Astrology
အင်္ဂါတွေဟာတိရစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်…..အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင် သူငယ်ချင်းတွေကို သို့မဟုတ်မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပြီးပြောပြချင်တတ်ကြတယ်။
လူစိမ်း​တွေနဲ့ဆိုမာနကြီးသလိုလို ​နေတတ်​ကြ​ပေမဲ့သူတို့နဲ့ ရင်းနှီးတဲ့သူ​တွေနဲ့ကြ​တော့ က​လေး​လေးတစ်​​ယောက်​လို အမြဲပျော်​ရွှင်​​နေတတ်​ကြတယ်​….ရိုးသားကြတယ်
Credit – sm
ပြုံးလိုက်တဲ့အချိန်တိုင်း ကလေးလေးတစ်ယောက်လို အရမ်းချစ်ဖို့ကောင်းတတ်ကြတာ အင်္ဂါပါ…
အင်္ဂါတွေဟာ အပြင်ပန်းသဏ္ဍန်တည်ငြိမ်အေးဆေးစွာနဲ့နေတတ်ကြပေမဲ့အင်မတန်မှ ဒေါသကြီးတဲ့ နေ့နာမ်တွေဖြစ်ကြတယ်။ မဟုတ်ရင် မခံချင်ကြဘူး။ ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ရေရွတ်နေ တတ်ကြတယ်။ လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ်
ဝတ္တရားပျက်ကွက်မိရင်လည်း အပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ်…..မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ်တွေရှိကြတယ်
တည်ငြိမ်အေးချမ်းတဲ့ပုံစံမျိုးပေမဲ့တခါတလေမိသားစုထဲမှာ ပေါကြောင်ကြောင်နိုင်တတ်ကြတယ် အလုပ်လုပ်တဲ့နေရာမှာသူများအပေါ်ဦးဆောင်လိုတဲ့စိတ်ရှိတယ်။ ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ထင်မြင်တတ်ကြတာအင်္ဂါပါ
အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်။ အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတယ်။ တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ်။ သူများတွေမြှောက်ပေးရင်တော့သိပ်မကြိုက်ဘူး…..အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာအေးအေးဆေးဆေးနေတတ်ကြတာ အင်္ဂါပါ။
တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်းပိုင်ဆိုင်ထားကြတယ် ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်သလောက် ကိုယ့် အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့် မကြည့်တတ်ကြဘူး။
အင်္ဂါတွေဟာတိရစာ္ဆန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်…..အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင် သူငယ်ချင်းတွေကို သို့မဟုတ်မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပြီးပြောပြချင်တတ်ကြတယ်။
ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက်ရည်လွယ်တတ်ကြတာအင်္ဂါပါ။ တော်ရုံနဲ့မမေ့တတ်ကြဘူး။ သို့ပေမဲ့ မေ့ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြတယ်။
သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်။ အားနာတတ်တယ် စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်။
အမှတ်တရတွေကိုတော့ တခုမကျန်မမေ့တတ်တာ အင်္ဂါပါပဲ။ သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ တိုးတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေရတာတွေကိုနှစ်သက်ကြတာ အင်္ဂါပါ
အင်္ဂါသားသမီး​လေး​တွေဟာ အမြင်​မှာ မထူးဆန်းဘူးထင်​ရ​ပေမဲ့ တကယ်​​​တော့ အများနှင့်မတူတဲ့အချက်​​တွေကို ပိုင်​ဆိုင်​ထားသူ​တွေပါ။ သူတို့ဟာ အ​နေ​အေးတယ်​။ အရှက်​အ​ကြောက်​ကြီးတယ်။ စိတ်​ရင်း​ကောင်း​သ​လောက်​ အားနာလည်းကြီးတတ်​ကြတယ်​ …။
လူစ်ိမ်း​တွေနဲ့ဆိုမာနကြီးသလိုလို ​နေတတ်​ကြ​ပေမဲ့သူတို့နဲ့ ရင်းနှီးတဲ့သူ​တွေနဲ့ကြ​တော့ က​လေး​လေးတစ်​​ယောက်​လို အမြဲပျော်​ရွှင်​​နေတတ်​ကြတယ်​….ရိုးသားကြတယ်​
များ​သောအားဖြင့့်စကားနည်းတယ်​။ လူအများကြီး​ရှေ့မှာဆို စကားသိပ်​မ​ပြော​ပေမဲ့ သူတို့ရင်းနှီးတဲ့သူ​တွေနဲ့ဆို ​ဖောင်​ဖွဲ့​အောင်​​ပြော​နေတတ်​တဲ့သူမျိုး ၊ ရိုးရိုး​လေး​နေရတာကို သ​ဘောကျတယ်​…..ဒါပေမဲ့ ​ခေတ်​နဲ့​လျော်​ည်ီ​အောင်​လည်း ဝတ်​တတ်​စားတတ်​​နေတတ်​ထိုင်​တတ်​ကြတယ်​
အချစ်​​ရေးမှာ ကံ​ကောင်းကြတယ်​။ ချစ်​သူခင်​သူလည်း ​ပေါတယ်​။ ချစ်​သူရဲ့ အလိုလိုက်​ခြင်းကိုလည်း ခံရတတ်​တယ်​။ တကယ်​ချစ်​တဲ့သူနဲ့ပဲ လက်​ထပ်​ရလိမ့်မယ်​။ ရည်းစားမများဘူးဆို​ပေမဲ့ နှစ်​​​ယောက်​သုံး​ယောက်​ ထားပြီးမှ အချစ်​စစ်​ကို ​တွေ့လိမ့်မယ်​။ သူတို့ကို ခင်​တဲ့သူ​ပေါကြတယ်​။ အထူးသဖြင့် သူတို့​လေး​တွေရဲ့ ရိုးသားခြင်းကို သဘောကျပြီး မိတ်​​ဆွေ​ပေါတာ ဖြစ်​တယ်​
အနုပညာကို နှစ်​သက်​တယ်​….အရမ်းကြီး​တော့ မရူးသွပ်​ဘူး…ဘယ်​အရာကိုဖြစ်​ဖြစ်​ အရမ်းကြီး အစွဲအလန်းမထားဘူး…​ဒါ့​ကြောင့် သိပ်​ပြီး မခံစားရတတ်​ဘူး…အထူးသဖြင့် သူတို့​လေး​တွေက အလုပ်​လုပ်​ရမှာ ပျင်းတတ်​ကြတယ်​
ဒါ​ပေမဲ့ သူတို့ စိတ်​ရှိတဲ့အချိန်​ဆိုလည်း မငြီးမငြူ လုပ်​တတ်​ကြတယ်​။ အအိပ်​မက်​တယ်​။ အစားမကြီးဘူးဆို​ပေမဲ့ အသင့်အတင့်စားတတ်​တဲ့သူမျိုး၊ သူတို့​လေး​တွေဟာ အရမ်းရိုးသားကြတဲ့အတွက်​ ချစ်​စရာ​ကောင်းကြတယ်​။ မိသားစုမှာ သူတို့​လေး​တွေက အ​ရေးပေးခံရတယ်​…အထူးခြား​ဆုံးက​တော့ သူများ​တွေထက်​ရိုးသားတာကြောင့် လူချစ်​လူခင်​​ပေါကြတယ်​။
မှန်​ရင်​ Share လိုက်​​တော့…
Credit – sm