ပြုလုပ်ပုံ
သခွားသီး ၁ လုံး
ပြုလုပ်ပုံ
သံပုယိုရည် ၂ စက်
Credit
Unicode Version
ဝက်ခြံ၊ အဆီကြိတ်ထွက်သူတွေအတွက် အကောင်းဆုံး သဘာဝပေါင်းတင်နည်း(၂)မျိုး…
ဝက်ခြံတွေ၊ အဆီကြိတ်တွေ ရှိနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ ပျိုမေ တို့အတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။
အဲဒါကတော့ အိမ်မှာနေရင်းနဲ့တင် ဝက်ခြံ၊ အဆီကြိတ် တွေကို ပျောက်ကင်းစေနိုင်မယ့်နည်းလေးတွေ ရှိနေလို့ပါ။ ခုပဲလုပ်ကြည့်လိုက်ပါနော်…..။
(၁) သခွားသီး နဲ့ ဒိန်ချဉ်
သခွားသီးက သင့်မျက်နှာကို ကြည်လင်လာစေပြီး ညစ်နွမ်းနေတာတွေအားလုံးကို သန့်စင်ပေးနိုင်ပါတယ်။
ဒိန်ချဉ်က သင့်မျက်နှာကို အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေး နိုင် ပါတယ်။
ပြုလုပ်ပုံ
သခွားသီး ၁ လုံး
ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပါဝင်ပစ္စည်းတွေကို သေသေချာချာ ရောကြိတ်လိုက်ပါ။
ရလာတဲ့ အနှစ်လေးကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၀ မိနစ် ထားလိုက်ပါ။ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးကြောပေးပါ
(၂) နနွင်းမှုန့်၊ ဒိန်ချဉ်နဲ့ သံပုယိုရည်
ဒိန်ချဉ်က သင့်မျက်နှာကို အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။
နနွင်းမှုန့်က နီရဲရောင်ရမ်းတာတွေကို လျော့ကျစေပြီး ဝက်ခြံကို ကုသပေးနိုင်စွမ်းရှိပါတယ်။
သံပုယိုရည်က သင့်မျက်နှာကို ဖြူဝင်စေပြီး အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
ပြုလုပ်ပုံ
ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
သံပုယိုရည် ၂ စက်
ပါဝင်ပစ္စည်းအားလုံးကို သေသေချာချာ ရောမွှေလိုက် ပါ။
ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ် အကြာမှာ ရေဆေးလိုက်ရုံပါပဲ။
Credit