Beauty













၎- စတီးပစ္စည်းများကို တိုက်ချွတ်ခြင်း

































Credit

သံပုရာသီး ၏ အံ့အားသင့်ဖွယ် အသုံးဝင်ပုံ (၁၆) မျိုး

၁- ချိုင်းချေးချွတ်ခြင်း

သံပုရာတွင်ပါသော အက်ဆစ်ဓါတ်ငွေ့တွေဟာ သင့်ကို အသားဖြူစေပြီး ဆဲလ်သေများကို ဖယ်ရှားပေးနိုင်သော အကျိုးအာနိသင်ရှိပါတယ်။

နေ့စဉ် ရေမချိုးမီ သင့် ချိုင်း ကို သံပုရာခြမ်းလေးနှင့် ပွတ်ပြီး ရေချိုးပြီးနောက် အစိုဓါတ်ထိန်းပေးသော ခရင်ကို ပြန်လိမ်းပေးပါ။

(၇) ရက်အတွင်း သိသိသာသာ အကျိုးရလာဒ်ရရှိလာပါလိမ့်မယ်။

၂- အင်းဆက် နှိမ်နင်းခြင်း

သင့်အိမ်ရှိ ပုရွက်ဆိတ်များကို ရှင်းလင်းရန်အတွက် သံပုရာရည်ကို ပြတင်းပေါက်ဘောင်နှင့် တံခါးပေါက်နားမှာ ဖြန့်ထားလိုက်ပါ။

သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး လေးညှင်းပွင့်လေးများကို စိုက်ထားပေးခြင်းဖြင့် ခြင်မလာအောင် ကာကွယ်နိုင်ပါတယ်။

၃- ဘယ်ရီသီးမှ အရောင်စွန်းခြင်းကို အရောင်ချွတ်ခြင်း

သင့်အင်္ကျီတွင် စွန်းပေခဲ့သော ဘယ်ရီသီး အရောင်များကို ချွတ်ရန် သံပုရာသီးကို အသုံးပြုနိုင်ပါတယ်။

စွန်းထင်းနေသော အင်္ကျီစကို ရေအေးအေးလေးဖြင့် လျှော်ပြီး သံပုရာရည် ကို မိနစ်အနည်းငယ် စိမ်ထားပြီး အရောင်ချွတ်နိုင်ပါတယ်။

၄- စတီးပစ္စည်းများကို တိုက်ချွတ်ခြင်း

သံပုရာခွံနှင့် မုန့်ဖုတ်ဆိုဒါများက သင်၏ စတီးပစ္စည်းများကို စွန်းထင်းခြင်းမရှိဘဲ တောက်ပြောင်လာစေပါလိမ့်မယ်။

၅- သင့် ကျန်းမာရေးကို အထောက်အကူပြုခြင်း

သံပုရာရည်နှင့် မုန့်ဖုတ်ဆိုဒါ အရောက ကိုလတ်စထော ကိုညှိပေးခြင်း၊ အသည်းကို သန့်စင်ပေးခြင်း၊ ဗီတာမင်စီ ပြည့်ဝစေခြင်း စသည့် ကောင်းကျိုးများ ပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနှင့် သံပုရာ (တစ်ခြမ်း) ရည်ကို ရေ ရော၍ နံနက်တိုင်း သောက်ပေးနိုင်ပါတယ်။

၆-ဖယောင်းတိုင် စိုက်ခွက်အဖြစ် အသုံးပြုခြင်း

သံပုရာသီး၊ သံပုရိုနှင့် လိမ္မော်သီးတို့ဟာ ကိုယ်ပိုင်ထူးခြားသော ဖယောင်းစိုက်တိုင်လေးလုပ်ရန် အသုံးဝင်လှပါတယ်။

သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး အထဲမှာ အစာများကို ဖယ်ထုတ်ပါ။ ပြီးနောက် ဖယောင်းသုတ်ပါ။

တမူထူးခြားသော ဖယောင်းစိုက်ခွက်လေးများကို ပိုင်ဆိုင်နိုင်ပါပြီ။

၇- ရှူးဖိနပ်တွင်းရှိ အနံ့ဆိုးများ

သံပုရာခွံလေးများကို သင့်ရှူးဖိနပ်ထဲတွင် ညလုံးပေါက်ထားပြီး အနံ့ဆိုးများကို ဖယ်ရှားလိုက်ပါ။

၈- အပင်ပေါက်လေးများကို ကြီးထွားမှုနှုန်း မြန်ဆန် လာစေခြင်း

သံပုရာသီးတွေက အပင် ကြီးထွားမှုနှုန်းကို မြန်ဆန်စေပါတယ်။ အရည်ထုတ်ပြီးသား သံပုရာခြမ်းထဲကို မျိုးစေ့ထည့်ပြီး

စိုက်ပျိုးခြင်းဖြင့် အပင်ပေါက်များကို လျှင်မြန်စွာ ကြီးထွားလာလိမ့်မယ်။

၉- ရေခဲသေတ္တာကန့်များကို သန့်ရှင်းခြင်း

ရေခဲသေတ္တာကန့်များကို သန့်ရှင်းရေးလုပ်သည့်အချိန်တွင် သံပုရာရည်သုံးပြီး သန့်ရှင်းပေးပါက အနံ့ဆိုးများကို လျော့ပါးစေလိမ့်မယ်။ အဝတ်စပေါ်တွင် သံပုရာရည် အနည်းငယ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

၁၀- ထမင်းစားပွဲ ပြင်ဆင်ခြင်း

လက်ကိုသာ အသုံးပြု၍ စားရမည့် ထမင်းပွဲများတွင် သံပုရာရည်ကို လက်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။

၁၁-အစာချေစနစ်ကို ကောင်းမွန်စေခြင်း

သံပုရာရည်နွေးနွေးလေးကို ပျားရည်ရော၍ မနက်စာ မစားခင် သောက်သုံးပေးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၁၂- မှဲ့ခြောက်ရန်မှ ကင်းဝေးရန်

သံပုရာသီးကတော့ မှဲ့ခြောက်နှင့် အသက်အရွယ်အရ ဖြစ်ပေါ်လာသော အရေးအကြောင်း အမဲစက်များကို လျော့ပါးစေပါတယ်။

နည်းလမ်းလေးကတော့ သံပုရာခြမ်း ပါးပါးလေးကို မျက်နှာအနှံ့ ဖြည်းညှင်းစွာ ပွတ်တိုက်ပေးရုံပါပဲ။

၁၃- လက်သည်းလှလှလေးတွေ ပိုင်ဆိုင်ရန်

ကျန်းမာသန်စွမ်းပြီး ပန်းနုရောင် လက်သည်းလေးတွေကို ပိုင်ဆိုင်ရဖို့ရန် နည်းလမ်းကတော့

ရေနွေးနွေးထဲကို သံပုရာရည် အစက်လေးတွေ ထည့်ပြီး သင့်လက်သည်းတွေကို စိမ်ပေးရုံပါပဲ။

၁၄-အဝတ်စဖြူတွေကို ဖြူလွှလွှလေးဖြစ်လာစေရန်

အဝတ်စဖြူတွေကို အမြဲဖြူလွှနေစေရန် အဝတ်စတွေကို မလျှော်မီ နာရီဝက်ခန့် သံပုရာရည်နှင့် မုန့်ဖုတ်ဆိုဒါရောပြီး စိမ်ထားပေးရုံပါပဲ။

၁၅- သင့် စဉ့်တီတုံးကို သန့်စင်စေရန်

စဉ့်တီတုံးတွေကို သန့်သန့်ရှင်းရှင်းနှင့် ကြာရှည်အသုံးခံဖို့အတွက်ဆိုလျှင် သံပုရာခြမ်းနှင့် ဆားကို သုံးပြီး တိုက်ချွတ်ပေးသင့်ပါတယ်။
၁၀-၁၅ မိနစ်အထိထားပြီး တစ်ကြိမ်ထက် ပိုလုပ်ပေးရန် လိုပါတယ်။

၁၆- ဘက်စုံ သန့်ရှင်းစေရန် အသုံးပြုခြင်း

ဗူးတစ်ဗူးထဲတွင် သံပုရာသီးခွံပေါ်ကို ၁၅၀ မီလီလီတာရှိသော ဗနီကာလောင်းပြီး တစ်ညသိပ်ထားလိုက်ပါ။

မနက်ရောက်လျှင် ရေ ၁၅၀ မီလီလီတာ ထပ်ထည့်လိုက်ပါ။ ဤစပရေးဗူးကို မည်သည့်အရာမဆို သန့်ရှင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။

Credit