ပညာပေး











Credit

လောကမှာ ဘယ်တော့မှကျေးဇူးမတင်တတ်တဲ့ လူတန်းစားဆိုတာ ရှိတယ်…

ကိုယ်က ကိုယ့်မှာရှိတဲ့၅၀၀၀အကုန်ပေးခဲ့တယ်ဒါပေမယ့်သူဌေးတစ်ယောက် ၁သောင်းပေးတာကိုကျေးဇူးတင်မဆုံးဘူးအဲ့လိုလူတန်းစားကိုယ်ပေးခဲ့တဲ့ ၅၀၀၀ဟာနောက်နေ့အတွက်သုံးစရာမရှိတော့တာတောင် ရှိတာအကုန်ပေးခဲ့ပေမယ့်

သူဌေးပေးခဲ့တဲ့ ၁သောင်းဟာမုန်ဖိုးသာသာပဲရှိတာ သူမသိခဲ့ဘူးသိလည်း သိပ်မခံစားတတ်တဲ့လူစားမျိုးကိုယ်ပေးခဲ့တဲ့ အချိန်ဟာမအားမလပ်တဲ့ကြားက အပြေးအလွှားသွားရတာဖြစ်ပြီးသူများတွေပေးတဲ့အချိန်ဟာသူတို့အလုပ်ချိန်တွေ သင်တန်းတွေမိသားစုကိစ္စတွေအားလုံးပြီးမှ ပေးကြတာဖြစ်တယ်

ဒါပေမယ့် ပိုအချိန်ပေးတဲ့သူကိုသာကျေးဇူးတင်ကြတယ်အခက်အခဲတွေကြားက လာရတဲ့သူကိုအသိအမှတ်မပြုကြဘူး။ ဒီလိုပါပဲလူတချို့မှာ တစုံတယောက်ကို ဘာလုပ်လုပ်သိပ်ကျေးဇူးတင် သိပ်ချီးမွမ်းကြပြီး နောက်လူတစ်ယောက်ကိုတော့ ဘာလုပ်လုပ်ကျေးဇူးတင်လေ့မရှိစာရင်းထဲ သိပ်ထည့်လေ့မရှိတဲ့စရိုက်မျိုးတွေရှိတတ်ကြပါတယ်။

ပေးဆပ်ထားတဲ့ပမာဏကိုသာဆုံးဖြတ်ကြပြီး အားစိုက်ရတဲ့ပမာဏကိုတော့သိပ်မမြင်ကြပါဘူး ထည့်တွက်လေ့မရှိပါဘူးကိုယ့်ရှေ့မှာကိုယ့်ကိုနှိမ်ချင်တာနဲ့ ကိုယ့်ထက်ပိုအဆင်ပြေသူတွေ ရာထူးပိုကြီးသူတွေနာမည်ပိုကြီးသူတွေအကြောင်း ရေပက်မဝင်ပြောဆိုကြပြီးသူတို့အဖို့ ကိုယ်မရှိလည်းရတယ်ကိုယ်မပါလည်းဖြစ်တယ်ဆိုတဲ့သဘောတွေကိုပါးနပ်စွာပြကြပါတယ်

ဟုတ်ကဲ့မိတ်ဆွေသင့်တန်ဖိုးဟာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေအဲဒီတန်ဖိုးကို အသိအမှတ်မပြုတဲ့အသိုင်းအဝိုင်းတစ်ခုသင့်မှာရှိနေပြီဆိုရင်တော့ အရင်လိုပေါပေါပဲပဲကူညီနေတာတွေအားအားယားယား အချိန်ပေးနေတာတွေနှစ်နှစ်ကာကာ ခင်မင်နေတာတွေကိုလျှော့လိုက်ပါ။

ဘာလုပ်မလဲ၊ ကိုယ်ရှိနေခြင်းကို တန်ဖိုးမထားကိုယ့်လုပ်အားတွေကို မလေးစားကိုယ့်အချိန်တွေကို အသိအမှတ်မပြုတဲ့သူတွေကို စိတ်ထဲထည့်ပြီး ခင်မင်နေရတာမိတ်ဆွေရင်းလို့သက်မှတ်ပြီးပေါင်းသင်းနေရတာရှိနေတဲ့ ကိုယ့်ရဲ့တန်ဖိုးကိုထပ်မချပါနဲ့ကိုယ်မရှိလည်း အဆင်ပြေတယ်ဆိုတဲ့အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ။ ကိုယ့်ကိုမလိုဘူးဆိုတဲ့ ပတ်ဝန်းကျင်ကိုကျောခိုင်းခဲ့ပါ။

ကိုယ်မရှိမှကိုယ့်တန်ဖိုးသိမယ့် မိတ်ဆွေတွေကိုလက်တွဲဖြုတ်ခဲ့ပါဘဝမှာနေရမယ့်အချိန်အရမ်းနည်းတာမို့သင့်ကိုလိုအပ်တဲ့သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့သင်ရှိနေဖို့လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာသင်ရှိနေသင့်တာပေါ့

အမေကျော်ဒွေးတော်လွမ်းတတ်တဲ့မိတ်ဆွေတွေငါးစိမ်းမြင် ငါးကင်ပစ်တတ်တဲ့သူငယ်ချင်းတွေသူတို့တွေကို မျက်နှာလုပ်ပြီးနေရမယိ့အစားသင့်ကိုတန်ဖိုးထားလေးစားတဲ့အသိုင်းအဝိုင်းမှာပဲ ရှင်သန်သင့်တယ်။ ဒါ့ကြောင့်အခုပဲ သူတို့ကိုထားခဲ့လိုက်ပါ …။

Credit