Love

သူသင့်အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာသိနိုင်တဲ့ သက်သေ(၁၀)ချက်…

သူသင့်အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာသိနိုင်တဲ့ သက်သေ(၁၀)ချက်…

ပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုတည်ဆောက်ရာမှာ အရေးကြီးဆုံးက အပြန်အလှန် ယုံကြည်မှုဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။ နားလည်မှုလည်း လိုအပ်ပေမယ့် နားလည်မှုဆိုတာ ယုံကြည်မှုကနေ အခြေခံလာတာမို့ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ဘဲနဲ့ နားလည်ပေးဖို့မဖြစ်နိုင်ပါဘူး။

ဒါဆို ကိုယ့်ချစ်သူကို ယုံကြည်လို့ ရမရ ဘယ်လိုခွဲခြားရမလဲလို့ သိချင်ကြမှာပါပဲ။ သူဟာ ကိုယ့်အပေါ် သစ္စာမဖောက်မယ့်သူ အပြည့်အဝယုံကြည်လို့ရတဲ့ ချစ်သူတစ်ယောက်ဆိုတာ ဒီအချက်တွေက တဆင့်သိနိုင်ပါတယ်။

(၁) အရာရာတိုင်းအတွက် ရိုးသားတယ်

အကြောင်းအရာတစ်ခုခုပြောကြတဲ့အခါ ရိုးရိုးသားသားပြောတယ်၊ဖြေတယ်၊ ဝေ့လည်ကြောင့်ပတ် လုပ်နေတာတွေမရှိဘူး၊ လျှို့ဝှက်ထိန်ချန်ထားတာမရှိဘူး၊ နှစ်ယောက်ကြားမှာပြဿနာဖြစ်ရင်တောင် ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ရိုးသားပွင့်လင်းစွာရှင်းတယ်၊ ပိုပြီးမရှင်းမရှင်းဖြစ်သွားအောင် မလုပ်တတ်ပါဘူး။

(၂) ချစ်ပြဖို့လည်း ဝန်မလေးဘူး

လူတော်တော်များများက ကိုယ်ချစ်ပေမယ့် ကိုယ်ချစ်တာကို ဖော်ပြဖို့၊လူတွေရှေ့မှာချစ်ပြဖို့ဝန်လေးကြပါတယ်။ သူချစ်တာကို ဖော်ပြဖို့ဝန်မလေးတဲ့၊ လူတွေရှေ့မှာလည်း သင့်အပေါ် ဂရုတစိုက်ရှိတဲ့သူမျိုးဆိုရင် သေချာပေါက်ယုံကြည်လို့ရတဲ့သူပါ။

(၃) တခြားနေရာတွေမှာလည်း အပြောင်းအလဲမမြန်ဘူး

သူဟာ ယုံရတဲ့သူ ဟုတ်မဟုတ် ဆန်းစစ်ကြည့်ဖို့ အချစ်ရေးတစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရပါဘူး။ တခြားနေရာတွေမှာ သူ့ရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိလဲဆိုတာကိုလည်း ကြည့်ဖို့လိုပါတယ်။

သူဟာ တခြားပညာရေး၊ အလုပ်အကိုင်နဲ့ တခြားအယူအဆတွေနဲ့ပတ်သက်လို့လည်း အပြောင်းအလဲမမြန်ဘူး၊ ခိုင်မာတဲ့ ခံယူချက်မျိုးရှိတယ်ဆိုရင် သူက ယုံရတဲ့သူတစ်ယောက်ပါ။

(၄) ဒီအချစ်ရေးတည်တံ့ခိုင်မြဲဖို့ ကြိုးစားအားထုတ်မှုရှိတယ်

နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ရှိလာတဲ့အခါ အမြန်ဆုံးအဆင်ပြေဖို့၊ ဒီအချစ်ရေး မပျက်စီးဖို့အတွက် ကြိုးစားအားထုတ်တယ်။ အဆင်ပြေပြေမပြေပြေဂရုမစိုက်ဘူး၊ ပြတ်သွားရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အပြုအမူတွေ မရှိဘူး။ ဒီအချစ်ရေး တည်မြဲဖို့ ဆန္ဒရှိနေတယ်ဆိုရင် သူ့ကို ယုံကြည်ရမှာပါ။

(၅) စစ်မှန်ပြီးပွင့်လင်းတယ်

ချစ်သူတွေဖြစ်သွားတာနဲ့ နှစ်ယောက်လုံးရဲ့အကြောင်းအရာတွေကို အလုံးစုံဖွင့်ဟပြောပြရမယ်လို့မဆိုလိုပါဘူး။ ဒီတိုင်းပဲမပြောဘဲ ထားတဲ့အရာလေးတွေရှိကြပါတယ်။ အဲ့ဒါက ဖွင့်ပြောပြောမပြောပြောဘာမှမဖြစ်တဲ့ အရာမျိုးတွေဖြစ်ပါတယ်။ နှစ်ယောက်လုံးသိဖို့ လိုအပ်တာမျိုးကို ဖုံးကွယ်ထားတာမျိုးမလုပ်ဘူး၊ စစ်မှန်တယ်၊ ပွင့်လင်းတယ်။

(၆) လူရှေ့မှာမို့၊လူကွယ်ရာမှာမို့ တစ်မျိုးပြီးတစ်မျိုးမပြောင်းဘူး

လူရှေ့မှာတော့ ကိုယ့်ကို ချစ်ပြပြီး ကွယ်ရာမှာ စိတ်ဆင်းရဲအောင် လုပ်တာမျိုးတွေမရှိဘူး၊ လူရှေ့ဖြစ်ဖြစ်၊ ကွယ်ရာဖြစ်ဖြစ်အတူတူပဲဆိုရင် သူကလည်း ယုံရတဲ့သူပါ။

(၇) သင့်ကိုချန်လှပ်ထားခဲ့တာမျိုးမရှိဘူး

သူ့ရဲ့အရာရာဟာ သင်နဲ့လည်း သက်ဆိုင်တယ်လို့မြင်တယ်။ တစ်ခုခုဆို သင်နဲ့မဆိုင်တဲ့ကိစ္စမို့ချန်လှပ်ထားခဲ့တယ်ဆိုတာမျိုး မရှိပါဘူး။

(၈) သင့်ရဲ့စိတ်ဆန္ဒနဲ့အတွေးအမြင်တွေနဲ့ပတ်သက်လို့ တလေးတစားရှိတယ်

နေရာတကာ သူမှန်တယ်လို့မထင်ဘဲ သင့်ရဲ့အတွေးအမြင်နဲ့ ပတ်သက်လို့၊ စိတ်ဆန္ဒနဲ့ပတ်သက်လို့လေးစားမှုရှိတယ်။ ဘယ်အရာကိုမှ အရေးမပါဘူး၊ ပြောစရာမလိုဘူးလို့ မတွေးဘူး။

(၉) သင့်ကို အမြဲတမ်းသတိတရရှိတယ်

ဘာလေးပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား ကိုယ့်ကို သတိတရရှိနေတယ်၊ ကိုယ့်ကို လုံးဝမေ့ထားတယ်ဆိုတာမျိုး၊ ဖုန်းဆက်ဖို့ သတိမရဘူးဆိုတာမျိုးမရှိဘူး၊ ဘယ်လောက် ခက်ခဲတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပျော်နေနေ သင့်ကိုမမေ့ဘူး၊ သတိတရရှိတဲ့သူဆိုတာ တကယ်ကို သစ္စာရှိမယ့်သူမျိုးပါ။

(၁၀) သဝန္မေကြာင္ဘူး

ချစ်သူစုံတွဲတွေရဲ့ သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် သဝန်တိုတာမျိုးရှိပေမယ့် နှစ်ယောက်လုံး ထိခိုက်ရလောက်အောင် သဝန်ကြောင်တာမျိုး ၊ တွေ့သမျှ၊မြင်သမျှလူနဲ့ စွပ်စွဲတာမျိုးမလုပ်တတ်ဘူး။ သိက္ခာရှိရှိနေတတ်တယ်။ အဲ့ဒါကလည်း ယုံကြည်လို့ရတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

Credit