မဖြစ်သေးတဲ့အချိန် ဖြစ်နေတတ်တယ် ။ ယောက်ျားသားများအတွက် ကြားကာလတခုလို့ ပြောလို့ရပါတယ် ။
အသက် 26 နှစ် မှ 30 နှစ် အရွယ်ထိ
ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ခိုင်မာသော ယုံကြည်ချက်များနှင့် သက်လုံကောင်းသည့် ရင့်ကျက်တဲ့ အရွယ်ပါ။
အကောင်းအဆိုးကို ခွဲခြားလာနိုင်သလို ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်း စတဲ့ စိန်ခေါ်မှုတွေကို ပညာသားပါပါ ဖြတ်ကျော်နိုင်ချိန်ပါ။
ပညာရပ် တစ်ခုခုကို အောင်မြင် ကျွမ်းကျင်စွာ တတ်ကျွမ်းနေပီး လုပ်ငန်းခွင်မှာ အသားကျနေတဲ့ အချိန် ကာလပါ ။
အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ စိတ်တည်ငြိမ်မှု ၊ ရင့်ကျက်မှု ၊ နားလည်မှု ၊ ယုံကြည်မှု ၊ စိန်ခေါ်မှု တွေကို ဖြတ်ကျော်နိုင်မှုတွေ မြင့်မားနေချိန်ပါ ။
ယောက်ျားလေးများနှင့် မိန်းခလေးများ အကုန်လုံး ဘဝသစ်တခု တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဟု အကြံပေး ပါရစေ ။
အသက် 31 နှစ်မှ 40 နှစ်ထိ
အိမ်ထောင်ပြုဖို့ ကောင်းသော်လည်း သားသမီး ယူမယ်ဆိုရင် မိဘနှင့် သားသမီး အသက် အရမ်း ကွာခြားသွားတတ် သောကြောင့်
သားသမီးတွေ ဘဝကို ပြုစုပျိုးထောင်ရာမှာ ပင်ပန်းတတ် ပါတယ် ။
ဥပမာ – မိဘက အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုပီး ကလေးယူရင် သားသမီး အသက် ၂၀ မှာ မိဘတွေက အသက် ၅၀ နှစ် ကျော်နေပါပီ ။
သားသမီးတွေ အတက် နှင့် မိဘတွေ အရွယ်ကျ ဖြစ်နေတတ် ပါတယ် ။
အိမ်ထောင်ပြုတယ် ဆိုတာက စားဝတ်နေရေးက ပထမဆိုပေမယ့် ပျော်ရွှင်မှုက ပထမပါ ။
ပျော်ရွှင်ရဖို့ ဆိုတာက အဓိက ကျန်းမာသန်စွမ်းပြီး အပေးအယူ မျှတဖို့ အရမ်း အရေးကြီး ပါတယ် ။
အိမ်ထောင်ရေးမှာ မေတ္တာတရားက အရေးပါတယ် ဆိုပေမယ့် နားလည်မှုနှင့် ယုံကြည်မှုက နှစ်ဖက်စလုံး ညီမျှနေဖို့က ပိုအရေးကြီး ပါတယ် ။
ချစ်တိုင်း မညားတတ်ဘူး ဆိုတာဟာ ဖူးစာက ပထမ ဆိုရင် အပေးအယူနှင့် အပြန်အလှန် တန်ဖိုးထားမှုတွေက ဒုတိယပါ ။
ကိုယ်တိုင် ရွေးချယ်ပီးသား အိမ်ထောင်ဖက်နဲ့ မယူခင်ကတည်းက ပွင့်လင်းစွာ ဆွေးနွေးပီး စိတ်တူ ကိုယ်တူ အသွင်တူစွာ
သာယာအေးချမ်းသော စံပြ အိမ်ထောင်ရေးတစ်ခု တည်ဆောက်နိူင်ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်.. ။
Zenith